ဆေးလိပ်သောက်သူတွေအဖို့ ဆေးလိပ်ဖြတ်ခြင်းက စိန်ခေါ်မှုတစ်ခုပါပဲ။ ဆေးလိပ်ဖြတ်ဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်သလို စိတ်မခိုင်ရင်လည်းဖြတ်လိုက် ပြန်သောက်လိုက်နဲ သံသရာလည်နေပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ ဆေးလိပ်တကယ်ဖြတ်ချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းကောင်းတစ်ချို့ကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) ပမာဏကိုလျော့ချပါ

Source : Nextdeal

ဆေးလိပ်ကိုစွဲစွဲမြဲမြဲ သောက်လာသူတစ်ယောက်အနေနဲ့ နေ့ချင်းညချင်းဆေးလိပ်ပြတ်ဖို့ဆိုတာ တော်တော်လေးကိုလက်တွေ့မဆန်တဲ့အရာတစ်ခုပါ။ ဆေးလိပ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မပြတ်ဘူးဆိုရင် ဆေးလိပ်လျော့သောက်တဲ့နည်းတဲ့ဖြတ်ကြည့်ပါ။ အရင်ကဆေးလိပ် တစ်နေ့ကို ၅ လိပ်သောက်တယ်ဆိုရင် ဒီနေ့ကစပြီး ၁ ပတ်အတွင်း တစ်နေ့ကို ၃ လိပ်ပဲသောက်မယ်လို့သတ်မှတ်ပါ။ ဒုတိယအပတ်မှာ တစ်နေ့ကို ၂ လိပ်။ တတိယအပတ်မှာလုံးဝမသောက်ပဲနေကြည့်ပါ။ ဒီလိုနည်းနဲ့ တဖြေးဖြေးချင်းဆေးလိပ်ဖြတ်လို့ရနိုင်ပါတယ်။

(၂) စာအုပ်မှာရေးထားပါ

Source : The Blissful Mind

ဆေးလိပ်ဖြတ်ချင်တဲ့သူတိုင်းမှာ ဆေးလိပ်ဖြတ်ချင်ရတဲ့အကြောင်းအရင်းဆိုတာရှိကိုရှိပါတယ်။ ဥပမာ ကျန်းမာရေးပိုကောင်းချင်လို့လား ကိုယ့်မိသားစုကို တစ်ဆင့်ခံဆေးလိပ်ငွေ့ရှု့ရသူတွေမဖြစ်စေချင်လို့လား ကလေးတွေကို စံနမူနာအမှားတွေမယူစေချင်လို့လား ပိုက်ဆံချွေတာချင်လို့လား စသည်ဖြင့်အကြောင်းခိုင်မာတဲ့အကြောင်းအရင်းတွေရှိပါလိမ့်မယ်။ဒါတွေကိုချရေးထားပါ။ အကယ်၍ဆေးလိပ်သောက်ဖို့ကြိုးစားမိတိုင်းမှာ ဒီအကြောင်းအရင်းတွေကိုဖတ်မယ်ဆိုရင် သင့်ဆေးလိပ်ဖြတ်သင့်တယ်ဆိုတာကို ပြန်လည်အသိဝင်စေမှာပါ။

(၃) စိတ်ဖိစီးမှုလျော့ချပါ

Source : Duns

စိတ်ဖိစီးမှု စိုးရိမ်ပူပင်ခြင်းတွေက ဆေးလိပ်သောက်ချင်စိတ်ကို ပိုဖြစ်စေပြီး ဆေးလိပ်ဖြတ်နေတဲ့ သင့်ရဲ့ ရည်မှန်းချက်ကိုပျက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖီးစီးမှုတွေကို အတက်နိုင်ဆုံးလျော့ချထားပါ။ အကယ်၍ စိတ်ဖိစီးစရာကိစ္စတွေကြုံလာရင်လည်း ဆေးလိပ်သောက်ခြင်းမဟုတ်တဲ့ တခြားသောနည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုလျော့ကျအောင်လုပ်ပါ။ ဥပမာ အသက်ပြင်းပြင်းရှုခြင်း သီချင်းနားထောင်ခြင်း ကိုယ်လက်လှုပ်ရှားမှုပြင်းပြင်းထန်ထန်လုပ်ခြင်း တရားထိုင်ခြင်းစတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပါတယ်။

 

(၄) ကန့်သတ်နေရာတွေသွားပါ

Source : The Pauw Wow

ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ထားပေမယ့် ဆေးလိပ်သောက်သုံးနေတဲ့ ပတ်ဝန်ကျင်မှာနေနေမယ်ဆိုရင် ဆေးလိပ်သောက်ချင်တဲ့စိတ်ကထိန်းရခက်ခဲနေမှာသေချာပါတယ်။ ဒါကြောင့် ကိုယ့့်ပတ်ဝန်းကျင် အလုပ်ခွင်မှာဆေးလိပ်သောက်သူတွေရှိရင်သူတို့နဲ့ ခပ်ခွာခွာနေပါ။ အကယ်၍ကိုယ်ကိုဆေးလိပ်သောက်ဖို့တိုက်တွန်းခဲ့ရင်လည်း ဆေးလိပ်ဖြတ်နေတဲ့အကြောင်းပြောပြပြီးငြင်းဆန်ဖို့ အားမနာပါနဲ့။ ဆေးလိပ်သောက်လို့မရတဲ့ ရုပ်ရှင်ရုံ စာကြည့်တိုက်လိုနေရာတွေမှာ မကြာခဏသွားနေပါ။