ဆံပင်စတိုင်လ် အသစ်တစ်ခု ပြောင်းညှပ်တဲ့အခါ ကိုယ့်မျက်နှာကျနဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်လ်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကျမျိုး ပိုင်ဆိုင်နိုင်ပြီး စတိုင်လ်ကျ မိမိုက်နေမှာဖြစ်ပါတယ်။

ဘဲဥပုံမျက်နှာကျ၊ လေးထောင့်စပ်စပ် မျက်နှာကျ၊ အသည်းပုံမျက်နှာကျ စသည်ဖြင့် မျက်နှာကျအမျိုးမျိုးရှိတဲ့အနက် ဒီတစ်ခါမှာတော့ အသည်းပုံမျက်နှာကျပိုင်ရှင်များနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ် (၁၀) မျိုးကို ဝေမျှပေးချင်ပါတယ်။

အသည်းပုံမျက်နှာကျဆိုတာကတော့ နဖူးပြင်နဲ့ ပါးရိုး ကျယ်ပြန့်ပြီး မေးစေ့ ချွန်သူများပဲ ဖြစ်ပါတယ်။ သင့်မှာ အသည်းပုံမျက်နှာကျရှိတယ်ဆိုရင်တော့ ဒီဆံပင်ကေများနဲ့ အင်မတန်လိုက်ဖက်ပါတယ်။

ဆံပင် မတိုမရှည် စတိုင်လ်

hairstyles for men with heart shaped face

ဒီဆံပင်ကေလေးကတော့ သင့်ရဲ့မဟာနဖူးကို ဖုံးအုပ်ပေးထားတာကြောင့် ကိုယ့်ရဲ့နဖူးပြင်ကျယ်ကြောင့် စိတ်ညစ်နေရသူများကတော့ ဒီဆံပင်ကေမျိုး ညှပ်နိုင်ပါတယ်။

ဘေးခွဲစတိုင်လ်

hairstyles for men with heart shaped face

ဒီဆံပင်စတိုင်လ်ကို ပိုမိုပြည့်စုံသွားအောင် ဖြည့်စွက်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းမွှေး ရေးရေးလေး ထားနိုင်ပါတယ်။ ဒါဆိုရင်တော့ မေးရိုးချွန်တာ မသိသာတော့ပါဘူး။

အနောက်သို့ လှန်ဖြီးထားတဲ့ဆံပင်စတိုင်လ်

hairstyles for men with heart shaped face

ရင့်ကျက်တည်ကြည်မှုကို ပြသချင်တဲ့ ကွီးတို့အတွက် ဆံပင်စတိုင်လ်လေးပါ။

အနောက်သို့ လှန်ဖြီးထားပြီး ဘေးနှစ်ဖက် အပြောင်ရှင်းထားတဲ့ ဆံပင်ကေ

hairstyles for men with heart shaped face

သင့်အနေနဲ့ အနောက်သို့ လှန်ဖြီးထားတာကိုမှ အသက်ကြီးရင့်တဲ့ပုံ မပေါက်ချင်ဘူး။ လူငယ်ဆန်ဆန်လေးပဲ ကြိုက်တယ်ဆိုရင်တော့ ဒီလိုညှပ်လိုက်ပါ။

လွတ်လပ်ပေါ့ပါးတဲ့ ဆံပင်စတိုင်လ်

hairstyles for men with heart shaped face

လူငယ်ဆန်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီလိုဆံပင်စတိုင်လ်မျိုး ဖန်တီးယူနိုင်ပါတယ်။

မထူမပါး ဆံပင်စတိုင်လ်

hairstyles for men with heart shaped face

ဒီဆံပင်စတိုင်လ်ကတော့ လူအများ ညှပ်လေ့ရှိတဲ့ ဆံပင်စတိုင်လ် တစ်ခုဖြစ်ပါတယ်။ ထိန်းသိမ်းရလွယ်ကူပြီး အလုပ်ရှုပ်လည်း သက်သာစေပါတယ်။

ဆံပင်အရှည်ကိုမှ အနောက်သို့ လှန်ဖြီးထားတဲ့ ဆံပင်စတိုင်လ်

hairstyles for men with heart shaped face

ဒီဆံပင်စတိုင်လ်ကတော့ နှုတ်ခမ်းမွှေး အတိုနဲ့ပဲဖြစ်ဖြစ် အရှည်နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။

အချွန်အတက်နဲ့ ဆံပင်စတိုင်လ်

hairstyles for men with heart shaped face

ဆံပင်အထောင်ကိုမှ အချွန်အတက်လေးနဲ့ဆိုတော့ သင့်ရဲ့နဖူးပြင်ကို ကျဉ်းသွားစေပြီး ပိုမိုကြည့်ကောင်းစေပါတယ်။

Volume ထူထူနဲ့ ဆံပင်အထောင်

hairstyles for men with heart shaped face

လူငယ်တွေအကြား ရေပန်းစားတဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။ ဒီလိုဆံပင်ပုံသွင်းဖို့ဆိုရင်တော့ ဂျယ်လ်ကောင်းကောင်းတစ်ဗူးတော့ လိုအပ်ပါလိမ့်မယ်။

ဆံပင်အရှည်စတိုင်လ်

hairstyles for men with heart shaped face

ပုခုံးအထိ ဆံပင်အရှည်ကိုမှ ဆွဲဆောင်မှုရှိအောင် ညှပ်ထားတာဖြစ်ပါတယ်။ သင့်အနေနဲ့ ဆံပင်အရှည်ထားဖို့ စိတ်ကူးတယ်ဆိုရင်တော့ ဒီလိုဆံပင်ကေမျိုး ထားနိုင်ပါတယ်။

Source: Lifetailored.com

Featured Image Source : Hairmanz