ဂျပန်ဝီစကီတွေ နာမည်ကျော် လူကြိုက်များလာသလိုပဲ ဂျပန်မှာ ချက်လုပ်တဲ့ ဘီယာအမှတ်တံဆိပ်တွေကလည်း ကမ္ဘာတလွှားမှာ နာမည်ရလာပါတယ်။ ဂျပန်ဘီယာတွေက အယ်လ်ကိုဟောပါဝင်မှု Alcohol By Volume (ABV) ၅% ဝန်းကျင်ပဲ ရှိလို့ သိပ်မပြင်းသလို ချက်ဖို့ သုံးထားတဲ့ ပစ္စည်းတွေကလည်း အရည်အသွေးမြင့် ဘာလီစေ့ ၊ malt ပြောင်း နဲ့ ဆန်တို့ကို သုံးထားတာပါ။
အရည်အသွေးကောင်းပြီး အဝင်ညက်ညောလို့လည်း ဂျပန်ဘီယာတွေ နာမည်ကျော်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဂျပန်ဝီစကီတွေလိုပဲ ဂျပန်ဘီယာတွေရဲ့ အရသာ ၊ အရည်အသွေး ၊ ထုတ်လုပ်မှုပုံစံဟာ ဈေးကွက်မှာ ကွဲပြားမှု ရှိပါတယ်။ ဒီလို ဂျပန်ဘီယာတွေထဲကမှ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ ဘီယာ ၅ မျိုးအကြောင်း တင်ဆက်ပေးချင်ပါတယ်။
(၁) Sapporo Premium Beer

Photo: NextLuxury
Sapporo ဘီယာကို ဂျပန်ဘီယာတွေထဲမှာ အကောင်းဆုံး Brand တစ်ခုအဖြစ် ပြောကြပါတယ်။ Sapporo ဘီယာချက်စက်ရုံဟာ နိုင်ငံ့မြောက်ပိုင်းက သက်တမ်းအရှည်ဆုံးမြို့ဖြစ်တဲ့ ဟိုကိုင်းဒိုးမှာ ရှိပါတယ်။ အပျော့စားဘီယာတန်းဝင်ဖြစ်ပြီး ခံတွင်းရှင်းပြီး ရွှင်လန်းတဲ့အရသာ ပေးပါတယ်။ Sapporo Beer ဟာ ချဉ်စပ်စပ် အမြည်းတွေနဲ့ လိုက်ပါတယ်။
(၂) Hitachino Nest Beer Japanese White Ale

Photo: NextLuxury
၁၉၉၄ ခုနှစ်အထိ အရက်အခွန်ဥပဒေတင်းကြပ်ခဲ့တာကြောင့် ဂျပန်နိုင်ငံမှာ ဘီယာချက်စက်ရုံ ၄ ရုံပဲ လည်ပတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီစက်ရုံတွေက Sapporo ၊ Suntory ၊ Kirin နဲ့ Asahi တို့ပဲ ဖြစ်ပါတယ်။ ဘီယာအရက်အခွန် ဖြေလျှော့ပြီးနောက်မှ တခြားဘီယာချက်စက်ရုံလေးတွေ ပေါ်ပေါက်လာခဲ့ပြီး အသစ်ပေါ်ပေါက်လာတဲ့ ဘီယာလုပ်ငန်းတွေထဲမှာ Hitachino Nest Beer လည်း ပါဝင်ပါတယ်။
Hitachino Nest Beet က ထုတ်တဲ့ White Ale ဟာ ဂျုံကို အညှောင့်ဖောက် Malt လုပ်ထားပြီး ချက်ထားတာပါ။ ABV ၅.၅ % ပါရှိပြီး နံနံစေ့နံ့ ၊ လိမ္မော်ခွံနံ့နဲ့ ဘယ်လ်ဂျီယံစတိုင် အခွံမာစေ့နံ့လေး သင်းနေပါတယ်။ White Ale မကြိုက်ရင် အက်စ်ပရက်ဆို Dry Stout ပါတဲ့ Hitachino Nest Beer မျိုး ရွေးချယ်နိုင်ပါတယ်။
(၃) Kirin Ichiban Shibori

