ရုပ်ရှင်ကားကောင်းတစ်ကားဟာ သင့်သဘောထား ခံယူချက်တွေကို ပြောင်းလဲပေးနိုင်ပါတယ်။လူတော်တော်များများဟာ စာအုပ်ကောင်းတစ်အုပ်ဖတ်ဖို့ထက် စာရင် ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားကို ကြည့်ဖို့ ပိုပြီး စိတ်ဝင်စားကြပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီတစ်ပတ်အတွက် ရွေးချယ်ထားတဲ့ စိတ်ခွန်အားဖြည့် ရုပ်ရှင်ကားတစ်ကားကို မိတ်ဆက်ပေးသွားမှာပါ။

The Pursuit of Happyness

Photo: tharris404

ဒီရုပ်ရှင်ဟာ မီလျံနာ ခရစ္စ ဂါဒ်နာရဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ အိမ်ထောင်ပျက်ပြီး ခြေသလုံးအိမ်တိုင်ဘဝနဲ့ သားတစ်ယောက်လက်ဆွဲပြီး ဘဝအခက်အခဲတွေကို ဖြတ်သန်းတဲ့ တစ်နှစ်တာ ဖြစ်ရပ်အကြောင်းကို အသားပေးရိုက်ထားတာ ဖြစ်ပါတယ်။ စတော့ပွဲစားတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း ၊ ဓါတ်မှန်စက်တွေ ရိုက်ရင်း ၊ လမ်းခွဲထွက်ခွာသွားတဲ့ ဇနီးသည်ပေးတဲ့ ဒဏ်တွေနဲ့ Single Father အဖြစ် ဖြတ်သန်းခဲ့ချိန်ကို ရိုက်ကူးထားတာပါ။

ဇာတ်လမ်းတစ်နေရာမှာ ကျွန်တော်တို့ ရင်ထဲ ထိမယ့် စကားတစ်ခွန်းကို ခရစ္စက သူ့သားကို ပြောသွားခဲ့ပါတယ်။အဲ့ဒါကတော့ “သား မင်းမှာ အိပ်မက်တစ်ခုရှိရင် အဲ့ဒီအိပ်မက်ကို မင်းကာကွယ်ရမယ်။ လူတွေက သူတို့ မလုပ်နိုင်တဲ့ အရာဆိုရင် မင်းလည်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောလာမယ်။ သားမှာ လိုချင်တာ တစ်ခုခုရှိရင် ရအောင်သာယူ”တဲ့။

Photo: Itcher

သတိထားကြည့်မယ်ဆိုရင် ခေါင်းစဉ်မှာ စာလုံးပေါင်းကို i အစား Y နဲ့ တမင်မှားပေါင်းထားတာ တွေ့ရမှာပါ။ အဲ့ဒါက သူ့သား တက်နေတဲ့ တရုတ်နေ့ကလေးထိန်းကျောင်း နံရံမှာ ပေါင်းထားတဲ့ စာလုံးပေါင်း ဖြစ်ပါတယ်။ အပြင်လောကက ခရစ္စဂါဒ်နာကိုယ်တိုင် ဇာတ်သိမ်းခန်းမှာ ဖြတ်လျှောက်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

The Pursuit of Happyness ဆိုတာ သောမတ်စ်ဂျက်ဖာဆန် ရေးဆွဲခဲ့တဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်ပြီး လူတိုင်း လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ရေးကို ရည်ညွှန်းပါတယ်။ တစ်နည်းအားဖြင့် ‌‌ပျော်ရွှင်ချမ်းမြေ့စွာ ‌နေနိုင်ရေးဟာ လူတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ရပ် လို့ ဆိုပါတယ်။ ခရစ္စ ဂါဒ်နာ ပျော်ရွှင်ခဲ့ပါသလား။ ပျော်ရွှင်မှုနောက် လိုက်ရင်း ဘဝကို ခရစ္စတစ်ယောက် ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။ ၁၉၈၀ ပြည့်လွန်နှစ်တွေများဆီကို ပြန်သွားကြပါစို့။