အမျိုးသားဝတ်ဖက်ရှင်တွေအကြောင်းပြောမယ်ဆိုရင် Denim Jeans တွေကချန်ထားခဲ့လို့ မရပါဘူး။ အကြမ်းခံပြီး သက်တောင့်သက်သာရှိတဲ့အပြင် ရာသီမရွေးဝတ်လို့အဆင်ပြေတဲ့ ဖက်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။ အမျိုးသားဝတ် Jeans ဘောင်ဘီးတံဆိပ်တွေ များစွာရှိတဲ့အထဲကမှ ဖက်ရှင်ကျတဲ့ အသွင်ကိုအပြည့်အဝပေးနိုင်မယ့် ၂၀၂၂ ခုနှစ်အတွင်း ဝယ်သင့်တဲ့ Jeans ဘောင်းဘီအမှတ်တံဆိပ်တချို့ကို ပြောပြပေးချင်ပါတယ်။
(၁) Carhartt
Photo : The Manual
Carhartt ဟာ ၁၈၈၉ ခုနှစ်ကတည်းက quality ကောင်းပြီးအကြမ်းခံတဲ့ ဖက်ရှင်တွေ ထုတ်လုပ်လာခဲ့တဲ့ နာမည်ကြီး ဖက်ရှင် brand တစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၃၀ ကျော်ကြာရပ်တည်လာတဲ့ ဒီကုမ္ပဏီဟာ ခိုင်ခံ့ပြီး အကြမ်းခံတဲ့ Jeans ဖက်ရှင်တွေရဲ့ အရည်အသွေးကို ဆက်ထိန်းထားနိုင်တဲ့အတွက် ဒီနေ့အထိ လူကြိုက်များနေဆဲဖြစ်တဲ့ Jeans ဘောင်းဘီ အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။
(၂) Rag and Bone
Photo : The Manual
Jeans ဖက်ရှင်ကို နှစ်တွေအကြာကြီး စွဲစွဲမြဲမြဲဝတ်ချင်သူတွေအတွက် Rag and Bone ကရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ချုပ်ရိုးချုပ်သား သေသပ်ကောင်းမွန်ပြီး ဝတ်ရတာ အတော်လေး သက်တောင့်သက်သာရှိတဲ့ Jeans ဘောင်းဘီအမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ New York အခြေစိုက် Jeans ဖက်ရှင်ကုမ္ပဏီဖြစ်လို့ အရည်အသွေးပိုင်းမှာစိတ်ချရပြီး ဈေးနှုန်းအသင့်အတင့်နဲ့ ဝတ်ရတာတန်တဲ့ brand တစ်ခုဖြစ်ပါတယ်။
(၃) Everlane
Photo : The Manual
စျေးနှုန်းချိုသာပြီး အရည်အသွေးကောင်းတဲ့ Jeans တွေထဲမှာ နောက်ထပ်ရွေးစရာ brand တစ်ခုက Everlane ပဲဖြစ်ပါတယ်။ လူငယ်ဆန်ပြီး ဝတ်ရတာ ပေါ့ပေါ့ပါးပါးရှိတဲ့ အပြင် Jeans တွေရဲ့ တာရှည်ခံမှု ၊ အရောင်နဲ့ အံဝင်ခွင်ကျဖြစ်မှုတွေကို အကြိမ်ကြိမ် သေချာစမ်းသပ်ချုပ်လုပ်ထားတဲ့ အမေရိကန်ဖက်ရှင် brand တစ်ခု ဖြစ်ပါတယ်။
(၄) Edwin
Photo : The Manual
Vintage စတိုင် Jeans တွေ ကြိုက်နှစ်သက်သူ တစ်ယောက်ဆိုရင်တော့ Edwin ကသေချာပေါက် ရွေးချယ်သင့်တဲ့ brand တစ်ခုဖြစ်ပါတယ်။ ဒီ brand ဟာ ၁၉၇၀ ဝန်းကျင်က စတင်ပေါ်ပေါက်ခဲ့တဲ့ ဂျပန်အမှတ်တံဆိပ်တစ်ခုပါ။ ရိုးရိုးရှင်းရှင်းနဲ့ quality ကောင်းတဲ့ ခေတ်ဟောင်းစတိုင် Jeans ဖက်ရှင်တွေကြောင့် အချိန်တိုအတွင်း လူကြိုက်များ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ Edwin တံဆိပ်မှာ Jeans ဘောင်းဘီတွေအပြင် Denim Jacket နဲ့ T-shirt တွေလည်း အတော်လေးကို လူကြိုက်များကြပါတယ်။
(၅) Buck Mason
Photo : The Manual
Buck Mason က ၂၀၁၃ ကမှ စတင်တည်ထောင်ခဲ့တဲ့ လော့စ်အိန်ဂျလိစ်အခြေစိုက် အမျိုးသားဝတ်ဖက်ရှင်အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ လူလတ်ပိုင်းအမျိုးသားတွေနဲ့ ပိုပြီးသင့်တော်တဲ့ ဖက်ရှင် brand တစ်ခုဆိုလည်း မမှားပါဘူး။ ဖလန်နယ်ကနေ ဂျက်ကတ် ၊ ဆွယ်တာနဲ့ ရှပ်အင်္ကျီတွေအထိ အစုံထုတ်ပြီး Jeans ဘောင်းဘီတွေကတော့ နာမည်အကြီးဆုံးပါပဲ။ အရည်အသွေးကောင်းမွန်ပြီး ဝတ်ရတာသက်တောင့်သက်သာအပြည့်ရှိတဲ့အတွက် Jeans ချစ်သူတွေ ရွေးစရာ brand တစ်ခုပဲ ဖြစ်ပါတယ်။