နေ့စဉ်ဘဝရဲ့မွန်းကြပ်မှုတွေကြားကနေ ရုန်းထွက်ချင်သူများအတွက် နည်းလမ်းကောင်းလေးတစ်ခုကတော့ ခရီးသွားခြင်းပဲဖြစ်ပါတယ်။ ခရီးသွားခြင်းကြောင့် စိတ်လက်အပန်းဖြေစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ မြန်မာပြည်တွင်းမှာလည်း လည်ပတ်လို့ကောင်းတဲ့ နေရာအမြောက်အမြားရှိသလို အရှေ့တောင်အာရှနိုင်ငံများအတွင်းမှာလည်း လည်ပတ်လို့ကောင်းတဲ့ နေရာတွေအများအပြားပါပဲ။

သင့်အနေနဲ့ အရှေ့တောင်အာရှအတွင်း ခရီးသွားဖို့စိတ်ကူးထားတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နေရာလေးတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Angkor Wat

tourist attraction to travel in Southeast Asia

ကမ္ဘောဒီးယားနိုင်ငံကို သွားလည်ဖြစ်တဲ့အခါ Siem Reap ပြတိုက်နှင့် ၁၂ ရာစုကတည်းက ဆောက်လုပ်ထားတဲ့ Angkor Wat ကိုလည်း မဖြစ်မနေသွားလည်သင့်ပါတယ်။

Ha Long Bay

tourist attraction to travel in Southeast Asia Ha Long Bay

ယူနက်စနစ် ကမ္ဘာ့သမိုင်းအမွှေအနှစ်ထဲမှာ ပါဝင်တဲ့ Ha Long Bay ကလည်း စိမ်းစိမ်းစိုစိုနဲ့ လှပနေတဲ့ ကျွန်းစုလေးဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ သူကတော့ ဗီယက်နမ်နိုင်ငံထဲမှာ တည်ရှိပါတယ်။

Boracay

southeast asia best places to travel-boracay-philippines

ကမ်းခြေချစ်သူများအနေနဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားလည်ဖြစ်တဲ့အခါ ဒီ Boracay ကမ်းခြေလေးကို ဦးစားပေးလည်ပတ်သင့်ပါတယ်။ ဖြူဖြူဖွေးဖွေး သဲသောင်ဖြင်လေးပေါ်မှာ လမ်းလျှောက်ပြီး ပင်လယ်လေကို တဝကြီးရှူရှိုက်ကာ အပန်းဖြေနိုင်ပါတယ်။

Bangkok

southeast-asia-best-places-to travel Bangkok

ထိုင်နိုင်ငံရဲ့မြို့တော် ဘန်ကောက်မြို့သည်လည်း ကမ္ဘာလှည့်ခရီးသွားများအကြား လူကြိုက်များတဲ့ နေရာဒေသတစ်ခုဖြစ်ပြီး သမိုင်းဝင်အဆောက်အဦးများထဲတွင် ဝင်ရောက်လည်ပတ်နိုင်သလို တန်ခိုးကြီးစေတီပုထိုးများသို့လည်း သွားရောက်ဖူးမျှော်နိုင်ပါသေးတယ်။

Luang Prabang

Luang Prabang to travel

လာအိုနိုင်ငံကို သွားလည်တဲ့အခါ ယူနက်စကို ကမ္ဘာ့သမိုင်းအမွေအနှစ် စာရင်းဝင်သော Luang Prabang မြို့ကိုလည်း မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါသေးတယ်။ မြို့တွင်းထဲမှာပဲ လည်ပတ်စရာရှိတာမဟုတ်ပါဘူး။ မြို့ပြင်မှာလည်း Kuang Si ရေတံခွန်က ခရီးသွားများအကြား ရေပန်းစားပါတယ်။

Palawan ကျွန်း

Palawan to travel

ဖိလစ်ပိုင်နိုင်ငံထဲမှာတည်ရှိတဲ့ ဒီကျွန်းလေးကတော့ ကမ္ဘာ့အလှဆုံး ကျွန်းတွေထဲက တစ်ခုအပါအဝင်ပါပဲ။ သဘာဝအလှအပများနဲ့ ပြည့်နှက်နေတဲ့အတွက်ကြောင့် ခရီးသွားဧည့်သည်များနဲ့ အမြဲတမ်းပြည့်နှက်နေပါတယ်။

ဘာလီ

bali to travel

ဘာလီလို့ ပြောလိုက်တာနဲ့ လူအများက ဖြူနုတဲ့ သဲသောင်ပြင်၊ သန္တကျောက်တန်းများနဲ့ ပြည့်နှက်နေတဲ့ ကမ်းခြေကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ထိုအရာများထက် ပိုလှတဲ့ စိမ်းစိမ်းစိုစို စိုက်ခင်းများကလည်း ဓာတ်ဖမ်းလို့အကောင်းဆုံးနေရာဖြစ်ပြီး သဘာဝအလှအပကို ကြည့်ရှုခံစားနိုင်ပါသေးတယ်။

သင်ရော အရှေ့တောင်အာရှနိုင်ငံများထဲ ဘယ်နေရာဒေသကို သွားရောက်အလည်ပတ်ချင်ဆုံးလဲ။

Source: Planetware.com