လက်ရှိဘဝကို အားမလိုအားမရဖြစ်လို့ဖြစ်စေ ၊ စိတ်ဓာတ်ကျစရာအခြေအနေတွေနဲ့ကြုံတွေ့နေရလို့ဖြစ်စေ အခုပြောပြမယ့်ရုပ်ရှင်ဇာတ်ကားတွေက သင့်ဘဝအတွက်စိတ်ခွန်အားပြန်ပြည့်လာစေမယ့် အားဆေးတစ်ခွက်ဖြစ်စေမှာပါ။ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် စိတ်ဓာတ်ကျတဲ့အချိန်တိုင်းကြည့်သင့်တဲ့ စိတ်ခွန်အားဖြစ်စရာ ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

(၁) The Secret Life of Walter Mitty

 

 

Source : Walter Mitty

ဒီဇာတ်ကားလေးကတော့ လူတော်တော်များများနဲ့ သက်ဆိုင်တဲ့ ကားလေးပါ။ ဒီကားလေးထဲမှာ သူနေရမယ့်နေရာမှာ မရောက်သေးတဲ့ လူတစ်ယောက်၊ သူရောက်သင့်တဲ့ နေရာရောက်ဖို့ စွန့်စားခန်း ခရီးတွေထွက်ရင်း ဘဝအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေ ရသွားတဲ့ လူတစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။ လမ်းပျောက်သလို ခံစားနေရပြီလား။ အလုပ်မှာ အဆင်မပြေဖြစ်နေပြီလား။ ဒါဆိုရင်တော့ The Secret Life of Walter Mitty ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးပါရစေ။

(၂) Ali

Source : Sony Pictures Entertainment

Ali ဟာ တစ်ချိန်က နာမည်ကျော် ဘောက်စင် ဖိုက်တာကြီး Muhammad Ali အကြောင်း ရိုက်ကူးထားတာပါ။ အောင်မြင်မှုမရခင်မှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရလဲ၊ ဘယ်လိုတွေ ကျော်ဖြတ်ရမလဲဆိုတာ ဒီဇာတ်ကားထဲမှာ မြင်ရမှာပါ။ သမိုင်းကြောင်းတွေ၊ ဘောက်စင်နဲ့ Will Smith ကိုကြိုက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းပါရစေ။

(၃) Forrest Gump

Source : Paramount Movies

ဉာဏ်ရည်မမှီတဲ့ ကောင်းလေးတစ်ယောက်အကြောင်း၊ သူရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ကားပါ။ တကယ်လို့ Forrest Gump ကိုမကြည့်ရသေးဘူးဆိုရင်တော့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ကားလုံးကြည့်ပြီးသွားရင် နောက်တစ်ခါပြန်ကြည့်ချင်စိတ် ပေါ်လာမှာကို အာမခံပါတယ်။

(၄) Remember The Titans

Source : Classic Movie Trailers

ဒီဇာတ်ကားက ဘယ်လိုဇာတ်ကားမျိုးလဲဆိုတော့ အနိုင်ရခြင်း ၊ ဇွဲ၊ လူမျိုးရေးခွဲခြားမှုနဲ့ စည်းလုံးမှု စတာတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ လူတစ်ယောက်ရဲ့ အသားအရောင် ကိုကြည့်ပြီး ခွဲခြားမှုမလုပ်ဖို့ နှလုံးသားထဲထိ မြင်အောင် ကြည့်တတ်ဖို့ ဒီကားလေးက သင်ပေးသွားပါတယ်။အားကစား ရုပ်ရှင်တွေ၊ သမိုင်းနဲ့ ပက်သတ်တဲ့ရုပ်ရှင်တွေ ကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွှတ်သင့်ပါဘူး။