Shoes ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် အရင်ဆုံးဆိုင်စုံအောင် အရင်ကြည့်ဖို့ လိုပါတယ်။ အခုက အွန်လိုင်းခေတ်ဖြစ်တာကြောင့် ဆိုင်ပေါက်စေ့လျှောက်သွားဖို့တော့ မလိုပါဘူး။ ဘယ်လိုဖိနပ်မျိုး ဝယ်ရင်ကောင်းမလဲဆိုပြီး Online Shoe Stores တွေမှာ ဝင်မွှေကြည့်လို့ ရပြီ ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းဖိနပ်ဆိုင်တွေထဲမှ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Shoe Stores တချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) Zappos

Zappos-Online-Shoe-Store

Photo: nextluxury

အမေရိကန်အွန်လိုင်း ဖိနပ်နဲ့ အဝတ်အစားလက်လီစတိုးတစ်ခုဖြစ်တဲ့ Zappos က ဖိနပ်တွေနဲ့ ပတ်သက်ရင် အမျိုးအစားစုံတယ် ၊ အရည်အသွေးမှန်ပြီး စိတ်ချရတယ်လို့ နာမည်ကြီးပါတယ်။ ကျား ၊ မ၊ ကလေး အရွယ်မ‌ရွေး ဖိနပ်အမျိုးမျိုး ရှာနိုင်သလို ကိုယ်မှန်းထားတဲ့ဈေး ၊ ကိုယ်လိုချင်တဲ့ပစ္စည်းနဲ့ ဆိုဒ်ကိုလည်း ကောင်းကောင်းကြီး မွှေနောက်ကြည့်လို့ ရမှာပါ။ Sneaker ဝယ်ဖို့ ရှာနေရင် Nike ကြိုက်လား ၊ Adidas လား ၊ Van ဒါမှမဟုတ် Converse ကြည့်မလား ရှာနိုင်သလို Hiking Boots ၊ Dress Shoes ၊ Flip Flops စုံအောင် ရှာနိုင်မှာပါ။

(၂) StockX

StockX-Online-Shoe-Store

Photo: nextluxury

StockX အွန်လိုင်းစတိုးက နာမည်ကြီး Brands တွေ ဖြစ်တဲ့ Nike ၊ New Balance ၊ Reebok စတဲ့ အမှတ်တံဆိပ်ပေါင်းများစွာကို ရှာလို့ ကောင်းတဲ့နေရာတစ်ခုပါ။ Streetwear ရော Aesthetic ရော အကြိုက် ရှာနိုင်သလို Luxury Brands တွေလည်း မွှေလို့ရပါတယ်။ Luxury ထဲကဆို Gucci ၊ Alexander McQueen ၊ Balenciaga နဲ့ OFF-WHITE စတဲ့ brands တွေ အများကြီးအတွက် Section သက်သက် ထားထားပါတယ်။

(၃) Foot Locker

Foot-Locker-Online-Shoe-Store

Photo: nextluxury

Foot Locker က ဟိုးအရင်က ထွက်ခဲ့တဲ့ ဖိနပ်အမျိုးအစားတွေ ရှာနိုင်တဲ့ အွန်လိုင်းစတိုးပါ။ သင့်မိဘတွေ ကလေးဘဝတုန်းက နာမည်ကြီးတဲ့ ဖိနပ်တွေပါ ရှာနိုင်တဲ့ နေရာ ဖြစ်ပါတယ်။ နာမည်ကျော် Brand တွေ ဖြစ်တဲ့ PUMA ၊ Nike ၊ Reebok ၊ FILA ၊ Champion ၊ Timberland ၊ Van နဲ့ Converse တွေကိုလည်း စုံနေအောင် ရှာလို့ရပါတယ်။

(၄) DSW

DSW-Online-Shoe-Store

Photo: nextluxury

၁၉၆၉ ခုနှစ် ဝန်းကျင်လောက်က စပြီး ထောင်ခဲ့တဲ့ ဖိနပ်ဆိုင်ဖြစ်ပြီး Zappos လိုပဲ ကျား/မ/ကလေးစီ ဖိနပ် အစုံအလင်ကို ဝယ်ယူနိုင်ပါတယ်။ Sneaker တွေအပြင် ပွဲတက်ဖို့ Dress Shoes တွေ ၊ လေ့ကျင့်ခန်းလုပ်ဖို့ အပြေးဖိနပ်တွေ ၊ တောင်တက်ဖိနပ် ၊ အလုပ်စီးဖိနပ် အစုံကို ဒီစတိုးမှာ တင်ထားပါတယ်။ Golf Shoes လို Shoes မျိုးလည်း တင်ရောင်းပါတယ်။ ဖိနပ်နဲ့ ဆက်စပ်တဲ့ ခြေအိတ်တွေ ၊ အားကစားသမားသုံး လွယ်အိတ် ၊ အဝတ်အစား စတာတွေလည်း ဝယ်နိုင်ပါတယ်။

(၅) Ssense

Ssense-Online-Shoe-Store

Photo: nextluxury

Ssense က အဝတ်အစားနဲ့ Streetwear ဖက်ရှင်တွေ တပုံကြီး ရှာလို့ရမယ့် အွန်လိုင်းစတိုး ဖြစ်သလို Shoes Collections လည်း ပါလို့ Luxury Sneaker ကနေ Designer Loafers တို့ Boots တွေတို့အထိ ရွေးချယ် ဝယ်ယူနိုင်မှာပါ။ Footwear ထဲကဆို ရှားပါး ဖိနပ်တွေလည်း တင်ရောင်းတတ်ပါတယ်။ နာမည်ကြီး ဒီဇိုင်နာဖိနပ်တွေ ဖြစ်တဲ့ Gucci ၊ Rick Owens ၊ Alexander McQueen နဲ့ Valentino စတဲ့ အမျိုးအစားတွေလည်း ဝင်ကြည့်နိုင်ပါတယ်။