ကျောင်းပြီးခါစ လူငယ်တွေအနေနဲ့ ဘယ်လိုအလုပ်ခွင်မျိုးကို ဝင်ရမလဲဆိုတာ တကယ့်ကိုဝေခွဲရခက်စေတဲ့ မေးခွန်းတစ်ခုပါ။ ကိုယ့်အနေနဲ့ ဘယ်လိုအလုပ်ခွင်မျိုးကို ဝင်ရမလဲဆိုတာ စဉ်းစားရခက်နေရင် အခုဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါနော်။

(၁) Video Editor

Source : Shutterstock

ဗီဒီယိုတွေဖန်တီးရတာကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ Video Editor အလုပ်ကတကယ့်ကိုသင့်တော်တဲ့ အလုပ်တစ်ခုပါ။ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေ Media လုပ်ငန်းတွေ Flim Production လုပ်ငန်းတွေအရမ်းကိုတွင်ကျယ်လာကြောင့် Video Editor အလုပ်ကတော်တော်လေးကိုရေပန်းစာလာတာဖြစ်ပါတယ်။ ကုမ္ပဏီမှာ ဝန်ထမ်းမလုပ်ချင်လည်း Freelance အနေနဲ့ လုပ်ကိုင်လို့ရပါသေးတယ်။

(၂) Content Writer

Source : Shutterstock

လက်ရှိ နည်းပညာခေတ်ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ Content Writer တွေအခန်းကဏ္ဍက အရမ်းကိုအရေးပါလာပါတယ်။ စာအရေးအသားကောင်းမွန်ပြီး ဖန်တီးမှုစွမ်းရည်ကောင်းတဲ့ စာရေးသားသူတွေအနေနဲ့ လစာကလည်း အတော်အသင့်ကောင်းမွန်စွာရရှိကြပါတယ်။ ကိုယ်ကစာရေးရတာဝါသနာပါပြီး ဆိုရှယ်မီဒီယာတွေ ဝက်ဆိုဒ်တွေမှာ အမိုက်စား စာတွေရေးသားချင်တယ်ဆိုရင်တော့ Content Writer လုပ်ဖို့ အကြံပြုချင်ပါတယ်။

(၃) Web Developer

Source : On Blast Blog

ဒီဂျစ်တယ်ခေတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Website တွေက မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။ Website တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာနဲ့ အမျှ Website Developer အလုပ်ဟာလည်း ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်သလို နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ကိုက်ညီမှုရှိတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

(၄) Graphic Designer

Source : FreeLogoServices

Graphic Design ပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့သူတွေအများကြီးရှိပါတယ်။ Graphic Designer တွေအနေနဲ့ အေဂျင့်စီတွေ In House Designer တွေအဖြစ်လုပ်ကိုင်ကြသလို Freelance အနေနဲ့လည်း လုပ်ကိုင်နေသူတွေအများကြီးရှိပါတယ်။ စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ ဖန်းတီမှုအနုပညာကိုချစ်မြတ်နိုးတယ်ဆိုရင်တော့ Graphic Designer အလုပ်ကိုရွေးချယ်သင့်ပါတယ်။