မန်ချက်စတာ ယူနိုက်တက် အသင်းဆိုတာကတော့ ပရိသတ်တွေအားလုံးသိကြတယ် အင်္ဂလန် ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ထိပ်တန်းကလပ် အသင်းကြီးဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျောက် အစဉ်အလာကြီးမားတဲ့ ကလပ်အသင်းကြီးပဲ ဖြစ်ပါတယ်။ ၁၈၇၈ ခုနှစ်မှာ ယူတန်ဟိသ်ဆိုတဲ့ အမည်နဲ့ ကလပ်အသင်း စတင်ခဲ့ပြီး ၁၉၀၂ ခုနှစ်နောက်ပိုင်းမှ စတင်ပြီး မန်ချက်စတာ ယူနိုက်တက်လို့ နာမည်ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကမ္ဘာတစ်ဝှမ်း ပရိသတ်အခိုင်အမာရရှိထားပြီး ဆုဖလားပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့အအောင်မြင်ဆုံး ကလပ်အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အောင်မြင်မှုတွေအကြောင်း ပြောမယ်ဆိုရင် အသင်းနဲ့အတူတောက်ပခဲ့တဲ့ တိုက်စစ်မှူးကြီးတွေအကြောင်းကလည်း သေချာပေါက်ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဘောလုံးပရိသတ်တွေအတွက် မန်ချက်စတာ ယူနိုက်တက်အသင်းသမိုင်းတစ်လျောက်မှာ အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ ဂန္တဝင်တိုက်စစ်ကစားသမား ၄ ဦးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

(၄) ဝိန်း ရွန်နီ

WAYNE MARK ROONEY
Photo : The SportsRush

ပရိသတ်အချစ်တော်ကြီး အင်္ဂလန် လက်ရွေးစင်ကစားသမားဟောင်း ဝိန်း ရွန်နီကတော့ မန်ချက်တာယူနိုက်တာအသင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတွေက တစ်ဦးပဲ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် အသက် ၁၈ နှစ်အရွယ်မှာ အိုးထရက်ဖို့ဒ်ကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံးပွဲဦးထွက်ကစားခဲ့တဲ့ ဖီနာဘာချီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပဲ ဟက်ထရစ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မန်ချက်စတာယူနိုက်အသင်းနဲ့အတူ ဂန္ထဝင်မြောက်အောင်မြင်မှုတွေရဲ့ အစလို့ ဆိုရမှာဖြစ်ပါတယ်။ ရွန်နီဟာ ယူနိုက်တာအသင်းမှာ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့အတူ အကောင်းဆုံး အတွဲညီခဲ့ကြပြီး ပွဲပေါင်း ၅၅၉ ပွဲကစားခဲ့ကာ သွင်း ၂၅၃ ဂိုးနဲ့ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူခဲ့တဲ့ ကားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ ၅ ကြိမ် ၊ FA ဖလား နဲ့ ချန်ပီယံလိဂ် ဆုဖလား အပါအဝင် ဆုဖလားပေါင်း ၁၆ လုံးး ဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

(၃) ဒင်းနစ်လော

DENIS LAW
Photo : The Guardian

စကော့တလန်သားကြီး ဒင်းနစ်လောကတော့ ၁၉၆၂ ခုနှစ်မှာ ကလပ်အသင်းကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ ဒင်းနစ်လောဟာ အိုးထရက်ဖို့ဒ်ကွင်းရဲ့အပြင်ဘက်မှာရှိတဲ့ရုပ်ထုကြီးတွေမှာ ဂျော့ခ်ျနဲ့ ဘော်ဘီချာလ်တန်တို့နဲ့အတူ ဂုဏ်ပြုခံထားရတဲ့ ဂန္တဝင်တိုက်စစ်မှူးကြီးပဲ ဖြစ်ပါတယ်။

ဒင်းနစ်ကို အင်္ဂလန်ကလပ်အသင်းက စံချိန်တင် ခေါ်ယူခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းမှာ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၄၀၄ ပွဲကစားခဲ့ပြီး ဟက်ထရစ် ၄ကြိမ်နဲ့ စုစုပေါင်း သွင်းဂိုး ၂၃၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒင်းနစ်လောဟာ ဥရောပရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဆွတ်ခူးခဲ့တဲ့ မြောက်အမေရိကရဲ့ ပထမဆုံးကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

