တိုတိုကပ်ကပ် ဆံပင်ညှပ်ထားတဲ့ အမျိုးသားများရဲ့အားသာချက်ကတော့ ဆံပင်ကို အမြဲတမ်းဖြီးလိမ်းပြင်ဆင်စရာမလိုဘဲ သပ်ရပ်ကျော့ရှင်းတဲ့ဖက်ရှင်ကို ပိုင်ဆိုင်နိုင်ခြင်းပဲဖြစ်ပါတယ်။ အမျိုးသားများအကြား လတ်တလောရေပန်းစားနေတဲ့ဆံပင်စတိုင်လ်ကတော့ Low Fade လို့ခေါ်တဲ့ ဆံပင်စတိုင်လ်ပဲဖြစ်ပါတယ်။
Low Fade ဆံပင်စတိုင်လ်ဆိုတာ ဦးခေါင်းရဲ့ဘေးဘက်နှစ်ခြမ်းရှိ ဆံပင်ကို တိုတိုကပ်ကပ်ကလေး ညှပ်ထားပြီး နောက်စေ့တွင်လည်း အပေါ်ကနေ အောက်ခြေအထိ ပါးပါးကပ်ကပ်ကလေး ညှပ်ထားတာဖြစ်ပါတယ်။
သင့်အနေနဲ့ အလုပ်ရှုပ်ရသက်သာချင်တယ်။ သပ်ရပ်ကျော့ရှင်းတဲ့ ဆံပင်စတိုင်လ်လေးလည်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Low Fade ဆံပင်ကေမျိုး ညှပ်ကြည့်ဖို့အတွက် အကြံပေးချင်ပါတယ်။ စံနမူနာယူလို့ရမယ့် Low Fade ဆံပင်ကေများကိုလည်း စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။
Source: Menshairstylestoday.com