အင်္ဂလန်၊ ပြင်သစ်နိုင်ငံများမှအစ အီတလီ၊ ဂျာမနီနိုင်ငံများအဆုံး ဥပရောနိုင်ငံများသည် သမိုင်းဝင်ပြတိုက်များ၊ ဗိသုကာလက်ရာများနဲ့ လှပခံ့ညားနေပြီး ညအလှကလည်း ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ သင့်အနေနဲ့ ဥရောပနိုင်ငံများအတွင်း ခရီးသွားမယ်လို့ ဆုံးဖြတ်ထားတဲ့အခါ ဘယ်နေရာကို အရင်ဆုံးသွားလည်ချင်ပါသလဲ။

ဘယ်နေရာ လည်ပတ်ရမှန်းမသိလောက်အောင် ဝေခွဲရခက်နေတယ်ဆိုရင် ဒီဆောင်းပါးလေးကနေတဆင့် အဖြေရှာကြည့်လိုက်ပါ။ ခရီးသွားချစ်သူများအတွက် ဥရောပနိုင်ငံများအတွင်း လည်ပတ်လို့အကောင်းဆုံးနေရာများကို နံပါတ်စဉ်လိုက် ဖော်ပြပေးထားပါတယ်။

ပါရီ

Paris to Travel

Photo: Lonelyplanet.com

ပါရီ (သို့) ပဲရစ်မြို့လို့ အမည်တွင်တဲ့ မြို့ကလေးက စိတ်ကူးယဉ်မြို့တော်လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ နာမည်ကြီးပါတယ်။ လည်ပတ်စရာ သမိုင်းဝင်ပြတိုက်များ၊ အထိမ်းအမှတ်အဆောက်အုံများ၊ ရာစုနှစ်များစွာကတည်းက ဆောက်လုပ်ထားတဲ့ နာမည်ကြီးဘုရားကျောင်းများဖြင့် ပြည့်နှက်နေတဲ့ မြို့ကလေးမှာ နာမည်ကြီးတဲ့ အီဖယ်တာဝါကနေလည်း တစ်မြို့လုံးကို အပေါ်စီးကနေ ရှုမြင်ခံစားနိုင်ပါသေးတယ်။

လန်ဒန်

Londo tourist attractions to travel

Photo: Onestep4ward.com

လန်ဒန်မြို့ကို ရုပ်ရှင်ထဲမှာပဲ မြင်ဖူးပြီး အပြင်မှာ အမှန်အကန်သွားလည်ချင်သူများအတွက် လန်ဒန်မြို့က ရုပ်ရှင်ထဲကထက် အဆတစ်ရာ ပိုမိုခမ်းနားလှပပြီး လည်ပတ်လို့ကောင်းတဲ့ မြို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ လန်ဒန်မြို့ပေါ်က ဟိုတယ်တွေကတော့ ဈေးများတဲ့အတွက်ကြောင့် ကိုယ် တည်းမယ့်ဟိုတယ်ကို သေချာရွေးချယ်သင့်ပါတယ်။

ရောမ

Rome tourist attractions to travel

Photo: Nationalgeographic.com

သမိုင်းဝင်အဆောက်အဦးများနဲ့ ပြည့်နှက်နေတဲ့နေရာတွေထဲမှာ ရောမမြို့ကိုလည်း ချန်လှည့်ထားလို့မရပါဘူး။ အရသာရှိတဲ့ အီတလီအစားအစာများကို မြည်းစမ်းပြီး ရောမမြို့ရဲ့အလှအပကို ခံစားချင်သူများအတွက် ဒီမြို့ငယ်လေးက ကြိုဆိုနေပါတယ်။

ဘာစီလိုနာ

Barcelona to travel

Photo: Staysure.co.uk

ရောမမြို့ကို လည်ပတ်ပြီးတဲ့အခါ စပိန်နိုင်ငံရှိ ဘာစီလိုနာကို ဆက်လက်လည်ပတ်သင့်ပါသေးတယ်။

Santorini

Santorini to travel

Photo: Greeka.com

ဂရိကျွန်းစုထဲမှာ တည်ရှိတဲ့ ဒီမြို့လေးကလည်း ခံ့ညားထည်ဝါတဲ့ ဗိသုကာလက်ရာများနဲ့ ပြည့်နှက်နေတဲ့အပြင် ရင်သပ်ရှုမောဖွယ်ရာ ပင်လယ်ပြင်ကြီးကလည်း သင့်ရဲ့အမြင်အာရုံကို ဖမ်းစားထားပါလိမ့်မယ်။ ဓာတ်ဖမ်းလို့ အကောင်းဆုံးနေရာဖြစ်တဲ့ မြို့ငယ်လေးတစ်ခုဆိုလည်း မမှားပါဘူး။

အေသင်

tourist attraction to travel in Athens

Photo: Lonelyplanet.com

သမိုင်းဝင်အဆောက်အအုံးများဖြင့် ပြည့်နှက်နေတဲ့ အေသင်မြို့ငယ်လေးကို လည်ပတ်ခြင်းအားဖြင့် သင့်အတွက် ဗဟုသုတတိုးပွားမည့်အပြင် စိတ်လက်အပန်းပြေစေနိုင်ပါသေးတယ်။

ဗင်းနစ်

tourist attraction in Venice

Photo: Ship-technology.com

မြန်မာနိုင်ငံထဲက အင်းလေးမြို့ကို သင် ချစ်တယ်ဆိုရင် ဗင်းနစ်မြို့ကိုလည်း သင် ချစ်လာပါလိမ့်မယ်။ လှေငယ်လေး စီးပြီး မြို့အနှံ့လည်ပတ်လို့ရတဲ့အပြင် ဒေသအစားအစာများကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။

သင်ရော ဥရောပတစ်ခွင် ခရီးသွားမယ်ဆိုရင် ဘယ်နေရာဒေသကို အရင်ဆုံးသွားလည်မယ်လို့ စိတ်ကူးထားပါသလဲ။

Source: Travel.usnews.com