နာရီနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်တဲ့ ဆွစ်ဇာလန် Brand တွေကို ဂျပန်နာရီတွေ အလဲထိုးခဲ့တဲ့ ဖြစ်ရပ်ဟာ ဈေးကွက်စီးပွားရေး ပညာရှင်တွေ လက်စွဲထားတဲ့ သာဓကတစ်ခုပါ။ ဂျပန်နိုင်ငံရဲ့ ထူးခြားမှုက ပစ္စည်းတစ်ခုကို ထုတ်တိုင်း လူတွေ အမှတ်ရအောင် လုပ်တတ်တာပါပဲ။ အခုပြောမယ့် ဂျပန်နာရီ Brand တွေကို မပတ်ဖူးခဲ့ရင်တောင် သူတို့ရဲ့ ကြီးကျယ်တဲ့ ဂုဏ်သတင်းကို လူတိုင်း ကြားဖူးကြမှာပါ။

(၁) Seiko

Source: Plus9Time

သမိုင်းကြောင်း ပြန်ကြည့်ရင် Seiko ဟာ ၁၈၈၁ ခုနှစ်က တည်ထောင်ထားတဲ့ နာရီကုမ္ပဏီဖြစ်လို့ နှစ်ပေါင်း ၁၄၀ နီးပါး ရှိလာပြီ ဖြစ်တဲ့ နာရီကုမ္ပဏီလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ပထမဆုံး Quartz နာရီ ဖြစ်တဲ့ Seiko Astron ကို ထုတ်လုပ်တဲ့ ၁၉၆၉ ခုနှစ်က စပြီး နာမည်ကြီး ဆွစ်ဇ်နာရီကုမ္ပဏီ ၁၀၀၀ ခန့်ကို ဆယ်စုနှစ်တစ်ခုကျော် နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ယန်း ၄ သိန်းခွဲတန် Seiko Quartz Astron ကတော့ ဘက်ထရီနဲ့ လာပြီး နာရီလက်တံလှုပ်ရှားမှု တိကျလွန်းတယ်လို့ နာမည်ကြီးပါတယ်။

(၂) Casio

Source: Mashable

အရင်က Casio ကို Calculator ပဲ ထုတ်တယ်လို့ လူသိများခဲ့တာပါ။ ဒစ်ဂျစ်တယ်တော်လှန်ရေး ဖြစ်ပြီးနောက် LCD display ပေါ်မှာ ဒစ်ဂျစ်တယ်နဲ့ အလုပ်လုပ်တဲ့ Casiotron နာရီကို ပထမဆုံး မိတ်ဆက်ပြီးမှ Casio နာရီအမှတ်တံဆိပ်ဟာ ကျော်ကြားလာပါတယ်။ အထူးသဖြင့် Casio G-Shock နာရီတွေဆိုရင် ၁၀ မီတာ ရေအနက်မှာ အစိမ်ခံပြီး ဘက်ထရီသက်တမ်း ၁၀ နှစ်ရှိလို့ အကြမ်းခံတဲ့ Brand အဖြစ် လူငယ်တွေ ပိုသိကြပါတယ်။

(၃) Citizen

Source: Bloomberg.com

လူBကီးပိုင်းတွေကတော့ နာရီဆို Citizen မှလို့ ပြောပါလိမ့်မယ်။ အဲ့သလို အမှတ်ရလောက်အောင်လည်း Citizen ဟာ စွဲလမ်းစရာ ဖြစ်ခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ Citizen နာရီကုမ္ပဏီဟာ သဘာဝအလင်းရောင်နဲ့ ဘက်ထရီအားသွင်းနိုင်မယ့် နာရီတွေ ၊ Atomic နာရီတွေ ထုတ်လုပ်ပြီး အချိန်တိကျမှုကို ဂုဏ်ယူကြပါတယ်။ Citizen ဟာ ကိုယ်ပိုင် ဂြိုလ်တုနဲ့ ချိတ်ဆက်နိုင်တဲ့ နာရီဖြစ်တဲ့ Satellite Wave နာရီတွေလိုမျိုး နည်းပညာသစ်တွေနဲ့ Atomic Timekeeping ပိုင်းမှာ ထိပ်တန်းရောက်ပါတယ်။

(၄) Orient

Source: aBlogtoWatch

တိုကျိုမှာ အခြေစိုက်တဲ့ နောက်ထပ် ဂျပန်နာရီ Brand တစ်ခုက Orient ပါ။ Classic ဒီဇိုင်း နာရီတွေနဲ့ Mechanical နာရီစနစ်တွေမှာ နာမည်ကြီးပါတယ်။ ၁၉၅၀ က တည်ထောင်ခဲ့တဲ့ Orient ဟာ သက်တမ်း နှစ် ၇၀ နီးပါးပဲ ရှိသေးပြီး ဂျပန်ထိပ်သီး နာရီကုမ္ပဏီ ၄ ခုမှာ အငယ်ဆုံးလို့ ပြောနိုင်ပါတယ်။
Seiko Group ရဲ့ လုပ်ငန်းခွဲဖြစ်ပြီး Mechanical Watches တွေ ထုတ်လုပ်တဲ့အပေါ် ပိုပြီး အာရုံစိုက်ပါတယ်။ လယ်သာကြိုး ၊ စတီးကြိုး အမျိုးမျိုးနဲ့ လာပေမယ့် ဂန္တဝင်ဆန်ပြီး ရိုးရှင်းခန့်ညားတာကိုက Orient နာရီတွေရဲ့ ပင်ကိုယ်ဟန်လို့ ဆိုရမှာပါ။