အသားအရေထိန်းသိမ်းတယ်ဆိုတာ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း လုပ်ဆောင်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်် အမျိုးသားတွေအတွက်တော့ ကိုယ်ရဲ့အသားအရေနဲ့ ကိုက်ညီတဲ့ ဘယ်လို Skin Care ပစ္စည်းတွေ ရွေးချယ်သုံးရမလဲဆိုတာ ခေါင်းစားစရာဖြစ်နေပါတယ်း။ ဒီနေ့မှာတော့ ငွေကြေးကုန်ကျမှုလည်းသက်သာပြီး ခေါင်းစားဖို့လည်းမလိုတဲ့ သဘာဝအသားအရေ ထိန်းသိမ်းရေးပစ္စည်းတွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) ရှားစောင်းလက်ပတ်

Source : WebMD

ရှားစောင်းလက်ပတ်ဆိုတာ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ လူသုံးများပြီး ထိရောက်အရှိဆုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ အခုပူပြင်းတဲ့ရာသီဥတုမှာ အသားအရေကို သဘာဝအတိုင်း ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး ဝက်ခြံကြောင့်ဖြစ်တက်တဲ့ ရောင်ရမ်းခြင်းတွေ နေလောင်ဒဏ်ကြောင့် အသားအရေညိုမဲပျက်စီးတာတွေကို သက်သာစေပါတယ်။ အသုံးပြုနည်းကတော့ ရှားစောင်းလက်ပတ်ကို မျက်နှာအနှံ့ ပွတ်ပြီး ၁၅ မိနစ်လောက်အကြာမှာရေဆေးချလိုက်ပါ။

(၂) အာလူး

Source : 7/24 Skin Care

အာလူးဟာလည်း အသားအရေထိန်းသိမ်းရေးအတွက် အသုံးဝင်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အာလူးကို ခပ်ပါးပါးလေးတွေလှီးပြီး မျက်နှာအနှံ့ ၁၅ မိနစ်လောက် ငြင်သာစွာပွတ်ပေးမယ်ဆိုရင် အရေပြားပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားသန့်စင်ပေးပြီး အသားအရေမညီမညာဖြစ်ခြင်း အရေးအကြောင်းများဖြစ်ပေါ်ခြင်း ဝက်ခြံနှင့်အမဲစက်တွေကို အထိရောက်ဆုံးကုသပေးမှာဖြစ်ပါတယ်။ တစ်ပတ် ၂ ကြိမ်လောက်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ၁လအတွင်း ဖြူဝင်းတောက်ပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၃) ပျားရည်

Source : All Things Supply Chain

ပျားရည်မှာ အသားအရေအတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ အင်ဇိုင်းတွေ ဓာတ်တိုးဆန့်ပစ္စည်းတွေအများကြီးပါဝင်ပါတယ်။ ဒါကြောင့်ပျားရည်ဟာ အသားအရေကို သဘာဝအတိုင်းအားဖြည့်ပေးပြီး ဝက်ခြံတင်းတိတ် အမဲစက်နှင့် ချွေးပေါက်ပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသုံးနည်းမယ်ဆိုရင် အရင်ဆုံးမျက်နှာသစ် ရေခြောက်အောင်သုတ်ပြီး ပျားရည်ကိုမျက်နှာအနှံ့လိမ်းကာ ညင်သာစွာနှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်ကြာရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။

(၄) ထောပတ်သီး

Source : KBC

ထောပတ်သီးမှာ အသားအရေအတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် အေ ဒီ အီး ဓာတ်တွေအပြင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ ကောင်းမွန်တဲ့အဆီဓာတ်များလည်းပါဝင်ပါတယ်။ဒါကြောင့် ထောပတ်သီးတွေဟာ နေလောင်ခြင်းခံထားရတဲ့အသားအရေကို ပြန်လည်ကုစားပေးနိုင်တဲ့အပြင် ကော်လဂျင်ထုတ်လုပ်မှုကိုမြှင့်တင်ပေးတာကြောင့် အရွှယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်တားဆီးပေးပါတယ်။ အသုံးပြုနည်းကတော့ ထောပတ်သီးကိုပျားရည်အနည်းငယ်ရောထည့်ပြီး ကျေညှက်အောင်မွေပေးပါ။ထို့နောက်မျက်နှာအနှံ့ လိမ်းပြီး ၁၅ မိနစ်လောက်ထားပေးရပါမယ်။ အချိန်ပြည့်ရင်ရေဆေးချလိုက်ပါ။ ကြည်လင်တောက်ပတဲ့ အသားအရေပိုင်ရှင်လေးဖြစ်သွားပါလိမ့်မယ်။