နိုင်ငံတစ်ခုနဲ့ လူမျိုးစုတွေအကြောင်း ပိုမိုလေ့လာသိရှိနိုင်ဖို့ရာ အကောင်းဆုံးနည်းလမ်းတစ်ခုက ဂီတလို့ပြောရင် မမှားနိုင်ပါဘူး။ အာရှတစ်ခွင်မှာတော့ မတူညီတဲ့ ဂီတပွဲတော်ပေါင်းရာနဲ့ချီရှိပြီး ရင်သပ်ရှုမောဖွယ်ရာ ဂီတပွဲတော်ကြီးတွေ ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ လွှမ်းခြုံထားတဲ့  ဂီတဖျော်ဖြေပွဲတွေကို နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ အာရှတစ်ခွင်မှာ နာမည်အကျော်ကြားဆုံးဖြစ်တဲ့ ဂီတဖျော်ဖြေပွဲကြီးတွေနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ကွီးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

(၁) Maya ဂီတပွဲတော် (ထိုင်း)

Maya Music Festival [THAILAND]

Photo : Rave Jungle

Maya ဂီတပွဲတော်ဟာဆိုရင် ထိုင်းရိုးရာယဉ်ကျေးမှု အနုပညာတွေ ၊ ဒဏ္ဍာရီတွေနဲ့ အီလက်ထရွန်းနစ်ဂီတတို့ကို ပေါင်းစပ်ထားတဲ့ ဂီတဖျော် ဖြေပွဲကြီးပဲ ဖြစ်ပါတယ်။ ဒီဂီတဖျော်ဖြေပွဲကြီးမှာ ထိုင်းနိုင်ငံရဲ့ ကြီးကျယ်ခမ်းနာတဲ့ ယဉ်ကျေးမှု ၊ ရိုးရာဓလေ့တွေကို မြင်တွေ့ရမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဖျော်ဖြေရေးအစီစဉ်တွေများစွာ ပါဝင်ပါတယ်။ Maya ဂီတပွဲတော်ကို ထိုင်းနိုင်ငံ ပတ္တယားမှာကျင်းပတာဖြစ်ပြီး  ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာတော့ Maya ဂီတပွဲတော် ၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။

(၂) Wanderland (ဖိလစ်ပိုင်)

Wanderland [PHILIPPINES]
Photo : Bandwagon Asia

ဖိလစ်ပိုင်မှာကျင်းပတဲ့ Wanderland ဂီတပွဲတော်ကြီးဟာဆိုရင်လည်း အာရှတခွင်က အကျော်ကြားဆုံး ဂီတပွဲတော်ကြီးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီဂီတပွဲတော်ကြီးရဲ့ စင်မြင့်ထက်မှာ နိုင်ငံတကာက Indie bands တွေနဲ့အတူ ပြည်တွင်းအနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီစဉ်တွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ မတူညီတဲ့ stages စင်တွေ ၊ အကအခုန် အစီအစဉ်တွေ ၊ အသေးစား Carnivals ပွဲတော်လေးတွေနဲ့ အရသာရှိတဲ့ အစားအသောက်တွေ စတဲ့ ပျော်ရွှင်စရာအစီအစဉ်များစွာနဲ့ ၂ ရက်တာကျင်းပတဲ့ ဂီတပွဲတော်ကြီးပဲ ဖြစ်ပါတယ်။

(၃) Sunburn (အိန္ဒိယ)

SUNBURN Festival [INDIA]

Photo : Uncover Asia

Sunburn ဂီတပွဲတော်ကြီးကတော့ အိန္ဒိယနိုင်ငံ Vagator ကမ်းခြေမှာ ကျင်းပတဲ့ အကျော်ကြားဆုံး ကမ်းခြေဂီတဖျော်ဖြေပွဲကြီးဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာလတိုင်းမှာကျင်းပလေ့ရှိတာဖြစ်ပါတယ်။ ၃ ရက်ကြာ ကျင်းပတဲ့ Sunburn ဂီတပွဲတော်ကြီးဟာ အာရှတခွင်က အကြီးဆုံး EDM ဂီတပွဲတော်ကြီးဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ Tomorrowland နဲ့ Ultra ပြီးရင် တတိယမြောက်အကြီးဆုံး အီလက်ထရွန်နစ်ဂီတပွဲတော်ကြီးပဲ ဖြစ်ပါတယ်။ Sunburn ဂီတဖျော်ဖြေပွဲကို ၂၀၀၇ ခုနှစ်မှာစတင်ကျင်းပခဲ့တာဖြစ်ပြီး Afrojack ၊ The Chainsmokers၊ DJ Snake၊ Tiesto၊ Hardwell တို့လို ကမ္ဘာ့ထိပ်တန်း DJ Artists တွေလာရောက်ဖျော်ဖြေတဲ့ ရင်ခုန်စရာ ပွဲတော်ကြီးပဲ ဖြစ်ပါတယ်။

(၄) Hydeout (စင်္ကာပူ)

HYDEOUT [SINGAPORE]

Photo : Tribal Reunion

Hydeout ဂီတပွဲတော်ကြီးကတော့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံး ဂီတအမျိုးအစားပေါင်းစုံ ပါဝင်တဲ့ ပွဲတော်ကြီးဖြစ်ပြီး အကျော်ကြားဆုံးနိုင်ငံတကာ အနုပညာရှင်တွေများစွာ ပါဝင်တဲ့ အမိုက်စား နောက်ဆုံးပေါ် ဂီတပွဲတော်ကြီးတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာ ဂီတအစီစဉ်တွေ ၊ မီးရောင်စုံတွေနဲ့ အံ့ဩသင့်ဖွယ်ရာ အနုပညာများစွာတို့ကို မြင်တွေ့ခံစားရမှာပဲ ဖြစ်ပါတယ်။ Hydeout ဂီတပွဲတော်ကြီးကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပထမဆုံးစတင်ကျင်းပတာဖြစ်ပြီး စင်္ကာပူ Gardens By The Bay ပန်းခြံမှာ Weekend တိုင်းကျင်းပတဲ့ ပျော်ရွှင်စရာ ဂီတပွဲတော်ကြီးပဲ ဖြစ်ပါတယ်။

Featured Photo : Uncover Asia