ယောင်္ကျားတွေအတွက် လောကအတွေ့အကြုံဆိုတာ စုံလေ ကောင်းလေပါပဲ။ အချင်းချင်းတွေ့လို့ ဘဝအတွေ့အကြုံတွေနဲ့ ကိုယ့်ဝါသနာတွေအကြောင်း စားမြုံ့ပြန်စရာ မရှိရင် သိပ်မဟန်ပါဘူး။ ဘယ်အတွေ့အကြုံ ဝါသနာမှ အလကားဖြစ်သွားတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ လုပ်ရမှာက ကိုယ့်ကိုယ်ကို ပညာရပ်သစ်တွေ ၊ ဝါသနာသစ်တွေ လေ့လာရင်းနဲ့ စိန်ခေါ်နေဖို့ပါ။

ဒီလိုဝါသနာတွေ ထဲမှာမှ ဘဝတစ်လျှောက်လုံးအတွက် အကျိုးများတဲ့ ဝါသနာတစ်ချို့ရှိပါတယ်။

(၁) အားကစားလုပ်ခြင်း

Photo: Unsplash

ရက်ဂ်ဘီ ၊ ဘောလုံး ၊ ဘေ့စ်ဘော ၊ ဘက်စကတ်ဘော စတဲ့ အားကစားနည်းတွေဟာ ယောင်္ကျားတိုင်း တစ်ခုမဟုတ် တစ်ခု တတ်မြောက်ထားသင့်တဲ့ အားကစားနည်းတွေ ဖြစ်ပါတယ်။ အားကစားလုပ်ခြင်းဟာ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေတဲ့အပြင် လူတွေနဲ့ ဆက်ဆံနည်းပါ တတ်မြောက်သွားစေနိုင်ပါတယ်။

(၂) ဓါတ်ပုံရိုက်ခြင်း

Photo: Unsplash

ဓါတ်ပုံရိုက်တယ်ဆိုတာ အနုပညာတစ်ခုကို ဖန်တီးလိုက်တာလည်း ဖြစ်သလို အမှတ်တရကောင်းတစ်ခုအတွက် လက်တွေ့သက်သေလည်း ဖြစ်ပါတယ်။ အပျော်တန်းပဲ ဝါသနာကြောင့်ပဲ ဖြစ်ဖြစ် ဓါတ်ပုံရိုက်မယ်ဆိုရင်လည်း ဓါတ်ပုံရိုက်နည်းသင်တန်းကောင်းကောင်းတစ်ခု တက်ထားသင့်ပါတယ်။

(၃) စာဖတ်ခြင်း

Photo: Unsplash

စာဖတ်ခြင်းဟာ သင့်ခေါင်းကို ပိုကြီးပြီး သင့်မျက်လုံးတွေ ပိုအမြင်ထက်မြက်စေမယ့် ဝါသနာကောင်းတစ်ခု ဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ လူကို ပိုပြီး ဗဟုသုတပြည့်သူ ဖြစ်စေသလို လောကအမြင် ပိုမို ကျယ်ပြန့်ကာ စာနာစိတ်နဲ့ အကောင်းမြင်မှုပါ ထွန်းကားစေနိုင်ပါတယ်။

(၄) ကိုယ်ခံပညာ

Photo: Unsplash

ယောင်္ကျားတိုင်း တတ်သင့်တဲ့ အတတ်ပညာထဲမှာ ကိုယ်ခံပညာလည်း ပါပါတယ်။ ကိုယ်ခံပညာဟာ သင့်ခန္ဓာကိုယ်ကို ပိုမိုကြံ့ခိုင်စေသလို အရေးကြုံလာချိန်မှာ အလွန်ပဲ အသုံးဝင်မယ့် ပညာ ဖြစ်ပါတယ်။

(၅) တူရိယာတီးခတ်ခြင်း

Photo: Pexels

ဂီတဟာ လူတွေရဲ့ စိတ်နှလုံးကို နူးညံ့ပျော့ပျောင်းစေတဲ့ အရာပါ။ တူရိယာပစ္စည်းတွေ တီးခတ်တတ်ခြင်းဟာ လူ့အဖြစ်ကို ရခြင်းထဲက ထူးခြားနှစ်သက်စရာ အတတ်ပညာတစ်ခုလည်း ဖြစ်ပါတယ်။ ကြေး ၊ ကြိုး ၊ သားရေ ၊ လေ ၊ လက်ခုပ် စတဲ့ တူရိယာအနုပညာပစ္စည်းတွေကို တီးခတ်တတ်သူဟာ သူ့ဝါသနာနဲ့သူ ပျင်းစရာမရှိတဲ့ နေ့တွေ ဖြတ်သန်းနိုင်ပါလိမ့်မယ်။