အင်တာဗျူးဖြေမယ့် ယောကျာ်းများအတွက် သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ခြင်းက အင်မတန်အရေးကြီးပါတယ်။ မိမိဝတ်သွားမယ့် အဝတ်အစားများကို သေသေချာချာ မီးပူတိုက်ထားခြင်း၊ အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဖိနပ်များကို ရွေးချယ်ဝတ်ဆင်ခြင်းတို့ လိုအပ်ပါတယ်။
ဒါတင်မကသေးပါဘူး။ သင့်ရဲ့ဆံပင်စတိုင်လ်ကလည်း ရှည်နေမယ်ဆိုရင် သပ်သပ်ရပ်ရပ်နဲ့ စတိုင်လ်ကျနေအောင် ညှပ်ခြင်း၊ ဖြီးလိမ်းပြင်ဆင်ထားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ အင်တာဗျူးသွားဖြေမယ့် အမျိုးသားများအတွက် ဆံပင်စတိုင်လ်ကို ဘယ်လိုပြင်ဆင်သင့်သလဲဆိုတာ ဝေမျှပေးချင်ပါတယ်။
လှိုင်းတွန့်ဆံပင်ကေ ပိုင်ရှင်များအတွက်

ကတုံးဆံပင်ပေါက်ကေ ညှပ်ထားတဲ့ အမျိုးသားများအတွက်

ဆံပင်ကောက်ကောက်ကွေးကွေး ပိုင်ဆိုင်ထားသော အမျိုးသားများအတွက်

ဆံပင်အရှည်ထားတဲ့ အမျိုးသားများကလည်း အခုလို သပ်သပ်ရပ်ရပ် ချည်ထားသင့်ပါတယ်

အနောက်ကို လှန်ဖြီးထားပါက ရင့်ကျက်တည်ငြိမ်တဲ့စတိုင်လ်မျိုး ပိုင်ဆိုင်နိုင်ပါတယ်

တိုတိုကပ်ကပ် ဆံပင်စတိုင်လ်

ဘေးခွဲဆံပင်စတိုင်လ်

ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဆံပင်စတိုင်လ်

အင်တာဗျူးအတွက် သပ်သပ်ရပ်ရပ်ဖြီးလိမ်းပြင်ဆင်သွားခြင်းက သင့်အင်တာဗျူးအတွက် အမှတ်တက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ပုံပန်းသွင်ပြင်တစ်ခုတည်းနဲ့ မပြီးပြည့်စုံသေးပါဘူး။ အင်တာဗျူးမှာ ဘယ်လိုမေးခွန်းတွေ မေးလာနိုင်သလဲ။ မေးလာတဲ့မေးခွန်းများကို ဘယ်လိုဖြေဆိုရမလဲ အစရှိသဖြင့် အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားမှသာလျှင် ထိုအင်တာဗျူးကို အောင်မြင်စွာ ဖြေဆိုနိုင်မှာပဲဖြစ်ပါတယ်။
Source: Careeraddict.com
