လူ့အဆင့်အတန်း၊ ယဉ်ကျေးမှုများမှာ တဖြည်းဖြည်း အဆင့်မြင့်မား တိုးတက်လာသည်နှင့်အမျှ ပါတီနှင့် Night Club တွေဟာလည်း လူကြိုက်များခေတ်စားလာခဲ့ပါတယ်။ ယနေ့ခေတ်မှာ မိတ်ဆွေ၊ သူငယ်ချင်းများ စုပေါင်းပြီး ပျော်ရွှင်ဖွယ် Home Party များကိုလည်း ဆင်နွှဲနေကြပြီဖြစ်ပါတယ်။

Party နှင့် Night Club များတွင် သီချင်းများမပါလျှင် မပြည့်စုံနိုင်ပါဘူး။ ဒါကြောင့် ပါတီနှင့် နိုက်ကလပ်များတွင် လူကြိုက်များ ရေပန်းအစားဆုံး သီချင်းကောင်းများကို ဖေါ်ပြပေးလိုက်ပါတယ်။

God’s Plan

Source: Vevo

အဆိုတော် Darke ကသီဆိုထားပြီး Pop Rock အမျိုးအစားဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ထုတ်လုပ်ဖြန့်ချီခဲ့တာပဲ ဖြစ်ပါတယ်။

Stir Fry

Source: Vevo

အမေရိကန်၊ ဟစ်ဟော့ အဆိုတော် Migos ရဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်က ဖြန့်ချီခဲ့တဲ့ Culture ll အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ ဟစ်ဟော့ပ်အမျိုးအစား သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

One Kiss

Source: Vevo

အမေရိကန်အဆိုတော်များ ဖြစ်ကြသည့် Calvin Harris နှင့် Dua Lipa တို့နှစ်ဦး သီဆိုထားသည့် စုံတွဲတေးတစ်ပုဒ်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး Dance – Pop အမျိုးအစားသီချင်းတစ်ပုဒ်ပါ။

Finesses

Source: Bruno Mars YouTube Official Account

ကမ္ဘာကျော် အဆိုတော် Bruno Mars ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ပြီး Feat အနေနဲ့ အဆိုတော် Cardi B Available က တွဲဖက်သီဆိုပေးထားပါတယ်။