ကိုယ်ချစ်ရတဲ့ ကောင်မလေးတစ်ယောက်ကို အမှတ်တရအနေနဲ့ လက်ဆောင်လေးပေးချင်ပေမယ့်လည်း ကိုယ်က အမျိုးသားဖြစ်တဲ့အတွက် မိန်းကလေးတွေ ဘာကြိုက်တတ်လဲဆိုတာကို မသိနိုင်တာကို အပြစ်တစ်ခုလို့ မြင်စရာမလိုပါဘူး။ အနည်းငယ်တော့ ခေါင်းရှုပ်နိုင်တယ်ဆိုပေမယ့်လည်း အရိုးရှင်းကသာ အကောင်းဆုံးဖြစ်တာမို့ ဘာလက်ဆောင်လေးကို ဝယ်ပေးရမလဲမသိဘူး ဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ် ပစ္စည်းလေးတွေထဲက တစ်ခုကိုသာ ရွေးချယ်ပြီး ဝယ်ပေးလိုက်ပါ။
လက်ကိုင်အိတ်

Source: Magicpin
မိန်းကလေးတစ်ယောက်ကို အရူးအမူးဖြစ်အောင် ဆွဲဆောင်စေနိုင်တဲ့ ပစ္စည်းတွေထဲမှာ လက်ကိုင်အိတ်က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စတိုင်ကျတဲ့လက်ကိုင်အိတ်တစ်လုံးကို အမြန်ရွေးချယ်ဝယ်ယူလိုက်ပါ။ သင်အမှတ်တွေအများကြီးရသွားပါလိမ့်မယ်။
နှုတ်ခမ်းနီတစ်တောင့်

Source: NewBeauty
မိန်းကလေးတိုင်း အလှအပကိုနှစ်သက်ကြပါတယ်။ အမြဲမဟုတ်တောင် တခါတလေမှာ နှုတ်ခမ်းနီကို သဘောကျစွာ သုံးတတ်ကြပါတယ်။ နှုတ်ခမ်းနီလုံးဝမဆိုးတဲ့ မိန်းကလေးဆိုတာမရှိနိုင်ပါဘူး။ သူမဘယ်လိုနှုတ်ခမ်းနီအရောင်မျိုး ကြိုက်တတ်တယ်ဆိုတာကတော့ သင်အနည်းငယ်လောက် သိသင့်ပါတယ်နော်။
ဖန်စီပစ္စည်းလေးတွေ

Source : Aurelia Atelier
ကိုယ်ပေးတဲ့လက်ဆောင်ပစ္စည်းလေးတွေကို သူမနဲ့အမြဲအတူရှိနေတာမျိုး လိုချင်တယ်ဆိုရင်တော့ ဖန်စီပစ္စည်းလေးတွေကို ရွေးချယ်ပေးလိုက်ပါ။ ဆွဲကြိုး၊ ဟန်းချိန်း၊ ခြေချင်းလေးတွေလို ခေတ်ဆန်လှပတဲ့ဖန်စီပစ္စည်းလေးတွေ အများကြီးရှိပါတယ်။ သူမက ဒီပစ္စည်းလေးတွေကို နှစ်နှစ်ခြိုက်ခြိုက်သုံးနေသရွေ့ သင်နဲ့အနီးဆုံးမှာရှိနေပြီပေါ့။
အရုပ်လေးတွေ

Source: Freepik
မိန်ကလေးအများစုက အရုပ်တွေကို အရူးအမူးကို စွဲလန်းနှစ်သက်တတ်ကြပါတယ်။ အရုပ်မြင်ရင်ကို ပြုံးပျော်နေတတ်ကြတာ မိန်းကလေးတွေပါပဲ။ ဒီတော့မွှေးပွအရုပ်ကြီးတစ်ရုပ်ကလည်း သူမရဲ့အပြုံပန်းတွေကို သင့်အတွက်ယူပေးနိုင်ပါတယ်။
