ဆံပင်ကျွတ်ခြင်း ပြဿနာက အမျိုးသမီးတွေပဲ ကြုံတွေ့နေရတာမဟုတ်ပါဘူး။ အမျိုးသားများလည်း ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ အမျိုးသားများက အမျိုးသမီးများထက် ဆံပင်တိုတဲ့အတွက်ကြောင့် ဆံပင်ကျွတ်ခြင်းကို သိသိသာသာ မခံစားရကြပါဘူး။ တဖြည်းဖြည်း ထိပ်ပြောင်ပြီး ဆံပင်ပါးသွားမှ သိသွားကြပါတယ်။ ထိုအချိန်မှ ဆံပင်မကျွတ်ဖို့၊ ဆံပင်သန်ဖို့ ကုသမယ်ဆိုရင်တော့ အခါနှောင်းသွားပါလိမ့်မယ်။

ဆံပင်သန်ခြင်း၊ မသန်ခြင်းက သင့်ရဲ့မျိုးရိုးဗီဇ၊ အစားအစာ စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်းများ၊ စိတ်ဖိစီးဒဏ်၊ ဘဝနေထိုင်မှုပုံစံအပေါ်မှာ များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါဆိုရင် ဆံပင်မကျွတ်ဖို့၊ ထိပ်မပြောင်ဖို့ရန်အတွက် ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ ထိန်းသိမ်းရမလဲ။

ဦးရေပြားကို နှိပ်နယ်ပါ

coconut oil

ဆံပင်သန်စေတဲ့ အလေ့အကျင့်ကောင်းတွေထဲမှာ ဦးရေပြားကို နေ့စဉ်နှိပ်နယ်ပေးခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။ လက်ချောင်းထိပ်လေးများဖြင့် ဦးရေပြားကို နှိပ်နယ်ပေးလိုက်ရုံပါပဲ။ အုန်းဆီ၊ သံလွင်ဆီများ သုတ်လိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင်တော့ ပိုပြီးအာနိသင်ရှိပါတယ်။ မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးပါက ဆံပင်မွှေးညှင်းပေါက်တလျောက်တွင် သွေးလှည့်ပတ်မှုကောင်းစေပြီး ဆံပင်အုံထူစေပါတယ်။

ပရိုတင်းများများ စားသုံးပါ

protein

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများကလည်း ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ကြက်သားနှင့် အစေ့အဆံများကို များများစားသုံးသင့်ပါတယ်။

ရှားစောင်းလက်ပတ် လိမ်းကျံပါ

aloe vera

ဦးရေပြားပေါ်မှာ ရှားစောင်းလက်ပတ်လေး သုတ်လိမ်းပေးခြင်းကလည်း ဆံပင်သန်စေဖို့အတွက် ကူညီပေးပါတယ်။ ရှားစောင်းလက်ပတ်မှာ ဆံပင်မွှေးညှင်းပေါက်လေးမှာ ပိတ်နေတဲ့ အဆီပိုများကို ဖယ်ရှားပေးပြီး ဆံကေသာနူးညံ့ပျော့ပျောင်းစေတဲ့ ကောင်းကျိုးလည်း ပေးစွမ်းနိုင်ပါသေးတယ်။

အုန်းဆီ

man applying coconut oil

သင့်ဆံကေသာက ပရိုတင်းဓာတ် ဆုံးရှုံးသွားတဲ့အခါ ဦးရေပြားအားနည်းသွားပြီး ဆံပင်ကျွတ်လာပါတော့တယ်။ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ရန်အတွက် အုန်းဆီမှန်မှန်လိမ်းပေးလိုက်ပါ။

ငါးကြီးဆီ မှီဝဲပါ

fish oil

ငါးကြီးဆီထဲမှာ အိုမီဂါသရီး ဖက်တိအက်ဆစ်များ ပါဝင်ပါတယ်။ ငါးကြီးဆီမှန်မှန် သောက်သုံးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ဆံပင်ဆဲလ်များကိုလည်း အားကောင်းစေပါတယ်။

သံပုယိုရည်

lemon juice

လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုယိုရည်ကို ခေါင်းမလျှော်ခင်မှာ ဦးရေပြားအနှံ့ပေါ်တွင် ၁၅ မိနစ်ခန့် လိမ်းကျံထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ပေးလိုက်မယ်ဆိုရင် ဆံပင်သန်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ သံပုယိုရည်အစား ကြက်သွန်နီအရည်ကိုလည်း အစားထိုး အသုံးပြုနိုင်ပါသေးတယ်။

Source: Toptrendsguide.com