ကမ္ဘာကျော် Harley Davidson မော်တော်ဆိုင်ကယ်တွေ စပြီး ထုတ်လုပ်လာတာ ရာစုနှစ်တစ်ခုတောင် ကျော်လာပြီ ဖြစ်ပါတယ်။ ကုမ္ပဏီစထောင်တဲ့အချိန်ကစလို့ Harley Davidson ကနေ သမိုင်းမှာ အကောင်းဆုံးနဲ့ အထင်ကရအဖြစ်ဆုံး မော်တော်ဆိုင်ကယ်တွေ ထုတ်လာခဲ့တာပါ။ ၁၀ နှစ်တာ စီးပွားရေးကပြောင်းကပြန် ထိုးကျသွားတဲ့ Great Depression ခေတ်ကြီးမှာ ရပ်တည်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အမေရိကန်မော်တော်ဆိုင်ကယ်ကုမ္ပဏီကို ပြောပါဆိုရင်လည်း Harley Davidson ကိုပဲ ပြရမှာ ဖြစ်ပါတယ်။

ဒီလို စိတ်ဝင်စားဖို့ကောင်းပြီး ကမ္ဘာ့အကောင်းဆုံးမော်တော်ဆိုင်ကယ်တွေ ထုတ်လာတဲ့ကုမ္ပဏီတစ်ခုရဲ့ ထုတ်ကုန်တွေဟာ Speed Bikers တွေ စွဲလန်းရတဲ့ သင်္ကေတတစ်ခုလို ဖြစ်နေဆဲပါပဲ။ ၁၉၀၃ ခုနှစ်ကနေ စပြီး တည်ထောင်လာခဲ့တဲ့ ကုမ္ပဏီရဲ့သမိုင်းတစ်လျှောက်မှာ ထိပ်တန်းကျတဲ့ မော်တော်ဆိုင်ကယ်မော်ဒယ်အမျိုးမျိုး ထွက်ခဲ့တဲ့အထဲကနေ အကောင်းဆုံးလို့ လက်ခံထားတဲ့ Bikes ၅ ခုအကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) 1915 Harley Davidson 11F

1915 Harley Davidson 11F

Photo: nextluxury

၁၉၁၅ ခုနှစ်က ထုတ်ခဲ့တဲ့ 1915 Harley Davidson 11F ဟာ Harley Davidson ရဲ့ အမှတ်ရစရာအကောင်းဆုံး မော်တော်ဆိုင်ကယ်တွေထဲကတစ်ခုဆိုတာ ငြင်းစရာရှိမှာမဟုတ်ပါဘူး။ သူ့အရင်ထွက်ခဲ့တဲ့ မော်ဒယ်တွေနဲ့ မတူတာက Automatic Coiler ၊ Intake Valve နဲ့ Speed သုံးမျိုးပြောင်းနိုင်မယ့်စနစ်တွေ ပါလာတာပါပဲ။ Driving Experience ပိုင်းအရ ဆန်းသစ်ခဲ့သလို မော်တော်ဆိုင်ကယ်နည်းပညာပိုင်းအရလည်း သူ့ခေတ်သူ့အခါက အထင်ရှားဆုံးအဆင့်မြှင့်တင်မှု ဖြစ်ခဲ့ပါတယ်။ 1000ccအင်ဂျင်နဲ့ မြင်းကောင်ရေ ၁၁ ကောင်အားပါဝင်တဲ့အပြင် နာမည်ကျော် မဂ္ဂနက်တိုက်လောင်ကျွမ်းစနစ်သစ်နဲ့ လုံးဝလျှပ်စစ်စနစ်ကို သွားထားလို့ပါပဲ။

