သီချင်းချစ်သူများ အားလုံးပဲ မင်္ဂလာပါ။ မြူးကြွတဲ့တေးသွား၊ အချိတ်အဆက်မိမိ ကာရံတွေ ၊ ဗုံးတစ်လုံးလိုပြင်းထန်တဲ့ စားသားအသုံးအနှုန်းတွေနဲ့ လွတ်လပ်ပြီးလူငယ်ဆန်တဲ့ ဂီတကိုပြောပါဆိုရင်တော့ Hip Hop / Rap ဂီတကိုပဲ ညွှန်းဆိုရမှာသေချာပါတယ်။
လူငယ်ပရိသတ်တွေကြားမှာတော့ Hip Hop / Rap ဂီတဟာ သိပ်ကိုရေပန်းစားတဲ့ ဂီတအမျိုးအစားတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ ဒီတစ်ပတ်မှာတော့ လူငယ်ပရိသတ်တွေလုံးဝအကြိုက်တွေစေမယ့် Rap သီချင်းကောင်းလေးတွေကို ရွေးချယ်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ရေပန်းအစားဆုံးနဲ့ ဟော့ဖြစ်နေတဲ့ Rap သီချင်းကောင်း ၁၀ ပုဒ်ကို သီချင်းချစ်သူပရိသတ်တွေအတွက် ရွေးချယ်ပေးထားပါတယ်။
ကဲဒါဆို ၂၀၂၁ ခုနှစ်ထဲမှာ ဘယ် ရက်ပ်ပါတွေရဲ့ Rap သီချင်းတွေက လူကြိုက်များဆုံးနဲ့ ရေပန်းစားနေလဲဆိုတာ အခုပဲ နားဆင်ကြည့်လိုက်ပါအုန်းနော်။
(၁) My . Life – J. Cole feat. 21 Savage, Morray
Source : J. Cole
(၂) No More Parties – Coi Leray ft. Lil Durk
Source : Coi Leray
(၃) RAPSTAR – Polo G
Source : Polo G
(၄) Wockesha – Moneybagg Yo
Source : Moneybagg Yo
(၅) Straightenin – Migos
Source : Migos ATL
(၆) Calling My Phone – Lil Tjay feat. 6LACK
Source : Lil Tjay
(၇) Maybach – 42 Dugg feat. Future
Source : 42 dugg Music
(၈) His & Hers – Internet Money ft. Don Toliver, Lil Uzi Vert & Gunna
Source : Lyrical Lemonade
(၉) Up – Cardi B
Source : Cardi B
(၁၀) Miss The Rage – Trippie Redd ft. Playboi Carti
Source : Trippie Redd
ဒါကတော့ ၂၀၂၁ အတွင်းထွက်ရှိထားတဲ့ Rap သီချင်းကောင်းများစွာထဲကမှ အကောင်းဆုံးနဲ့ရေပန်းအစားဆုံးသီချင်းကောင်း ၁၀ ပုဒ်ကိုရွေးချယ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ အကြိုက်နဲ့ထပ်တူကျ တဲ့သီချင်းလေးတွေရှိရင်လည်း ကွန်းမန့်မှာရေးခဲ့ပါအုန်းနော်။
Featured Photo : Pitchfork