လူတိုင်းလူတိုင်း အထီးကျန်တဲ့ဝေဒနာကိုခံစားဖူးကြမယ်ထင်ပါတယ်။ အိမ်နဲ့ဝေးတဲ့နေရာမှာ အလုပ်လုပ်ရတဲ့သူတွေဖြစ်စေ အပေါင်းအသင်းများများစားစားမရှိသူတွေ ချစ်သူရည်းစားမရှိတဲ့ တစ်ကိုယ်တည်းသမားတွေစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အထီးကျန်တက်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အထီးကျန်ခြင်း ဝေဒနာတွေကို တိုက်ထုတ်ပေးနိုင်မယ့် ဝါသနာကောင်းလေးတွေ တချို့ပြောပြချင်ပါတယ်။

(၁) ဖန်တီးမှုပါတဲ့ အရာတစ်ခုခုလုပ်ဆောင်ပါ

Source : Project RAWcast

ပန်းချီဆွဲတာ ဟင်းချက်တာ ဓာတ်ပုံရိုက်တာ စသင့်ဖြင့် ဖန်တီးမှုကိုအခြေခံထားတဲ့ ဝါသနာတွေက အထီးကျန်ခြင်းတွေကို သက်သာစေပြီး သင့်ရဲ့ ဦးနှောက်စွမ်းရည်ကိုတိုးတက်စေပါတယ်။

(၂) သစ်ပင်စိုက်ပါ

Source : UniCesumar

” သင့်ဘဝမှာ ပျော်ရွှင်မှုကိုခံစားချင်ရင် သစ်ပင်စိုက်ပါ ” ဆိုတဲ့ဆိုရိုးစကားလေးတွေရှိပါတယ်။ သစ်ပင်စိုက်ခြင်းက တကယ်ပဲစိတ်ပျော်ရွှင်မှုကို ခံစားရစေနိုင်သလို နေ့စဉ်ဘဝရဲ့အချိန်တွေမှာ တစ်ကိုယ်တည်းအထီးကျန်နေတဲ့ ခံစားချက်တွေကိုလည်း ဖျောက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံးဝါသနာလေးတစ်ခုဖြစ်ပါတယ်။

(၃) တူရိယာတီးခတ်ပါ

Source : Shutterstock

ဂီတဆိုတာ အထီးကျန်ခြင်းကိုတိုက်ဖျက်ဖို့အတွက် တကယ့်ကို မှော်ဆန်တဲ့ အစွမ်းထက်လက်နက်တစ်ခုပါပဲ။ဒါကြောင့် ဂစ်တာ ပီယာနို တယော စသည်ဖြင့် ဂီတတူရိယာတစ်ခုခုတီးခတ်ခြင်းက သင့်ကို အထီးကျန်ခြင်း စိတ်ဖိစီးခြင်းတွေလျော့ကျသက်သာစေပြီး ခန္ဓာကိုယ်မှာ ပျော်ရွှင်မှုဟော်မုန်းဓာတ်တွေမြင့်တင်ပေးမှာဖြစ်ပါတယ်။

(၄) စာဖတ်ပါ

Source : Business Insider

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းလုပ်ဖို့လိုသလို သင့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက်လည်း စာဖတ်ဖို့လိုပါတယ်။ စာဖတ်ခြင်းက ဗဟုသုတတွေ အသိပညာတွေ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေပေးစွမ်းနိုင်ပြီး သင့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာခွန်အားတွေရလာဖို့ အကောင်းဆုံးအထောက်အပံ့ပေးပါတယ်။