အဘက်ဘက်က ခက်ခဲမှုတွေရှိနေတဲ့တစ်နှစ်တာကို ကျော်ဖြတ်နေကြရတဲ့ လူငယ်တွေအနေနဲ့ အိမ်မှာနေရင်း အကျိုးရှိရှိအချိန်ကုန်ဆုံးနိုင်ဖို့နဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေလမ်းကြောင်းတစ်ခု ရစေဖို့ အလုပ်အကိုင် အိုင်ဒီယာတစ်ချို့ ကို မျှဝေပေးသွားချင်ပါတယ်။ လက်ရှိ ၂၀၂၁ ခုနှစ်မှာလူငယ်တွေအတွက် ရေပန်းစားပြီး အသင့်တော်ဆုံး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေဖြစ်တာမို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) ပန်းချီရေးဆွဲခြင်း

Hands of young businessman sitting at table with pencil drawing portrait. white modern office interior

Source : Freepik

အနုပညာခံစားမှုအားကောင်းပြီး ပုံဆွဲရတာဝါသနာပါတယ်ဆိုရင်တော့ ပန်းချီရေးဆွဲခြင်းအတက်နဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ပါတယ်။ ပုံတူခဲပန်းချီတွေဆိုရင် လူကြိုက်များပြီး ဈေးကွက်ဝင်နိုင်သလို လက်ရှိလူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိတဲ့ Digital Art တွေရေးဆွဲ ရောင်းချခြင်းဖြင့်လည်း ဝင်ငွေရနိုင်ခြေ များပါတယ်။

(၂) စာပေဆောင်းပါးရေးသားခြင်း

male freelance web designer sitting in co-working space

Source : Freepik

စာပေဆောင်းပါးရေးသားခြင်းအလုပ်ဟာ စကားလုံးတွေပေါ်အခြေခံပြီး စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ရေးသားဖန်တီးရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ကိုယ်က စာရေးခြင်းကိုဝါသနာပါတယ် ၊ စာပေနဲ့ရင်းနှီးမှုရှိတယ်ဆိုရင် ကိုယ်ပိုင် Blog တစ်ခုထောင်ပြီး စာရေးခြင်း ၊ ဘာသာပြန်စာများရေးသားခြင်း ၊ သတင်းနဲ့မီဒီယာ လုပ်ငန်းတွေမှာလည်း ဝင်ရောက်ရေးသားခြင်း ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ လူစိတ်ဝင်စားမယ့် ကြော်ငြာစာတွေရေးသားခြင်း စသည်ဖြင့် ဝါသနာပေါ်အခြေခံပြီး ဝင်ငွေရှာလို့ရနိုင်ပါတယ်။

(၃) သင်တန်းပေးခြင်း

Team meeting online conference call on laptop

Source : Freepik

နည်းပညာတိုးတက်လာမှုနဲ့အညီ အွန်လိုင်းပေါ်ကနေ သင်ကြားရတဲ့ E-learning စနစ်ဟာလည်း ယနေ့ခေတ်လူငယ်တွေကြားမှာ အားကောင်းလာပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကနေ ကိုယ်ကျွမ်းကျင်ရာ ပညာရပ်တစ်ခုခုကို သင်တန်းပေးခြင်းဖြင့် ဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးနိုင်ပါတယ်။ ဘာသာစကားသင်တန်း ၊ တူရိယာတီးခတ်နည်းသင်တန်း ၊ ဓာတ်ပုံရိုက်ကူးပြုပြင်နည်းသင်တန်း ၊ မုန့်လုပ်နည်းသင်တန်း စသည်ဖြင့် မိမိကျွမ်းကျင်မှုပေါ်မူတည်ပြီး အမျိုးမျိုးသောသင်တန်းများပေးခြင်းဖြင့် ဝင်ငွေရှာနိုင်ပါတယ်။

(၄) YouTube Channel ထောင်ခြင်း

Handsome young blogger at a recording station

Source : Freepik

လူငယ်အများစုကြားမှာရေပန်းစားလျက်ရှိတဲ့ ဝင်ငွေလမ်းကြောင်းကတစ်ခုက YouTube Channel တစ်ခုဖန်တီးတည်ဆောက်ပြီး ဝင်ငွေရှာတဲ့အလုပ်ပါ။ လက်ရှိ ကမ္ဘာမှာသာမက မြန်မာနိုင်ငံက လူငယ်တချို့မှာပါ YouTube ကနေ ဝင်ငွေရနေကြသူတွေ ရှိလာကြပါပြီ။ YouTube Channel လုပ်မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာ ကိုယ်ရဲ့ကျွမ်းကျင်မှုနဲ့ စိတ်အားထက်သန်မှုကိုသိဖို့ပါပဲ။

ကိုယ်က စကားပြောကောင်းသူတစ်ယောက်လား ၊ သီချင်းဆိုကောင်းလား ၊ ဖက်ရှင်အကြောင်းစိတ်ဝင်စားလား ၊ သတင်းတင်ဆက်ရတာ ဝါသနာပါလား ၊ ပစ္စည်းတွေကို unboxing လုပ်ပြမှာလား ၊ လေ့ကျင့်ခန်းလုပ်ပြမလား ၊ အစားအသောက်တွေစားပြမလား စသည်ဖြင့် ကိုယ်စိတ်အားထက်သန်တဲ့အရာပေါ်မူတည်ပြီး ကြည့်ရှု့သူတွေကို တင်ဆက်မှုကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်မယ့် YouTube Channel တစ်ခုဖြစ်မယ်ဆိုရင် သေချာပေါက်ဝင်ငွေရမှာပါ။