အမျိုးသားတစ်ယောက်ရဲ့စတိုင်လ်ကို မြှင့်တင်ပေးနိုင်တဲ့အသုံးအဆောင်တွေထဲမှာ နာရီတွေက မပါမဖြစ်ပါပဲ။ နာရီတွေဟာ လူတစ်ယောက်ရဲ့ စတိုလ်ကိုမြှင့်တင်ပေးနိုင်ရုံမက သူရဲ့ပင်ကိုယ်စရိုက် ကိုလည်း ဖော်ပြရာရောက်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာပြောပြပေးမှာကတော့ အမျိုးသားတစ်ယောက်ရဲ့စတိုင်လ်ကို မြှင့်တင်ပေးနိုင်ပြီး ဈေးနှုန်းအားဖြင့်လည်း ဒေါ်လာ ၁၀၀၀ အောက်သာရှိတဲ့ အကောင်းဆုံးနာရီအမှတ်တံဆိပ်တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Hamilton Ventura

Hamilton Ventura

Photo : The Manual

Hamilton ကုမ္ပဏီဟာ ဆွဲဆောင်မှုရှိတဲ့မျက်နှာပြင်နဲ့ ထူးခြားတဲ့ ဒီနာရီကို ၁၉၅၇ ခုနှစ်လောက်စတင် မိတ်ဆက်ခဲ့ပါတယ်။ စွဲမက်ဖွယ် အနက်ရောင်ဒီဇိုင်းနဲ့ အချိုးစားခပ်ဆန်းဆန်း ပုံသဏ္ဌန်နဲ့ထုတ်လုပ်ထားတဲ့ Hamilton Ventura နာရီဟာဆိုရင် ဈေးနှုန်းအားဖြင့် ဒေါ်လာ ၆၄၁ ဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

(၂) Movado Bold Mesh

Movado Bold Mesh

Photo : The Manual

Movado နာရီဟာ ၂၀ ရာစုအလယ်ပိုင်းနှစ်များဆီက ဒီဇိုင်းကိုအခြေခံထုတ်လုပ်ထားတဲ့နာရီဖြစ်ပြီး ဒီဇိုင်းပိုင်းရိုးရိုးရှင်းရှင်းနဲ့ နာရီမျက်နှာပြင်ရဲ့ ၁၂ နာရီတည့်တည့်မှာ နေကိုကိုယ်စားပြုထားတဲ့ အမှတ်အသား အစက်လေးတစ်ခုသာပါဝင်ပါတယ်။ နာရီကိုယ်ထည်နဲ့ ကြိုးတွေက ရွှေရောင်ကိုသုံးထားတဲ့အတွက် သပ်ရပ်ပြီးကျက်သရေရှိတဲ့ ဖက်ရှင်အသွင်ကို ရစေမှာပါ။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၅၉၅ ဝန်းကျင်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

(၃) Shinola Canfield

Shinola Canfield

Photo : The Manual

နေ့စဉ်ထသွားထလာအတွက်သာမက ပွဲတက်ဖက်ရှင်အနေနဲ့ပါ ဝတ်ဆင်နိုင်မယ့် အကောင်းဆုံးနာရီဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ Classic ဆန်တဲ့နာရီမျက်နှာပြင်နဲ့ အညိုဖျော့ဖျော့သားရေသိုင်းကြိုးပေါင်းစပ်ထားတဲ့ ဒီဇိုင်းဖြစ်တာကြောင့် timeless style အနေနဲ့ ဝတ်ဆင်နိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့်လည်း ၄၆၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

(၄) Dan & Méz Automatic Black

Dan & Méz Automatic Black

Photo : The Manual

Swiss နာရီတွေကြိုက်နှစ်သက်တဲ့ အမျိုးသားအတွက်တော့ Dan & Méz Automatic Black နာရီဟာ သေချာပေါက်ရွေးချယ်ရမယ့် နာရီဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ လူငယ်ဆန်ဆန် အမဲရောင်ဒီဇိုင်းနဲ့ နာရီမျက်နှာပြင်မှာ ဒိုင်ခွက်အသေးလေးနှစ်ခု ထပ်မံထည့်သွင်းထားတဲ့ အနုစိတ်လက်ရာမြောက် နာရီတစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၅၈၉ ဒေါ်လာနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

(၅) Citizen Eco-Drive Promaster Blue Angels Skyhawk A-T Titanium

Citizen Eco-Drive Promaster Blue Angels Skyhawk A-T Titanium

Photo : The Manual

U.S. Navy ရဲ့ Blue Angels လို့အမည်ပေးထားတဲ့ သရုပ်ပြလေယာဉ်တွေရဲ့ အချိန်တိကျစွာပျံသန်းခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ထုတ်လုပ်ထားတဲ့ နာရီဖြစ်ပြီး Blue Angels လေယာဉ်အရောင်ဖြစ်တဲ့ အပြာနဲ့အဝါရောင်ကိုအဓိက သုံးထားပါတယ်။ နာရီကိုကြည့်လိုက်တာနဲ့ Blue Angels တွေပျံသန်းမှုကို အနီးကပ်မြင်တွေ့ရသလို ခံစားရစေပြီး ဈေးနှုန်းအားဖြင့် ၈၉၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Featured Photo : V MAN