ရေမွှေးများသည် ချွေးနံ့ပြင်းသော ကွီးတို့အတွက် အသက်ကယ်ဆေးတစ်ခုပါပဲ။ ကိုယ့်ရဲ့ချွေးနံ့ကို ဖုံးထားပေးပြီး မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ကူညီပေးနိုင်ပါတယ်။

ရေမွှေးဈေးကွက်ထဲတွင်လည်း ရွေးချယ်စရာရေမွှေးအမျိုးအစားများ အများအပြားရှိတဲ့အနက် မိမိကြိုက်နှစ်သက်ရာမွှေးရနံ့များကို ရွေးချယ်ကာ သုံးစွဲနိုင်ပါတယ်။

များပြားလှသော ရေမွှေးများ ရှိကြတဲ့အနက် အကောင်းစားကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ကမ္ဘာ့အကောင်းစား Luxury ရေမွှေးအမျိုးအစားများကို ဝေမျှပေးလိုက်ရပါတယ်။

Penhaligon

Best Luxury Fragrances and Perfumes for Men in the World

ဒီရေမွှေးလေးကတော့ ၂၀၂၀ ကမှ စတင်ထုတ်လုပ်ထားတဲ့ ရေမွှေးလေးပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ကျော် ကုန်ကျမှာဖြစ်ပါတယ်။

Le Labo Santal 33

Best Luxury Fragrances and Perfumes for Men in the World

ဒီရေမွှေးရဲ့ သက်တမ်းကတော့ ၁၁ နှစ်ကျော်ခန့် ရှိပါပြီ။ သူ့ရဲ့ ရနံ့ကတော့ အနံ့ပေါင်း (၈) မျိုးနဲ့ ဝယ်ယူရွေးချယ်နိုင်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၀၀ ကျော်ပေးဝယ်ရမှာဖြစ်ပါတယ်။

Maison Francis Kurkdjian

Best Luxury Fragrances and Perfumes for Men in the World

ဒီရေမွှေးကိုတော့ Francis Kurkdjian က တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူသည် ရှေးခေတ်အာရေဘီးယားလူမျိုးများရဲ့ ရေမွှေးရနံ့ကို Inspire ယူကာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီရေမွှေးလေးသည် Unisex ဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အတွက်သာမက ကွီးတို့ကောင်မလေးတွေပါ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ကျော် ကုန်ကျမှာဖြစ်ပါတယ်။

Creed Aventus

Best Luxury Fragrances and Perfumes for Men in the World

ဒီရေမွှေးလေးကတော့ ကြည့်လိုက်ရုံနဲ့တင် အင်မတန် Luxury ဆန်မှန်း သိသာပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ကျော် ပေးဝယ်ရမှာဖြစ်ပါတယ်။

 Maison Martin Margiela Jazz Club

Best Luxury Fragrances and Perfumes for Men in the World

ဒီရေမွှေးကတော့ တစ်နေ့တာလုံး အနံ့စွဲစေတဲ့အတွက်ကြောင့် ရေမွှေးချစ်သူများအကြား နာမည်ကြီးတဲ့ အကောင်းစားရေမွှေးပဲဖြစ်ပါတယ်။ သူ့ကိုတော့ ဒေါ်လာ ၇၀ ကျော်ခန့် ပေးဝယ်ရမှာဖြစ်ပါတယ်။

Clive Christian X

Best Luxury Fragrances and Perfumes for Men in the World

ဒီရေမွှေးကိုတော့ ၂၀၀၁ ခုနှစ်ကတည်းက Launch လုပ်ထားတာဖြစ်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ကျော်၊ ၄၀၀ ကြားထဲတွင် ရှိပါတယ်။

Tom Ford Soleil Blanc

Best Luxury Fragrances and Perfumes for Men in the World

အနံ့စူးစူးလေးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် Tom Ford ရဲ့ Soleil Blanc က အသင့်တော်ဆုံးပါပဲ။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ကျော် ပေးဝယ်ရမှာဖြစ်ပါတယ်။

Armani Prive Rose d’Arabie

Best Luxury Fragrances and Perfumes for Men in the World

ဒီရေမွှေး ဖော်စပ်တဲ့နေရာမှာ အဆီဓာတ်များများ အသုံးပြုထားတဲ့အတွက်ကြောင့် သူ့ရဲ့ရနံ့သည် တစ်နေကုန်ကြာရှည်ခံပါတယ်။ Unisex ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားရော အမျိုးသမီးပါ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင်ရှိပါတယ်။

Jo Malone London Oud & Bergamot

Best Luxury Fragrances and Perfumes for Men in the World

သူ့ရဲ့ရနံ့ကတော့ ချိုချိုအီအီလေးရှိတဲ့အတွက်ကြောင့် အနံ့စူးစူးကြီးတွေ မကြိုက်တဲ့ ကွီးတို့အတွက် သင့်တော်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၀ ဝန်းကျင်ရှိပါတယ်။

Dior Ambre Nuit

Best Luxury Fragrances and Perfumes for Men in the World

ရေမွှေးရနံ့များနဲ့ ပတ်သက်လာရင် Dior ကိုလည်း မေ့မထားသင့်ပါဘူး။ ဒီရေမွှေးရနံ့လေးကတော့ Grapefruit သီး၊ လိမ္မော်သီးရနံ့တို့ဖြင့် ပြုလုပ်ထားပြီး နှင်းဆီပန်းရနံ့လေးပါ ထည့်သွင်းထားတဲ့အတွက်ကြောင့် လန်းဆန်းတက်ကြွတဲ့ရနံ့ကို ပေးစွမ်းနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ နဲ့ ၅၀၀ အကြား ရှိပါတယ်။

Source: Manofmany.com

Featured Image: Thetrendspotter