၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ ကားတွေသည် အက်ရှင်ဇာတ်ကားများ၊ မှတ်တမ်းရုပ်ရှင်များ၊ အချစ်ရိုမန့်စ်ဇာတ်ကားများ၊ သည်းထိတ်ရင်ဖိုဇာတ်ကားများ စသည်ဖြင့် အမျိုးအစား စုံလင်လှပါတယ်။ ထိုဇာတ်ကားအများအပြားရှိတဲ့အနက် လူကြိုက်အများဆုံးနဲ့ ဝင်ငွေအများဆုံး ရရှိထားတဲ့ ဇာတ်ကားကောင်းများကို ရုပ်ရှင်ချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

(၁) My Salinger Year

နယူးယောက်ခ်မြို့ရဲ့ ၁၉၉၀ ခုနှစ်အချိန်ကို ဆက်တင်ချထားကာ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ စာရေးဆရာမဖြစ်ချင်တဲ့ Joanna တစ်ယောက် ဘွဲ့ရပြီးတဲ့အခါ သူ(မ)ရဲ့အိပ်မက် ပြည့်ဝအောင် ဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားကြာချိန်ကတော့ ၁ နာရီနဲ့ ၄၁ မိနစ်ဖြစ်ပါတယ်။

Source: Movie Coverage

(၂) Palmer

ပရိသတ်အချစ်တော် Justin Timberlake ကို ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်အဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ အထက်တန်းကျောင်းတုန်းရဲ့ ကျောင်းဘောလုံးအသင်းမှာ ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး နာမည်ကြီးတဲ့ Eddie Palmer တစ်ယောက် ၁၂ နှစ်ကြာတဲ့အချိန်မှာရော အောင်မြင်မှုကို ရရှိနိုင်ပါဦးမလား။

Source: Movie Trailers Source

(၃) Cruella

ဒစ်စနီရဲ့ Cruella ကာတွန်းကားကို ဗားရှင်းတစ်မျိုးပြောင်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တဲ့ ကောင်မလေးတစ်ယောက် သူ့အမေ ဆုံးပါးသွားတဲ့နောက်မှာ တစ်ယောက်တည်း ဘယ်လိုရပ်တည်မလဲ။ သူ့အမေကရော သွေးရိုးသားရိုး သေဆုံးသွားတာရော ဟုတ်ရဲ့လားဆိုတာကိုတော့ ကြည့်ဖူးကြသူတွေ သိကြပါလိမ့်မယ်။

Source: Walt Disney Studios

(၄) Percy Vs Goliath

Percy Schmeiser ဆိုတဲ့ လယ်သမားတစ်ယောက်သည် အခြားသော အဖွဲ့အစည်းတစ်ခုရဲ့မျိုးစေ့များကို တရားမဝင်စိုက်ပျိုးတယ်ဆိုတဲ့ သက်သေမရှိတဲ့စွပ်စွဲချက်တဲ့ တရားစွဲခံရပါတယ်။ ထိုအဖွဲ့အစည်းက အာဏာပါဝင်ကြီးလွန်းတဲ့အတွက်ကြောင့် Percy တစ်ယောက်တည်း မနိုင်တဲ့အခါ တရားခွင်မှာ အနိုင်ရဖို့ရန်အတွက် ရှေ့နေ Jackson Weaver နဲ့ ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ Rebecca နဲ့ လက်တွဲလိုက်ပါတယ်။ နောက်ပိုင်းကျ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းကြည့်ရင်း အဖြေရှာလိုက်ပါ။

Source: Movie Trailers Source

(၅) Pixie

Pixie Hardy တစ်ယောက် သူ့အမေ သေဆုံးမှုအတွက် လက်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ(မ)ရဲ့အစီအစဉ်က မအောင်မြင်ခဲ့ပါဘူး။ ဇာတ်ကားကြာမြင့်ချိန်ကတော့ ၁ နာရီနဲ့ ၃၃ မိနစ်ကြာမြင့်မှာဖြစ်ပါတယ်။

Source: Paramount Movies

(၆) The World To Come

၁၉ ရာစုနှစ်ရဲ့အချိန်ကို နောက်ခံထားပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ လယ်သမားတစ်ဦးရဲ့ဇနီးဖြစ်တဲ့ Abigail တစ်ယောက် သူ(မ)ရဲ့ အိမ်နီးချင်းအသစ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ Tallie ကို မြင်တွေ့ပြီးနောက် တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ။ သူတို့ ၁၉ ရာစုနှစ်တုန်းကရော အချစ်ကို ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသလဲဆိုတာကို ကြည့်ရှုခံစားနိုင်ပါတယ်။

Source: Bleecker Street

(၇) Malignant

သည်းထိတ်ရင်ဖိုဇာတ်ကား ကြိုက်နှစ်သူများအတွက်တော့ Malignant သည် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာ အသေအချာပါပဲ။ သူ(မ)ရဲ့ ကြောက်စရာအိပ်မက်တွေက အမှန်တက်ဖြစ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။

Source: Warner Bros. Pictures

(၈) The Mauritanian

Kevin Macdonald က ရိုက်ကူးထားပြီး NY Times ရဲ့ ရောင်းရအကောင်းဆုံးဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဆိုလည်းမမှားပါဘူး။ Mahamedou Ould Slahi တစ်ယောက်သည် မဟုတ်မမှန်စွပ်စွဲချက်များနဲ့ နှစ်ရှည်လများ အကျဉ်းချခံထားရတဲ့အခါ သူ့ရဲ့လွတ်လပ်ခွင့်ကို ဘယ်လိုပြန်လည်တိုက်ယူမလဲဆိုတာကို ကြည့်ရှုခံစားနိုင်ပါတယ်။

Source: STXfilms

(၉) Godzilla Vs. Kong

ဒဏ္ဍာရီလာ သတ္တဝါနှစ်ကောင်ဖြစ်တဲ့ Godzilla နဲ့ Kong တို့ရဲ့တိုက်ခိုက်ခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Kong ကို အိမ်ပြန်ပို့တဲ့နေရာမှာ Godzilla က ဘယ်လိုအနှောင့်အယှက်တွေပေးမလဲ ဘာ့ကြောင့်နှောင့်ယှက်ရသလဲဆိုတာကိုတော့ ၁ နာရီ ၅၃ မိနစ်ကြာတဲ့ ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်လိုက်ပါ။

Source: Warner Bros. Pictures

(၁၀) Spoor

အငြိမ်းစား အမျိုးသမီးတစ်ယောက်သည် သူ(မ)ရဲ့မွေးရပ်မြေတောင်ပေါ်ဇာတိလေးမှာ သူ(မ)ရဲ့နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ရန်အတွက် ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုနိုင်ပါတယ်။

Source: Blockbuster