ကွီးတို့ရေ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်လည်းသက်သာတဲ့ နာရီမျိုးရှာနေပါသလား။ များသောအားဖြင့် အမျိုးသားဝတ်နာရီအများစုဟာ ဈေးနှုန်း မြင့်မြင့်ထဲမှာပါဝင်တယ်လို့ သတ်မှတ်လို့ရပေမယ့် ဒီဇိုင်းပိုင်းလှပမှုရှိပြီး အရည်အသွေးလည်း ကောင်းမွန်တဲ့ ရွေးချယ်စရာ နာရီအမျိုးအစားတွေလည်း ရှိပါသေးတယ်။ ဒီလိုနာရီတွေထဲကမှာ တစ်ခေါက်မှာတော့ ဒေါ်လာ ၂၀၀ အောက်က ရွေးစရာ အကောင်းဆုံး အမျိုး သားဝတ်လက်ပတ်နာရီ ၅ လုံးအကြောင်း ပြောပြပေးချင်ပါတယ်။

Skagen Aaren Kulor Green Silicone 41mm Watch

Skagen Aaren Kulor Green Silicone 41mm Watch
ဒီနာရီရဲ့ ပဲ့ကိုင်ရှင် Skagen ကတော့ ဒိန်းမတ်နိုင်ငံရဲ့ အရောင်အသွေးစုံလင်လှတဲ့ ကမ်းရိုးတန်းအလှကို ကိုယ်စားပြုပြီး Skagen Aaren Kulor Green Silicone 41mm Watch နာရီကို ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင်ကာလာနဲ့ ရိုးရှင်းတဲ့ အလူမီနီယမ် ဒိုင်ခွက်ဒီဇိုင်းက ဆွဲဆောင်မှုရှိစေပြီး အစိမ်းရောင် ဆီလီကွန်နာရီကြိုးနဲ့ ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၆၇ ဒေါ်လာသာ ကျသင့်မှာဖြစ်ပါတယ်။

Nixon Porter Bracelet Watch 40mm

Nixon Porter Bracelet Watch 40mm

ရွှေရောင်တောက်တောက် နာရီမျိုးဝတ်ရမှာ မကြိုက်တဲ့သူတွေအတွက် Nixon’s ရဲ့ Porter နာရီက ရွေးချယ်ဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဆွဲမက်စရာ Rose gold ကာလာကိုမှ သတ္တုရောင်နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ ရွှေရောင်အရမ်းတောက်မနေပဲ အရောင်ငြိမ်ငြိမ်လေးနဲ့ ဆွဲဆောင်မှုရှိနေစေမှာ ဖြစ်ပါတယ်။ အမဲရောင်နာရီဒိုင်ခွက် ပေါ်က ရွေ့လျားနေတဲ့ Rose gold နာရီလက်တံလေးတွေဟာ အောက်ခံအနက်ရောင်ကြောင့် ပိုမိုထင်ရှားပေါ်လွင်စေပြီး စမတ်ကျကျ နဲ့ကျက်သရေရှိတဲ့ အသွင်ကို ပုံဖော်ပေးမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၇၅ ဒေါ်လာဝန်းကျင်ရှိပါတယ်။

Hugo Boss Stand Leather Strap Watch 42mm

Hugo Boss Stand Leather Strap Watch 42mm

Hugo Boss ရဲ့ Minimalist style သားရေနာရီကတော့ ကြာရှည်ခံပြီး ဘယ်တော့ ရိုးမသွားတဲ့ ဒီဇိုင်းတစ်ခုလို့ ဆိုရမှာပါ။ ရင့်ကျက်တည်ငြိမ်တဲ့ အနက်ရောင်ဒီဇိုင်း ၊ သတ္တုရောင်ဘက်အနည်းငယ်ပြေးတဲ့ ဒိုင်ခွက်မျက်နှာပြင် ၊ stainless steel နာရီကိုယ်ထည်နဲ့ အိုင်းယွန်းနစ်လည်သာကြိုးတို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဆွဲဆောင်မှုအရှိဆုံး နာရီတစ်လုံး ဖြစ်ပါတယ်။ နာရီဒိုင်ခွက်ပေါ်က ၁၀ နာရီတည့်တည့်မှာ ” Ten” ဆိုတဲ့တစ်လုံးတည်းသော စာလုံးရေးထွင်း ထားမှုကလည်း ရိုးရိုးလေးနဲ့ ဆန်းနေစေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၃၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

G-Shock Mineral GBD800UC-5

G-Shock Mineral GBD800UC-5

G-Shock ကတော့ လူငယ်အများစု ကြိုက်နှစ်သက်တဲ့ နာရီအမျိုးအစားတစ်ခုလို့ပြောရင် ငြင်းနိုင်မယ်မထင်ပါဘူး။ အဓိကအားဖြင့် ပေါ့ပါးလွတ်လပ်မှုရှိပြီး ခေတ်မီတဲ့စတိုင်လ်နဲ့ ထူးခြားတဲ့ နာရီဒိုင်ခွက်ဒီဇိုင်းတို့က လူငယ်ဆန်တဲ့ ဖက်ရှင်အသွင်ကို အပြည့်အဝခံစားရစေမှာ ဖြစ်ပါတယ်။ အားကစားသမားများနှင့် စွန့်စွန့်စားစား အားကစားနည်းတွေ လုပ်ဆောင်ရတာကြိုက်နှစ်သက်တဲ့ အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၁၀ ကျသင့်မှာဖြစ်ပါတယ်။

MVMT Legacy Slim Mirage 42mm

MVMT Legacy Slim Mirage 42mm

တည်ငြိမ်ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတဲ့ လူလတ်ပိုင်းအမျိုးသားတို့အတွက် အသင့်တော်ဆုံး နာရီတစ်လုံးဖြစ်ပါတယ်။ ကြေးညိုရောင် နာရီကိုယ်ထည် ၊ အညိုဖျော့ဖျော့ နာရီဒိုင်ခွက်ကာလာနဲ့ အနက်ရောင်သားရေ နာရီကြိုးတို့ပေါင်းစပ်ဖန်တီးထားမှုဟာ လွတ်လပ်ပေါ့ပါးမှုရှိပြီး စမတ်ကျစေတဲ့ အသွင်ကိုဆောင်စေကာ Formal ရော Casual အနေနဲ့ပါ ဝတ်ဆင်လို့ရမယ့် နာရီအမျိုးအစားပဲ ဖြစ်ပါတယ်။ နာရီလက်ပတ် ကြိုးတွေကိုလည်း အရောင်အမျိုးမျိုး အလဲလှယ်လုပ်ဝတ်လို့ ရပါသေးတယ်။ ဈေးနှုန်းကတော့ ၁၁၈ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

Featured Photo :The Manual