ပိုင်ဆံအိတ်ဆိုတာ နေ့စဉ်ဘဝအတွက် လိုအပ်သော ဖက်ရှင်အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ မိမိပိုက်ဆံများကို ပိုက်ဆံအိတ်ထဲတွင် စနစ်တကျထည့်သိမ်းထားမှသာလျှင် ပိုက်ဆံတွေ အလေအလွှင့် အပျောက်အရှနည်းမှာ ဖြစ်ပါတယ်။
တချို့ကလည်း ပိုက်ဆံအိတ်ဆိုရင် ဖုန်းရော၊ သော့တွေပါ ထည့်လို့ရတဲ့ ပိုက်ဆံအိတ်ခပ်ကြီးကြီးကို ကြိုက်နှစ်သက်ကြပြီး အချို့ကတော့ ပိုက်ဆံအိတ် သေးသေးကွေးကွေးတွေကိုသာ ကြိုက်နှစ်သက်ကြပါတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ ပိုက်ဆံအိတ်သေးသေးလေးတွေကို ကြိုက်နှစ်သက်တဲ့ ယောကျာ်းများအတွက် အလှပဆုံးနဲ့ အခိုင်ခံ့ဆုံး ပိုက်ဆံအိတ်ဒီဇိုင်းတချို့ကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
Hentley
ဒီပိုက်ဆံအိတ်ကတော့ ဝီစကီရောင်နှင့် မီးခိုးရောင်ဆိုပြီး နှစ်ရောင်လာပါတယ်။ ဒေါ်လာ ၉၇ ဒေါ်လာ ကျသင့်ပါလိမ့်မယ်။
The Goods
ဒီပိုက်ဆံအိတ်ကတော့ အမေရိကန်ဒေါ်လာ ၇၀ ကျော် ကျသင့်ပါတယ်။
VOCARO
အနက်ရောင် ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Vocaro တံဆိပ်ကို ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀ ရှိပါတယ်။
Harber London
ရိုးရိုးရှင်းရှင်းနဲ့ နန်းဆန်တဲ့ဒီဇိုင်းကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အရောင် (၆) ရောင်နဲ့ လာတဲ့ ဒီပိုက်ဆံအိတ်ကို ဝယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ပေါင် ၇၉ ပေါင် ကျသင့်မှာပါ။
Ezra Arthur
ဒီဇိုင်းခပ်ဆန်းဆန်းနဲ့ ထုတ်ထားတဲ့ ဒီပိုက်ဆံအိတ်လေးကတော့ ဒေါ်လာ ၄၀ တန်ဖိုးရှိပါတယ်။
Jack Mason
ဒီပိုက်ဆံအိတ်ကတော့ ဒေါ်လာ ၁၁၅ ကျပ် ကျသင့်မှာဖြစ်ပြီး အရောင်ကတော့ အညိုရောင်တစ်ရောင်တည်း ရရှိမှာပါ။
DPTR
ချီကာဂိုမြို့မှ ထုတ်လုပ်ထားတာဖြစ်ပြီး နွားသားရေဖြင့် ထုတ်လုပ်ထားတာပါ။ အရောင် (၂) မျိုး ရွေးချယ်နိုင်ပြီး ဈေးနှုန်းကတော့ ၅၉.၉၅ ဒေါ်လာ ကျသင့်ပါတယ်။
Vacavaliente
ဒီပိုက်ဆံအိတ်ကတော့ အရောင်တစ်မျိုးတည်းပဲ လာပါတယ်။ သားရေသား ကောင်းကောင်းကို အသုံးပြုထားပြီး ဘဏ်ကတ် (၈) ကတ်နှင့် ပိုက်ဆံအချို့ ထည့်နိုင်ပါတယ်။ တန်ဖိုးအားဖြင့်တော့ ဒေါ်လာ ၄၃.၉၅ ကျသင့်မှာပါ။
Lean
အရောင် (၄) ရောင် ရွေးချယ်နိုင်ပြီး ဒေါ်လာ ၆၅ ကျပ် ကျသင့်မှာဖြစ်ပါတယ်။
Dash
သင့်အနေနဲ့ ဒီပိုက်ဆံအိတ်ကို ဝယ်မယ်ဆိုရင်တော့ ဒေါ်လာ ၂၀ ဝန်းကျင်နဲ့ ဝယ်ယူနိုင်ပြီး အရောင်ရွေးချယ်မှုကတော့ အနက်ရောင်နှင့် နေဗီပြာရောင်တို့ကို ရွေးချယ်နိုင်ပါတယ်။
Source: Manofmany.com
Featured Image Source: Manofmany.com