ယောင်္ကျားဝတ်ဘောင်းဘီတွေထဲမှာ Jeans Pant ဟာ Popular အဖြစ်ဆုံးဖက်ရှင်ပါပဲ။ Jeans တွေဟာ Casual Style ဖြစ်လို့ နေ့စဉ်ဘဝမှာ ပုံမှန်ဖက်ရှင်အဖြစ်လည်း အဝတ်များပါတယ်။ ဒီတော့ အဝတ်များတဲ့ Jeans ဘောင်းဘီနဲ့ ဘယ်လိုဖိနပ်မျိုး စီးရင် အကောင်းဆုံးလဲ ဆိုတာ ပြောပြချင်ပါတယ်။
(၁) Nike Jordan 1

Photo: highsnobiety
Denim Jeans တွေနဲ့ အလိုက်ဖက်ဆုံး Sneaker တစ်ခုက Air Jordan 1 ပါပဲ။ Air Jordan 1 တွေက ဈေးအရမ်းအမြောက်ကြီး မဟုတ်သလို လူငယ်ပီသမှု ၊ အဆင့်အတန်းရှိရှိနဲ့ ပွဲလယ်တင့်မှုမှာ ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ ဖိနပ်တစ်ရံပဲလို့ ဆိုချင်ပါတယ်။
(၂) Air Force 1

Photo: Unsplash
Casual ဆို Nike ဖိနပ်တွေ ရွေးသင့်ပါတယ်။ Hip-Hop လောကမှာ Nike Air Force 1 ဖိနပ်တွေ အကြီးအကျယ်ပေါက်သလို လူငယ်ထုအကြားမှာလည်း Air Force 1 တွေက ရေပန်းစားပါတယ်။ Jeans ဘောင်းဘီနဲ့ တွဲစီးဖို့ တန်ဖိုးမြင့်အမိုက်စား Shoes တစ်ရံ ရွေးမယ်ဆိုရင် Air Force 1 ကလည်း ရွေးချယ်စရာတစ်ခုပါပဲ။
(၃) Chukkas

Photo; thecoolist
ဆောင်းတွင်းဖက်ရှင်တွေအဖြစ် နာမည်ကြီးတဲ့အထဲမှာ Chukkas ဖိနပ်တွေလည်း ပါပါတယ်။ လည်သာညို Chukkas တွေနဲ့ အလိုက်ဖက်ဆုံး Jeans ဘောင်းဘီက Black Denim ဂျင်းပဲဖြစ်ပါတယ်။ ကြိုးတပ်ပြီး စီးရတဲ့ ဖိနပ်မျိုး မကြိုက်ရင်တော့ Chukkas နဲ့ ဆင်တဲ့ Chelsea Boots တွေ ရွေးဖို့ အကြံပေးချင်ပါတယ်။
(၄) Brown Loafer

Photo: bespokeunit
Loafer တွေဟာ ပေါ့ပေါ့ပါးပါး နွေရာသီ စီးစရာအဖြစ် လူသိများပါတယ်။ Loafer တွေရဲ့ သက်တောင့်သက်သာရှိမှုနဲ့ Denim Jeans တွေရဲ့ လွတ်လပ်မှုဟာ လိုက်ဖက်ပါတယ်။ Jeans အမျိုးအစားမရွေးနဲ့ တွဲစီးဖို့ဆို အညိုရောင် Loafer ကို စီးသင့်ပါတယ်။
