ဆောင်းတွင်းမှာ လူတိုင်းကြုံတွေ့ရတဲ့ အသားအရေပြဿနာတစ်ခုကတော့ အသားအရေခြောက်သွေ့ခြင်းပဲဖြစ်ပါတယ်။ အခြားသောအချိန်တွေမှာပါ အသားအရေခြောက်သွေ့တတ်တဲ့ ယောကျာ်းများကတော့ ဆောင်းရာသီမှာ ခြောက်သွေ့ခြင်းအပြင် ယားယံခြင်းကိုပါ အပိုဆောင်းခံစားလေ့ရှိပါတယ်။

ဒီလိုအသားအရေပြဿနာကြောင့် စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် အသားအရေကို လျင်မြန်စွာအစိုဓာတ်ပြန်လည်ထိန်းညှိပေးမယ့် အကောင်းဆုံးဘော်ဒီလိုးရှင်းများကို ဝေမျှပေးချင်ပါတယ်။

Cetaphil Intensive Healing Lotion

best body lotion for men with dry skin

ဒီလိုးရှင်းထဲမှာ ပါဝင်တဲ့ Ceramides သည် ပျက်စီးနေတဲ့အသားအရေများကို အမြန်ဆုံးကုသပေးပြီး နေကြာစေ့အဆီကတော့ အသားအရေကို ၂၄ နာရီပတ်လုံး ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးပါတယ်။ လိမ်းကျံလိုက်တဲ့အခါ ကပ်စေးကပ်စေးမရှိတာကြောင့် စိတ်သက်သာရာရစေမှာဖြစ်ပါတယ်။ အနံ့လည်း မပါဝင်တဲ့အတွက်ကြောင့် အမျိုးသားအများစု ကြိုက်နှစ်သက်ကြပါတယ်။ ဈေးနှုန်းကတော့ ၁၆ ဒေါ်လာပါ။

Jack Black

best body lotion for men with dry skin

ဒီလိုးရှင်းကတော့ ၄၂ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး သူ့ထဲမှာ စွမ်းအားပြည့်ဝတဲ့ Antioxidants များအပြင် သဘာဝထောပတ်ဆီမွှေး၊ လက်ဖက်စိမ်းနှင့် အခြားသော ဗီတာမင်ဓာတ်များဖြင့် ဖော်စပ်ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ရေဓာတ်ကို အများဆုံး ဖြည့်တင်းပေးထားနိုင်ပါတယ်။

CeraVE Daily Moisturizing Lotion

best body lotion for men with dry skin

သူကတော့ Lightweight ဖြစ်တဲ့အတွက်ကြောင့် အသားထဲ အမြန်ဆုံး စိမ့်ဝင်နိုင်ပြီး ကပ်စေးကပ်စေးမဖြစ်အောင်လည်း ကူညီပေးပါတယ်။ အရေပြားအထူးကုပညာရှင်များကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားတဲ့အတွက်ကြောင့် အသားအရေအတွက် ဘေးဥပါဒ်ဖြစ်မှာ စိုးရိမ်စရာမလိုပါဘူး။ ဒါ့အပြင် အနံ့မပါတဲ့အတွက်ကြောင့် Sensitive အရေပြားပိုင်ရှင်များလည်း အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁၂ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

Eucerin Intensive Repair Lotion

best body lotion for men with dry skin

ဒီလိုးရှင်းကတော့ ပျက်စီးကြမ်းတမ်းနေတဲ့ အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးအောင်၊ ကြေးချွတ်ပေးနိုင်အောင်နဲ့ အသားအရေပြန်လည်နူးညံ့စေဖို့ စတဲ့ ရည်ရွယ်ချက်သုံးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ 3 in 1 လိုးရှင်းလေးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၉ ဒေါ်လာ ကျသင့်မှာပါ။

Curel Hydratherapy

best body lotion for men with dry skin

အသားအရေက သာမန်ခြောက်သွေ့တဲ့အဆင့်မဟုတ်တော့ဘဲ အလွန်အမင်းယားယံလာပြီဆိုရင်တော့ Curel လိုးရှင်းကို အသုံးပြုနိုင်ပါတယ်။ ပျက်စီးခြောက်သွေ့ပြီး ယားယံနေတဲ့အသားအရေကို ဟိုးအတွင်းပိုင်းအထိ ဖောက်ထွင်းဝင်ရောက်ကာ ထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းထက်လိုးရှင်းပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၀ ဒေါ်လာ ကျသင့်မှာပါ။

La Roche-Posay

best body lotion for men with dry skin

လိုးရှင်းလိမ်းကျံပြီးတဲ့နောက်မှာ အသားအရေကို အေးအေးလေးနဲ့ နေလို့ထိုင်လို့ကောင်းတဲ့ ခံစားချက်များ ရရှိချင်တယ်ဆိုရင်တော့ La Roche-Posay လိုးရှင်းကိုသာ ရွေးချယ်လိုက်ပါ။ သူ့ကိုတော့ ၁၅ ဒေါ်လာနဲ့ ပေးဝယ်ရပါလိမ့်မယ်။ သူသည် Steroids ရော အနံ့ပါ မပါဝင်တဲ့အတွက်ကြောင့် Sensitive အသားအရေပိုင်ရှင်များပါ အသုံးပြုနိုင်ပါတယ်။

Vaseline

best body lotion for men with dry skin

ဒီဘရန်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားတံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ Spray Moisturizer ဖြစ်တဲ့အတွက်ကြောင့် စပရေးဖြန်းလိုက်ရုံပဲဖြစ်ပါတယ်။ အလုပ်များတဲ့ ယောကျာ်းများအတွက်တော့ အသင့်တော်ဆုံး စပရေးလိုးရှင်းလေးပါပဲ။ ဈေးနှုန်းကတော့ ၁၄ ဒေါ်လာ ကုန်ကျမှာပါ။

Source: Themanual.com