အခုလို အလုပ်အကိုင်မကောင်းတဲ့ကာလမှာ Career Change ချင်သူတွေအတွက် လစာမြင့်အလုပ်အကိုင်တွေအကြောင်း ညွှန်းချင်ပါတယ်။ Balance Careers ဝက်ဘ်ဆိုက်က ညွှန်းထားတဲ့ ၂၀၂၁ အတွက် လစာအကောင်းဆုံးအလုပ်အကိုင်များဆိုတဲ့ ဆောင်းပါးကို ကိုးကားပြီး ညွှန်းလိုက်တာပါ။ လုပ်ခလစာအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ၊ သတင်းအချက်အလက်နည်းပညာ ၊ စီမံခန့်ခွဲမှု ၊ ဘဏ္ဍာရေး ၊ အင်ဂျင်နီယာ နဲ့ ဥပဒေနယ်ပယ်တွေက လစာအကောင်းဆုံး အလုပ်တွေ ဖြစ်ကြပါတယ်။

ဒီလိုအလုပ်အကိုင်နယ်ပယ်တွေထဲကမှ လစာအများကနေ အနည်းအတိုင်း စီစဉ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ လစာပေးနှုန်း မြင့်တဲ့အလုပ်တွေကို သိထားတော့ ကိုယ့်ရဲ့ အလုပ်အကိုင်လမ်းကြောင်းကို ပိုပြီး ဖြောင့်တန်းအောင် ပုံဖော်နိုင်ပါလိမ့်မယ်လို့ ယူဆပါတယ်။

(၁) ဆရာဝန်များ

Medical

Photo: Unsplash

အမေရိကန်အလုပ်အကိုင်ဈေးကွက်အချက်အလက်တွေ ထုတ်ပြန်နေတဲ့ Bureau of Labor Statistics (BLS) ရဲ့ အဆိုအရ ဆရာဝန်တွေဟာ ပုံမှန်အားဖြင့် လစာအမြင့်ဆုံး ရကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ BLS ရဲ့ လစာအမြင့်ဆုံး အလုပ်အကိုင် ၂၀ စာရင်းမှာ ထိပ်ဆုံးက ဖော်ပြခံထားရပြီး ပျမ်းမျှ တစ်နှစ်လုပ်ခလစာဟာ ဒေါ်လာ ၂၀၈၀၀၀ နဲ့အထက်မှာ ရှိတယ်လို့လည်း သိရပါတယ်။

(၂) သွားဆရာဝန်

Dentist

Photo: Unsplash

သွားဆရာဝန်ကလည်း လစာအမြင့်ဆုံးအလုပ်အကိုင်ထဲမှာ ပါပါတယ်။ အခုနောက်ပိုင်းမှာ သွားဆရာဝန်တွေဟာ အလှအပရေးရာမက်သူတွေအတွက်ပါ သွားအလှပြင်ပေးနေရလို့ အလုပ်အကိုင်ပေါပြီး လစာလည်း မြင့်မားကြပါတယ်။ ပျက်စီးနေတဲ့သွားကို Implants စိုက်ရတဲ့ Prosthodontists တွေဆို ပျမ်းမျှ တစ်နှစ်လုပ်ခလစာ ဒေါ်လာ ၂၀၈၀၀၀ကျော် ရကြပါတယ်။ ပုံမှန် Dentist တစ်ယောက်က တစ်နှစ်လုပ်ခ ဒေါ်လာ ၁၅၉၀၀ နဲ့အထက် ရကြပြီး Specialist ဆို ဒေါ်လာ ၂၀၈၀၀၀ နဲ့အထက် ဝင်ပါတယ်။

(၃) အမှုဆောင်အရာရှိချုပ်

Business Man

Photo: Unsplash

စီမံခန့်ခွဲမှုတွေ လုပ်တဲ့ Management Role တွေကလည်း လစာအမြင့် ရကြပါတယ်။ Chief Executives တွေ ဖြစ်တဲ့ CEO ၊ CFO နဲ့ COO တွေလို ကုမ္ပဏီဦးဆောင် အရာရှိတွေရဲ့ လစာဟာ ကုမ္ပဏီတစ်ခုနဲ့တစ်ခု မတူပေမယ့် သေချာတာက အဲ့ဒီကုမ္ပဏီတွေရဲ့ အမြင့်ဆုံး လစာကို ရကြပါတယ်။ တချို့လည်း လစာအစား စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ဒေါ်လာသန်းနဲ့ချီ ဆုကြေးတွေ ရတာ ရှိပါတယ်။ BLS အစီရင်ခံစာမှာ အမှုဆောင်အရာရှိတွေဟာ ပုံမှန်အားဖြင့် တစ်နှစ်လုပ်ခ ‌ဒေါ်လာ ၁၈၄၄၆၀ ရကြလေ့ရှိတယ်လို့ ဆိုပါတယ်။

(၄) သူနာပြုဝန်ဆောင်မှုတွေ

Nurse Practitioners

Photo: Unsplash

မှတ်ပုံတင်ရ အထူးသူနာပြု Nurse Practitioners တွေကိုလည်း လစာအမြင့်ဆုံး အလုပ်အကိုင်ထဲမှာ ဖော်ပြကြပါတယ်။ အဆင့်မြင့် မှတ်ပုံတင်ရသူနာပြု APRNs တွေထဲမှာ သားဖွား ၊ မေ့ဆေးသူနာပြု ၊ အသေးစားထိခိုက်မှုကုသပေးတဲ့ သူနာပြု စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ NP တစ်ယောက်ရဲ့ ပျမ်းမျှ တစ်နှစ်လုပ်ခလစာဟာ ဒေါ်လာ ၁၁၅၈၀၀ ရှိပြီး Specialist တစ်ယောက်အတွက်ဆို ပုံမှန် ဒေါ်လာ ၁၇၄၇၉၀ နဲ့ အထက် ရကြပါတယ်။

(၅) လေယာဉ်မှူး

Airline Pilots

Photo: Unsplash

လေကြောင်းတွေမှာ လေယာဉ်မှူး Pilots လုပ်သူတွေဟာ တစ်နှစ်ကို ပျမ်းမျှ ဒေါ်လာ ၁၂၁၄၃၀ နဲ့ အထက် ရပါတယ်။ လေကြောင်းပိုင်းလော့ဖြစ်ဖို့အတွက် လေကြောင်းနဲ့ဆိုင်တဲ့ ဘွဲလက်မှတ်လိုသလို ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ FAA ဆီက လိုင်စင်လည်း လိုပါတယ်။

Featured Photo: Business Insider