ရုပ်ရှင်ဇာတ်ကားတွေထဲမှာ တကယ့် ဒိတ်ဒိတ်ကြဲသူဌေးများ၊ မီလီယံနာသူဌေးများသည် သူတို့ရဲ့အားလပ်ချိန်ကို ဇိမ်ခံအမိုက်စားရွက်လှေကြီးတွေပေါ်မှာ အချိန်ကုန်ကာ အပန်းခြေအနားယူကြတာကို မြင်တွေ့ရပါလိမ့်မယ်။

ဇိမ်ခံရွက်လှေချည်းပဲ ဆောက်လုပ်တဲ့ ကုမ္ပဏီသီးသန့်လည်း နိုင်ငံတကာမှာ အများအပြားရှိပါတယ်။ ရွက်လှေဒီဇိုင်နာများကလည်း မတူညီတဲ့ ဒီဇိုင်းအမျိုးမျိုးကို ဒီဇိုင်းရေးဆွဲကာ ရွက်လှေပိုင်ရှင်များစိတ်တိုင်းကျ ဖန်တီးပုံဖော်ပေးလေ့ရှိကြပါတယ်။

အနာဂတ်မှာ ကိုယ်ပိုင်ရွက်လှေတစ်စီး ပိုင်ဆိုင်ဖို့အတွက် စိတ်ကူးယဉ်ကြတဲ့ ရွက်လှေပိုင်ရှင်လောင်းလျာများအတွက် အခုကတည်းက ပုံဖော်ရေးဆွဲထားနိုင်အောင်လို့ အမိုက်စားရွက်လှေဒီဇိုင်းများနဲ့ သူတို့ရဲ့ကုမ္ပဏီအမျိုးအစားများကို တစ်ပါတည်း ဖော်ပြပေးလိုက်ရပါတယ်။

ရွက်လှေတစ်စီး ဆောက်တဲ့အခါ အမြင့်ပေ ၃၀ – ၅၀ ခန့်ရှိတဲ့ အသေးစားရွက်လှေကနေ ပေပေါင်း ၂၆၀ အထိရှိတဲ့ စူပါရွက်လှေကြီးများလည်းရှိပါတယ်။

Wally

Best Luxury Yacht Brands for Men

ရွက်လှေတစ်စီး ဆောက်တဲ့အခါ အမြင့်ပေ ၃၀ – ၅၀ ခန့်ရှိတဲ့ အသေးစားရွက်လှေကနေ ပေပေါင်း ၂၆၀ အထိရှိတဲ့ စူပါရွက်လှေကြီးများလည်းရှိပါတယ်။ ဒီရွက်လှေကတော့ အသေးစားရွက်လှေအမျိုးအစားဖြစ်ပြီး အီတလီကုမ္ပဏီတစ်ခုဖြစ်တဲ့ Wally က ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Sunreef

Best Luxury Yacht Brands for Men

ဒီကုမ္ပဏီကတော့ ပေ ၆၀ – ၁၀၀ အရွယ်အစားရှိ ရွက်လှေအသေးစားနှင့် ပေ ၁၅၀ – ၂၁၀ အရွယ်အစားရှိ စူပါရွက်လှေကြီးများကို ထုတ်လုပ်လျက်ရှိပါတယ်။ ပုံပါဒီဇိုင်းကတော့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် Eco-Friendly ပုံစံနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Fincantieri

Best Luxury Yacht Brands for Men

ဒီဘရန်းကတော့ သမိုင်းတစ်လျှောက်မှာ ရွက်လှေတွေ ဒီဇိုင်းတီထွင်ဆောက်လုပ်လာတာ အခုဆိုရင် နှစ်ပေါင်း ၂၃၀ ကျော်ကြာခဲ့ပါပြီ။ အဆင့်အမြင့်ဆုံး နည်းပညာကို အသုံးပြုထားပြီး ပင်လယ်ပြင်မှာ ဇိမ်ခံချင်သူများအတွက် အကောင်းဆုံးရွက်လှေတစ်စီးပဲဖြစ်ပါတယ်။

Nautor’s Swan

Best Luxury Yacht Brands for Men

ရွက်ဖျင်စတွေပါဝင်တဲ့ ရှေးဟောင်းရွက်လှေဒီဇိုင်းမျိုး ပုံဖော်ထားတာဖြစ်ပြီး ရှေးဟောင်းဒီဇိုင်းတွေကို နှစ်သက်သူတွေအတွက် အသင့်တော်ဆုံးရွက်လှေပါပဲ။ ရှေးဟောင်းဒီဇိုင်းနဲ့ အဆင့်မြင့်နည်းပညာတို့ကို ပေါင်းစပ်ပြီး တီထွင်ထုတ်လုပ်လိုက်တဲ့အခါမှာတော့ အခုလိုပဲ လှပတဲ့ရွက်လှေငယ်တစ်စီးရရှိသွားပါတယ်။

Royal Huisman

Best Luxury Yacht Brands for Men

စောစောက ရွက်လှေလိုမျိုးပဲ ရွက်ဖျင်စတွေပါဝင်ပြီး အရွယ်အစားအနည်းငယ်ကြီးသွားတဲ့ နောက်ထပ်ရွက်လှေတစ်စီးလည်းရှိပါသေးတယ်။ ပုံမှန်မြင်တွေ့ရတဲ့ အနေအထားကတော့ ရွက်ဖျင်စများကို လိပ်တင်ထားတဲ့ အနေအထားပဲဖြစ်ပါတယ်။

Best Luxury Yacht Brands for Men

ဒီပုံကတော့ ရွက်ဖျင်စတွေ ချထားပြီး ရွက်လွှင့်နေတဲ့ပုံပဲ ဖြစ်ပါတယ်။

Oceanco

Best Luxury Yacht Brands for Men

သင့်အနေနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ Eco-Friendly ဖြစ်တဲ့ ရွက်လှေမျိုးလည်း လိုချင်တယ်။ Classic ဆန်တဲ့ အရောင်မျိုးလည်းဖြစ်ရမယ်ဆိုရင်တော့ Oceanco ကို ရွေးချယ်နိုင်ပါတယ်။ သူ့အမျိုးအစားကတော့ စူပါရွက်လှေအမျိုးအစားဖြစ်ပြီး အတွင်းထဲမှာလည်း အခန်းငယ်ပေါင်းမျိုးစုံဖြင့် တီထွင်ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ဒီဇိုင်းများကို လေ့လာပြီးသွားတဲ့နောက်မှာ ဘယ်လိုရွက်လှေဒီဇိုင်းမျိုး ဝယ်ယူချင်စိတ်တွေ ပေါ်ပေါက်လာပါသလဲ။

Source: Luxatic.com

Featured Image Source: Goldenyachtcharters.com