Photo: NextLuxury
Ichiban ဆိုတာ ဂျပန်ရဲ့ ပထမဆုံးနဲ့ အကောင်းဆုံးလို့ ဆိုလိုပါတယ်။ ၁၀၀% Premium Malt Beer ဖြစ်ပြီး အဝင်ညက်ညောမှု ၊ ချိုပြီး အရသာစုံလင်မှုတွေကြောင့် Kirin တွေက နာမည်ရပါတယ်။ Ichiban Shibori ဘီယာချက်နည်းဆိုတာက Kirin ဘီယာကို ပါဝင်ပစ္စည်းတွေကို အညှောင့်ဖောက်နှပ်တာကို တစ်ကြိမ် Single First Pressing နည်းသုံးပြီး ထုတ်တယ်လို့ ဆိုပါတယ်။ ရေခဲသေတ္တာထဲ အေးနေအောင် ထားပြီး သောက်ရင် အကောင်းဆုံး အရသာ ခံစားရမှာပါ။
(၄) Asahi Super Dry

Photo: NextLuxury
ဂျပန်ရဲ့လက်ရာ ဘီယာစတိုင်တစ်မျိုးက Dry ဘီယာအမျိုးအစား ဖြစ်ပါတယ်။ Dry ဆိုတာ ဘီယာထဲက သကြားတွေ အချဉ်ဖောက်လို့ အယ်လ်ကိုဟောဖြစ်သွားချိန်မှာ Malt လုပ်ချိန်ကြာလို့ နှပ်ချိန်မှာ မပြောင်းဘဲကျန်တဲ့ သကြားကို ဆိုတာပါ။ Asahi Beer ဟာ ထိပ်တန်း အရောင်းသွက်တဲ့ ဘီယာတစ်မျိုး ဖြစ်ပြီး ပင်လယ်စာတို့ ချဉ်ငံစပ်အမြည်းတို့နဲ့ တွဲစားလေ့ရှိပါတယ်။
(၅) Yebisu Beer

Photo: NextLuxury
Yebisu (Ebisu) ဆိုတာ ဂျပန်ဒဏ္ဍာရီမှာ ကံကောင်းခြင်း နတ်ဘုရား ၇ ပါးထဲက တစ်ပါးကို ပြောတာပါ။ တံငါသည်နဲ့ ကုန်သည်စောင့်နတ်လို့လည်း ဆိုပါတယ်။ Ebisu နတ်ကို ခပ်ဝဝ ၊ မုတ်ဆိတ်မွေးအပြည့် နဲ့ ပြုံးနေတဲ့ တံငါတစ်ယောက် ငါးမျှားတံနဲ့ တိုင် ဆိုတဲ့ ငါးနီတစ်ကောင်ကိုင်နေတဲ့ပုံကို ဖော်ညွှန်းလေ့ရှိပါတယ်။
Yebisu Beer အမှတ်တံဆိပ်ဟာ Sapporo farms က သီးသန့် ထွက်တဲ့ ထိပ်တန်းအရည်အသွေးမြင့် ပါဝင်ပစ္စည်းသုံးပြီး ပရီမီယံတန်းဝင်ဖြစ်အောင် ထုတ်လုပ်ထားတာပါ။ ရွှေရောင် သံဗူးနဲ့လည်း လာသလို ပုလင်းနဲ့လည်း ထွက်ပါတယ်။ Sapporo ထက် ဈေးပိုကြီးပေမယ့် မြည်းကြည့်သင့်တဲ့ ဂျပန်ဘီယာကောင်းတစ်ခုပါပဲ။
Featured Photo: GoWithGuide
