ကြည့်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကိုယ်နဲ့ လိုက်ဖက်မှန်ကန်တဲ့ ဆံပင်ပုံစံ ရွေးချယ်ဖို့က အရေးကြီးပါတယ်။ တကယ်လို့ သင့်ဆံပင်က သူများလို အုံမထူဘဲ ခပ်ပါးပါးပဲ ဆိုရင် ဆံပင်ပုံစံကောင်းကောင်းတွေ သတ်သတ်မှတ်မှတ် ထားပြီး ညှပ်သင့်ပါတယ်။ ဆံပင်အုံပါးတဲ့ အမျိုးသားတွေ ရွေးချယ်သင့်တဲ့ ဆံပင်ပုံစံတွေထဲမှာ အခုပြောမယ့် Hairstyles ၅ မျိုးလည်း ထည့်စဉ်းစားသင့်ပါတယ်။

(၁) Short Quiff

Photo: hairstylecamp

ဘေးနှစ်ဖက်နဲ့ နောက်ဘက်ကို အပြောင်ပါးပြီး အပေါ်ဘက် ဆံပင်ကို နည်းနည်းအရှည်ထားတဲ့ စတိုင်မျိုး ခေတ်စားနေတာ အတော်လေးကို ကြာလာပါပြီ။ အပေါ်ဆံပင်အုံကို Heavy Texture ဖောက်ထားလို့ ဆံပင်ပုံသွင်းလို့လည်း ပိုကောင်းသွားစေပါတယ်။

(၂) Side Swept

Photo: menshairstylestoday

‌ဘေးအပြောင်ဒီဇိုင်းတွေဟာ ထိန်းသိမ်းစရာသိပ်မလိုတဲ့ ဆံပင်ဒီဇိုင်းထဲမှာ ပါပါတယ်။ ဘာမှ မလိမ်းဘဲတောင် အပြင်ထွက်လို့ ကောင်းတဲ့ ဆံပင်ဒီဇိုင်း ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဆံပင်သ ဖို့ အချိန်မပေးနိုင်ရင် ဒီဆံပင်ပုံစံကို စဉ်းစားသင့်ပါတယ်။

(၃) Short and Tousled

Photo: studybreaks

နောက်ထပ်ဆံပင်အတိုဒီဇိုင်းတစ်မျိုးကတော့ ဘေးဘက် ပါးပြီး အပေါ်နဲ့ နောက်ဘက်တွေမှာ သဘာဝအတိုင်း ဆံပင်တွေကို ခွေခွေလေး ကျစေတဲ့ ဒီဇိုင်းပါ။ နည်းနည်းလေး အရိုင်းဆန်ပြီး အမြင်အာရုံမှာလည်း ဆံပင်တွေပိုရှည်ပြီး ထူတယ်လို့ ထင်စေနိုင်ပါတယ်။

(၄) Tall Quiff with Length

Photo: fashionbeans

ဆံပင်အတိုတွေအကြောင်း ပြောတာ ခဏရပ်ထားပြီး အခုက ဆံပင်ခပ်ရှည်ရှည် ထားတတ်သူတွေအတွက်ပါ။ ဆံပင်အုံထားပြီး ခပ်ရိုင်းရိုင်းလေး ဘေးခွဲထားတာ ဖြစ်ပါတယ်။ အပေါ်မှာ အရှည်ဖြစ်ပြီး ဘေးဘက်တွေမှာ သပ်ရပ်အောင် တိထားတာ မျိုး ဖြစ်ပါတယ်။ နည်းနည်းတော့ ထိန်းသိမ်းပေးဖို့ လိုပါတယ်။

(၅) Long and Flowing

Photo: thetrendspotter

ဆံပင်ပါးပါးကို အရှည်ကြီး ထားတတ်ရင် အခုစတိုင်ကိုလည်း ရွေးချယ်သင့်ပါတယ်။ သူကတော့ သဘာဝအတိုင်း ဆံပင်တွေ ခပ်ကွေးကွေးလေး ချထားလို့ ဆံပင်ပါးတာ ပျောက်သွားပြီး ထူလာတယ် ထင်စေနိုင်ပါတယ်။ ဒီဆံပင်ပုံစံထားရင် စိတ်ရှည်ရှည်နဲ့ ထိန်းသိမ်းပေးဖို့တော့ လိုမှာပါ။