(၂) ဂျော့ဂ်ျဘတ်စ်

GEORGE BEST
Photo : Manchester Evening News

အိုင်ယာလန်သား ဂျော့ဂ်ျဘတ်စ်ဟာဆိုရင် ၁၉၆၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားကို စတင်ခဲ့သူပဲ ဖြစ်ပါတယ်။ ဂျော့ဂ်ျဟာ သူရဲ့မွေးရာပါ အံ့ဩသင့်ဖွယ် ပြေးနှုန်းနဲ့ ဘောလုံးအလိမ်အခေါက်စကေးတွေကြောင့် ပရိသတ်တွေကြားမှာ အတော်လေးကို နာမည်ကျော်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျော့ဂ်ျဘတ်စ် မန်ချက်စတာယူနိုက်တာမှာ ကစားခဲ့တဲ့ ကာလအတွင်း စကားတစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ မာရာဒိုနာက ကောင်းတယ် ၊ ပီလီက ပိုကောင်းတယ် ၊ ဂျော့ဂ်ျဘတ်စ် ကတော့အကောင်းဆုံး ဆိုတာပါပဲ။ ဒီစကားဟာ ဂျော့ဂ်ျဘတ်စ်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ အားလုံးကိုခြုံငုံပြီး ပြောလာတဲ့ စကားတစ်ခွန်းပဲ ဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်မှာတော့ ဂုဏ်​သိက္ခာကြီးမားတဲ့ ဘောလွန််ဒီအောဆု ရရှိခဲ့သလို ယူနိုက်တက်အသင်းနဲ့အတူလည်း ဥရောပဖလား ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပြီး ယူနိုက်တက်အသင်းကို ဥရောပဖလားနှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အဓိကကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဂျော့ဂ်ျဘတ်စ်ဟာ ယူနိုက်တက်ကစားသမားဘဝနဲ့ ပွဲပေါင်း ၄၇၀ ကစားခဲ့ပြီး သွင်းဂိုး ၁၇၉ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံး ကလပ်အသင်း ၁၈ သင်းကစားခဲ့ပေမယ့် အိုးထရက်ဖို့ဒ်ကတော့ ဂျော့ဂ်ျရဲ့ အကောင်းဆုံး ကစားသမားဘဝကို မီးမောင်းထိုးပြနေတဲ့ ကလပ်အသင်းလို့ ဆိုရမှာဖြစ်ပါတယ်။

(၁) အဲရစ် ကန်တိုနာ

ERIC DANIEL CANTONA

Photo : Irish Mirror

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့အကောင်းဆုံး တိုက်စစ်မှူးလို့ ပြောရင် ပြင်သစ်သားကြီး အဲရစ် ကန်တိုနာကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ၁၉၉၂ ခုနှစ်မှာ ကလပ်အသင်းကို စတင်ရောက်ရှိလာခဲ့ပြီး အိုးထရက်ဖို့ဒ်ရဲ့ ဘုရင်ကြီးလို့ ပရိသတ်တွေနာမည်ပေးထားရတဲ့အထိ အသင်းရဲ့ရှေ့တန်းတိုက်စစ်မှာအကောင်းဆုံးခြေစွမ်းတွေ ပြသခဲ့ပါတယ်။ ကန်တိုနာဟာ ၉၀ ခုနှစ် ကာလတွေအတွင်း ယူနိုက်တက်ရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူးကြီးပဲ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်မှာ အသင်းနဲ့အတူ ပထမဆုံးလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်မှုမှတ်တိုင်များကိုလည်း စိုက်ထူနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဂန္တဝင်တိုက်စစ်မှူးကြီး အဲရစ် ကန်တိုနာဟာ ယူနိုက်တက်အသင်း ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၁၈၅ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၈၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ သရဲနီတို့ရဲ့ စံထားရတဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးပဲ ဖြစ်ပါတယ်။

Featured Photo : Irish Mirror