Nightclub တွေ၊ Bar တွေကို သဘောကျနှစ်ခြိုက်ကြတဲ့ ကွီးတို့ သတိမမူမိတဲ့ အကြောင်းအရာလေးတွေ ရှိနေပါတယ်။ ဒါကတော့ Nightclub သွားတော့မယ်ဆိုတဲ့အခါမှာ ဘယ်လိုဝတ်စုံမျိုး၊ ဒီဇိုင်းမျိုးကို ရွေးချယ်ဝတ်ဆင်သွားသင့်သလဲဆိုတာပါပဲ။

တီရှပ် (သို့) အော်တာရှပ်

Source: lyst.com

လွတ်လပ်ပေါ့ပါးတဲ့ အမိုက်စားစတိုင်တီရှပ်၊ အော်တာရှပ် စတဲ့ အင်္ကျီဒီဇိုင်းတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားဆင်မှုဟာ လူကြီးဆန်နေတဲ့အခါ သွားတဲ့နေရာနဲ့ လိုက်ဖက်မှုမရှိ ဖြစ်တတ်ပါတယ်။

Jeans ဘောင်းဘီများ

Source: bechdo.in

Nightclub သွားတော့မယ့် ကွီးတွေဟာ အထူးသဖြင့် Jeans ဘောင်းဘီများကိုသာ ဦးစားပေးရွေးချယ်သင့်ပါတယ်။ လွတ်လပ်စွာ ကခုန်မြူးတူးနိုင်ဖို့အတွက် Jeans တွေဟာ တကယ့်ကို အဖော်မွန်ကောင်းပါပဲ။

ခပ်မိုက်မိုက် Boots

Source: Trunk Club

ခုန်လို့ကလို့ကောင်းမယ့် စတိုင်ကျကျ Boots တစ်စုံကို ရွေးချယ်လိုက်ပါ။ ခြေလှမ်းတွေဟာ ပေါ့ပါးလန်းဆန်းနေပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုအပြည့်ရလာစေမှာ ဖြစ်ပါတယ်။

စတိုင်ကျတဲ့ Armlet

Source: galisjewelry.com

Nightclub မှာ အမိုက်စားကွီးတစ်ယောက်ဖြစ်ဖို့  ဒီဇိုင်းလန်းလန်း လက်ပတ်လေးတွေကို ၀တ်ဆင်ကြည့်လိုက်ပါ။ လူကြီး၊ လူငယ်မရွေး ဝတ်ဆင်နိုင်ပြီး နုပျိုလန်းဆန်းမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။