မာတီနီကောင်းကောင်းတစ်ခွက် မြည်းစမ်းကြည့်ရင်း နတ်စည်းစိမ်ကို ခံစားချင်တယ်ဆိုတဲ့ ကွီးတို့အတွက် မိမိအိမ်မှာပဲ အလွယ်တကူဖျောစပ်နိုင်မယ့် အကောင်းစားမာတီနီ ဖျော်စပ်နည်းများကို ဝေမျှပေးချင်ပါတယ်။

ဗော့ကာ မာတီနီ ပြုလုပ်နည်း

Best Martini Recipes for Kwee

ပါဝင်ပစ္စည်းများကတော့ ပရီမီယမ် ဗော့ကာ စားပွဲတင်ဇွန်း ၄ ဇွန်း၊ Dry Vermouth စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၁ ဇွန်းခွဲ၊ အလှဆင်ဖို့ရန်အတွက် သံလွင်သီး ၃ လုံး (သို့) လီမွန်အခွံ အနည်းငယ်တို့ဖြစ်ပါတယ်။

သံလွင်သီး (သို့) လီမွန်အခွံများမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံးကို ကော့တေး Shaker ဖန်ခွက်ထဲထည့်ကာ ပုလင်းကို လှုပ်ခါပေးလိုက်ပါ။ ပြီးရင်တော့ မာတီနီသောက်မယ့် ဖန်ခွက်ထဲသို့ ပြောင်းထည့်လိုက်ပါ။

လီမွန်ခွံ (သို့) သံလွင်သီးများဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ အရသာထူးကဲကောင်းမွန်တဲ့ ဗော့ကာ မာတီနီတစ်ခွက် ရရှိသွားပါပြီ။

ပြီးပြည့်စုံတဲ့ မာတီနီ ဖော်စပ်နည်း

Best Martini Recipes for Kwee

ပါဝင်ပစ္စည်းများကတော့ ဂျင်မ် စားပွဲတင်ဇွန်း ၄ ဇွန်း၊ Dry Vermouth စားပွဲတင်ဇွန်း ၁ ဇွန်း၊ Sweet Vermouth စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် အလှဆင်ရန် သံပုယိုအခွံ (သို့) သံလွင်သီးတို့ လိုအပ်ပါမယ်။

ဖန်ခွက်ထဲတွင် ရေခဲတုံးများ၊ ဂျင်မ်၊ Dry Vermouth နှင့် Sweet Vermouth တို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။

Best Martini Recipes for Kwee

ထို့နောက် ကော့တေးဖန်ခွက်ထဲသို့ ရေခဲတုံးမပါစေဘဲ အရည်များကိုသာ စစ်ထည့်လိုက်ပါ။

Best Martini Recipes for Kwee

ပြီးရင်တော့ သံပုယိုခွံ (သို့) သံလွင်သီးတို့ဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ လျှာလည်သွားစေမယ့် မာတီနီတစ်ခွက် ရရှိသွားပါပြီ။

Cosmopolitan မာတီနီ

Best Martini Recipes for Kwee

ပါဝင်ပစ္စည်းများကတော့ ဗော့ကာ စားပွဲတင်ဇွန်း ၄ ဇွန်းခွဲ၊ လိမ္မော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း၊ လတ်လတ်ဆတ်ဆတ် ညစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရိန်းဘယ်ရီဖျော်ရည် စားပွဲတင်ဇွန်း တစ်ဝက်နှင့် အလှဆင်ရန်အတွက် လိမ္မော်ခွံအနည်းငယ် လိုအပ်ပါလိမ့်မယ်။

ကော့တေး Shaker ထဲသို့ ဗော့ကာ၊ လိမ္မော်ရည်၊ သံပုရာရည်နှင့် ခရိန်းဘယ်ရီသီးဖျော်ရည်တို့ထည့်ပါ။ ရေခဲတုံးအနည်းငယ်ထည့်ကာ လှုပ်ခါပေးလိုက်ပါ။

ရရှိလာတဲ့ဖျော်ရည်ကို မာတီနီဖန်ခွက်ထဲထည့်ကာ လိမ္မော်ခွံဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ စူးရှယစ်မူးသွားစေမယ့် Cosmopolitan မာတီနီတစ်ခွက်ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Thespruceeats.com

Featured Image: Thespruceeats.com