(၂) 1965 Harley Davidson Electra Glide

1965 Harley Davidson Electra Glide

Photo: nextluxury

ခန့်ညားလှပမှုနဲ့ မြင်းကောင်ရေ ၆၀ အား အရုန်းအဆွဲက 1965 Harley Davidson Electra Glideရဲ့ ဂုဏ်သိက္ခာလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာကျော်အဆိုတော် အဲလ်ဗစ်ပရက်စလေ စီးတာကြောင့်လည်း ပိုပြီး ဟုန်းဟုန်းတောက် ကျော်ကြားခဲ့ပါတယ်။ ဒီဇိုင်းအယူအဆတွေလည်း ဒီမော်ဒယ်မှာ လုံးဝ ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ နယ်ဘက်ကျေးလက်လမ်းတွေပေါ် မိုင်ဝေးခရီးသွားဖို့အတွက် အိပ်မက်မက်ချင်စရာ ဆိုင်ကယ်ကြီး ဖြစ်ပြီး Top Speed ကို မိုင် ၁၀၀ နှုန်းအထိ တင်နိုင်မယ်လို့ ဆိုပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ထွက်တဲ့ မော်ဒယ်တွေမှာတော့ မြင်းကောင်ရေ ၆၇ ကောင်အားရှိတဲ့ ၁၀၇ ကုဗလက်မမီဝေါကီ အင်ဂျင် ၈ လုံးနဲ့လာတာပါ။

(၃) 1957 Harley Davidson Sportster XL Ironhead

1957 Harley Davidson Sportster XL Ironhead

Photo: nextluxury

1957 Harley Davidson Sportster XL Ironhead က Harley Davidson ရဲ့ တခြားမော်ဒယ်လောက် သိပ်မ‌ပေါက်ခဲ့ပေမယ့် သုံးထားတဲ့ပစ္စည်းအစိတ်အပိုင်းနဲ့ တည်ဆောက်ပုံက High-Quality နဲ့ လာတာပါ။ အင်ဂျင်ခေါင်းကို အလူမီနီယံအစား Iron Head သုံးတာကြောင့် ဆိုင်ကယ်နာမည်နောက်မှာ 1957 Harley Davidson Sportster XL Ironhead ဆိုပြီး တွင်လာတာပါ။ အင်ဂျင်ဟာ air-cooled V-Twin အမျိုးအစား ၈၀၃ စီစီ အင်ဂျင်ဖြစ်ပြိး XL Ironhead မော်ဒယ်တွေကို ၁၀၀၀ စီစီ နဲ့ ၁၂၀၀ စီစီ အင်ဂျင်ဆိုပြီးလည်း ဝယ်နိုင်မှာပါ။

(၄) 1958 Harley Davidson Duo Glide

1958 Harley Davidson Duo Glide

Photo: nextluxury
နောက်ဘက် Rear Suspension ပါတဲ့ ပထမဆုံး Harley Davidson မော်တော်ဆိုင်ကယ်က 1958 Harley Davidson Duo Glide မော်ဒယ် ဖြစ်ပါတယ်။ Duo Glide ရဲ့ Suspension အရုန်းအကြွထိန်းစနစ်မှာ Heavy Riders ၊ Solo နဲ့ Two-Up ဆိုပြီး Settings သုံးခု ပါရှိပါတယ်။ Duo Glide ဟာ Harley Davidson မော်ဒန်ဆိုင်ကယ်ခေတ်ရဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့ပြိး features အဟောင်းနဲ့အသစ်တွေကို လှလှပပ ရောစပ်ထားတဲ့ဆိုင်ကယ်အဖြစ် ပြောကြပါတယ်။

(၅) 2009 FXSTB Night Train

2009 FXSTB Night Train

Photo: nextluxury

အကောင်းဆုံး Harley Davidson မော်တော်ဆိုင်ကယ်တွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးမော်ဒယ်တွေထဲကတစ်ခုက 2009 FXSTB Night Train ပါပဲ။ Full Black ဒီဇိုင်းနဲ့ ထူးထူးခြားခြားဆွဲဆောင်မှုရှိတဲ့ ဆိုင်ကယ်ဖြစ်ပြီး 1584 twin-cam 96B အင်ဂျင်နဲ့ အထူးထုတ်ထားတဲ့ Six-Speed Cruise Drive Transmission စနစ်လည်း တပ်ဆင်ထားပါတယ်။ တစ်နာရီ ၁၀၅ မိုင်ကျော် ပြေးနိုင်တဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။

Featured Photo: nextluxury