ဆိုင်ကယ်စီးတဲ့အခါ helmets ကောင်းကောင်းဝတ်ကြပေမယ့် ဆိုင်ကယ်စီး ဘွတ်ဖိနပ်တွေဝတ်ဖို့ကိုတော့ မေ့နေမိတက်ပါတယ်။ တကယ်တော့ မော်တော်ဆိုင်ကယ်စီး ဘွတ်ဖိနပ်တွေ ဝတ်ဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။ ဘာလို့ဆို ဆိုင်ကယ်စီး ဘွတ်ဖိနပ်တွေက မထင်မှတ်တဲ့အခြေအနေတွေ ကြုံလာတဲ့အခါမှာ ကွီးတို့ရဲ့ ခြေထောက်နဲ့ ခြေကျင်းဝတ်ကို ဘေးကင်းမှုရှိစေဖို့ များစွာအကူညီပေးနိုင်သလို ဆိုင်ကယ်စီးချိန်မှာလည်း ဖက်ရှင်ကျကျနဲ့ စတိုင်မိမိုက်နေစေမှာပဲ ဖြစ်ပါတယ်။ ကဲဒါဆို Biker ကွီးတို့ရွေးချယ်သင့်တဲ့ အကြမ်းခံပြီး ဈေးတန်တဲ့ ဒေါ်လာ ၅၀၀ အောက်က အကောင်းဆုံး ဆိုင်ကယ်စီး ဘွတ်ဖိနပ်တွေကို ပြောပြပေးလိုက်ပါတယ်။
(၁) The Rokker Company Urban Racer

မော်တော်ဆိုင်ကယ်စီး ဘွတ်ဖိနပ်တွေမှာတော့ ဆွစ်ဇာလန် ထုတ် Rokker ဖိနပ်တွေက သိပ်ကို နာမည်ကြီးပါတယ်။ ဒီဘွတ်ဖိနပ်ကတော့ vintage စတိုင်ကိုမှ လည်သာ သားရေထူထူနဲ့ ချုပ်ထားတဲ့အတွက် ခြေထောက်နဲ့ ခြေကျင်းဝတ်တွေကို ကောင်းကောင်းကာကွယ်မှုပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ရေစိုခံပြီး လေ၀င်လေထွက်ကောင်းတဲ့အတွက် ပူအိုက်တဲ့ရာသီတွေတောင်မှာ သက်တောင့်သက်သာဝတ်နိုင်မှာပါ။ ဈေးနှုန်းကတော့ ၄၉၉ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။
(၂) Belstaff Endurance Leather Motorcycle Boots

ဒီဖိနပ်ကတော့ ချုပ်ရိုးချုပ်သား သပ်ရပ်စတိုင်ကျမှုနဲ့အတူ အရည်အသွေးကောင်းမွန်တဲ့ Belstaff တံဆိပ် လည်သာဘွတ်ဖိနပ်ပဲ ဖြစ်ပါတယ်။ နာမည်ကျော် British ဘွတ်ဖိနပ်ချုပ်လုပ်သူတစ်ဦးရဲ့ လက်ရာဖြစ်ပြီး ကျွဲသားရေနဲ့ ချုပ်လုပ်ထားတဲ့ ရေစိုခံ ၊ အကြမ်းခံ ဆိုင်ကယ်စီး ဘွတ်ဖိ နပ်တစ်ရံပဲ ဖြစ်ပါတယ်။ လည်ရှည်ဖိနပ်ပုံစံဖြစ်ပေမယ့် တစ်နေကုန် သက်တောင့်သက်သာ ဝတ်ဆင်နိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ ၄၉၅ ဒေါ်လာဝန်းကျင်ရှိပါတယ်။
(၃) Sidi Adventure 2 Gore-Tex Boots

Adventure 2 Gore-Tex ဘွတ်ဖိနပ်တွေကတော့ လမ်းကြမ်းမော်တော်ဆိုင်ကယ်စီးသူတွေနဲ့ စွန့်စားခန်းဖွင့်ချင်သူတွေအတွက် အထူးပဲသင့်တော်ပါတယ်။ အမိုက်စားဒီဇိုင်းနဲ့ အကြမ်းခံပြီးတော်ရုံထိခိုက်မှုနဲ့ မတော်တဆမှုအခြေအနေတွေမှ ကောင်းစွာကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ လည်ရှည်ဖိနပ်ဖြစ်ပေမယ့် ရေစိုခံပြီး လေ၀င်လေထွက်ကောင်းမွန်တာကြောင့် ဝတ်ရတာသက်တောင့်သက်သာရှိပြီး ရာသီမရွေးဝတ်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၄၇၅ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။
(၄) Frye Smith Engineer

ဘွတ်ဖိနပ်ချစ်သူတိုင်း Frye အကြောင်း ကြားဖူးကြပါလိမ့်မယ်။ ၁၈၆၃ ခုနှစ်ကစတင်ပြီး ဘွတ်ဖိနပ်တွေထုတ်လာတဲ့ အမေရိကန်မှာ ရှေးအကျဆုံး ဘွတ်ဖိနပ်ကုမ္ပဏီပဲ ဖြစ်ပါတယ်။ လည်သာမော်တော်ဆိုင်ကယ်စီး ဘွတ်ဖိနပ်တွေအပါအဝင် အရည်အသွေးကောင်းပြီးစတိုင်မိုက်တဲ့ ဘွတ်ဖိနပ်အမျိုးအစား တော်တော်များများ ထုတ်လုပ်လျက်ရှိပါတယ်။ ဒီထဲကမှ ဒီဇိုင်းအမိုက်စားနဲ့ စတိုင်ကျတဲ့ Frye Smith Engineer ဘွတ်ဖိနပ်က Biker ကွီးတို့ ရွေးချယ်သင့်တဲ့ ဖိနပ်တစ်ရံ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၃၂၈ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။
(၅) TCX X-Blend WP Boots

Classic ဆန်တဲ့အလှတရားနဲ့ တစ်နေ့ကုန် လမ်းမတွေပေါ်မှာ အထာကျကျ လွင့်မြောချင်တဲ့ ကွီးတို့အတွက်ကတော့ TCX X-Blend WP Boots ဖိနပ်က အသင့်တော်ဆုံးပါပဲ။ ဖိနပ်တစ်ရံလုံး လည်သာအပြည့်ကိုမှ ရေစိုခံပြီး ရာသီဥတုဒဏ် ကောင်းကောင်းခံနိုင်ရည်ရှိအောင် ချုပ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ သက်တောင့်သက်သာနဲ့ ခြေကျင်းဝတ်ကို အပြည့်အဝကာကွယ်မှုပေးနိုင်မယ့် ဒီဖိနပ်ကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၀၀ သာကျသင့်မှာပဲ ဖြစ်ပါတယ်။
Featured Photo : Return Of The Caferacers
