ဖက်ရှင်ကျပြီး ပြီးပြည့်စုံတဲ့စတိုင်ရဖို့ဆိုရင် ဖိနပ်တွေရဲ့ အခန်းကဏ္ဍကလည်းမေ့ထားလို့မရပြန်ပါဘူး။ အခုလိုပူအိုက်တဲ့ရာသီမျိုးမှာ စတိုင်လည်းမပျက် ဖက်ရှင်လည်းကျချင်တယ်ဆိုရင် မှန်ကန်တဲ့ဖိနပ်ရွေးချယ်တက်ဖို့အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ ယောကျာ်းလေးတွေဝတ်ဆင်သင့်တဲ့ နွေရာသီအတွက်အသင့်တော်ဆုံး ဖိနပ်ဒီဇိုင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Loafer

အမျိုးသားတိုင်းလိုလို Loafer ဖိနပ်တစ်ရံတော့ပိုင်ဆိုင်ထားသင့်ပါတယ်။ Loafer ဖိနပ်တွေက စတိုင်လည်းကျပြီး စီးရတာသက်တောင်သက်သာရှိတဲ့အတွက် အပြင်သွားတဲ့အခါဖြစ်ဖြစ် ပွဲတက်တဲ့အခါဖြစ်ဖြစ်ဝတ်ဆင်ဖို့သင့်တော်ပါတယ်။ နေ့စဉ်ပုံမှန်အတိုင်းဝတ်ဆင်ဖို့ဆိုရင် အရောင်ခပ်ဖျော့ဖျော့ Loafers ဖိနပ်ပုံစံမျိုးရွေးချယ်သင့်ပြီး ပွဲလမ်းသဘင်တွေသွားဖို့ဆိုရင်တော့ အရောင်ခပ်ရင့်ရင့် Loafers ဖိနပ်ဒီဇိုင်းတွေဝတ်ဆင်ဖို့အကြံပြုချင်ပါတယ်။

(၂) Boat Shoe

ဖက်ရှင်ကျကျစတိုင်ထုတ်ချင်သူတွေအတွက်တော့ Boat Shoe တွေကမဖြစ်မနေရွေးချယ်သင့်ပါတယ်။ ရုံးတက်ရတဲ့ ကွီးတွေအနေနဲ့ဆိုရင် လည်သာသားရေနဲ့ ပြုလုပ်ထားတဲ့ Boat Shoe တွေကိုပိုပြီးရွေးသင့်ပါတယ်။ လည်သာ Boat Shoe တွေက အကြမ်းခံပြီး အဝတ်အစားကိုလည်းပိုပြီးတောက်ပြောင်ခန့်ညားသွားစေတာကြောင့် ဝတ်ဆင်ရင်မမှားတဲ့ ခံစားချက်မျိုးရနိုင်မှာသေချာပါတယ်။

(၃) White Leather Sneaker

အဖြူရောင် လည်သာ Sneaker တွေကတော့ ဖက်ရှင်ရေစီးကြောင်းမှာ ယနေ့တိုင်လူကြိုက်များနေဆဲ ဖိနပ်တစ်မျိုးပါ။ ဘယ်လိုဖက်ရှင်မျိုးနဲ့ ဖြစ်ဖြစ် လိုက်ဖက်မှုရှိပြီး တွဲဖက်ဝတ်ဆင်လို့အကောင်းဆုံးဖိနပ်မျိုးဖြစ်ပါတယ်။ နွေရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ထုတ်ချင်သူတွေအနေနဲ့ အဖြူရောင် လည်သာ Sneaker တွေသာဝတ်ဆင်လိုက်ပါ။

(၄) Espadrille

ပေါ့ပါးမှုနှင့်သက်တောင့်သက်သာရှိမှုကို ဦးစားပေးသူတွေအတွက်တော့ Espadrille ဖိနပ်ကရွေးချယ်သင့်တဲ့ ဖိနပ်တစ်မျိုးပါ။ ဂျင်းဘောင်ဘီ Chino ဘောင်းဘီ ဘောင်ဘီအတို စတဲ့ဖက်ရှင်အားလုံးနဲ့ လိုက်ဖက်မှုရှိပြီး ပေါ့ပါးတဲ့အတွက် စီးရတာလည်းအရမ်းကို သက်တောင့်သက်သာရှိတာကြောင့် နွေရာသီအတွက်တော့ အင်မတန်ကိုက်ညီမှုရှိတဲ့ ဖိနပ်ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။