ဆေးလိပ်ဖြတ်တယ်ဆိုတာ တစ်နေ့တည်းပြုလုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ ဆေးလိပ်ဖြတ်တယ်ဆိုတာ ခရီးရှည်တစ်ခုထွက်သလိုပဲ ပြင်ဆင်မူတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေးအတွက်သာမက ဘေးပတ်ဝန်းကျင်နဲ့ မိသားစု ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်သင့်တယ်ဆိုတာကို kwee က အကြံပေးချင်ပါတယ်။ ပြီးတော့ ဒီနေ့မှာ kwee ကဆေးလိပ်ဖြတ်ချင်တယ် ဘယ်ကနေစဖြတ်ရမလဲမသိဘူးဆိုတဲ့လူတွေအတွက် အကြံဉာဏ်လေးတွေ ထပ်ဆင့်ဝေမျှပေးလိုက်ပါတယ်။

အကြောင်းပြချက်ရှိပါစေ

Source: New Mexico Orthopaedics

ဆေးလိပ်ဖြတ်ဖို့အတွက် တက်ကြွမှုရှိစေရန် ခိုင်မာပြီး အားပြင်းတဲ့ အကြောင်းပြချက်ရှိပါစေ။ ဥပမာ မိသားစုဝင်တွေကို ကာကွယ်ဖို့ (သို့) ကင်ဆာဝေဒနာ မခံစားချင်လို့ (သို့) တခြားပြင်းထန်တဲ့ ရောဂါတွေ မခံစားချင်လို့ စသဖြင့်ပေါ့။ ဆေးလိပ်ဖြတ်ဖို့ တွန်းအားဖြစ်စေမယ့် အကြောင်းပြချက် တစ်ခုရှာဖွေထားပါ။

အဲလ်ကိုဟောအပါအဝင် ဆေးလိပ်သောက်ဖြစ်စေမယ့် အရာတွေကိုရှောင်ပါ

Source: CBolds

အရက်သောက်တဲ့အချိန်မှာ ဆေးလိပ်ဖြတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ထိန်းသိမ်းထားဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်နေတဲ့အချိန်မှာ တက်နိုင်သမျှ အရက်မသောက်ဘဲနေပေးပါ။ အကယ်၍ ကော်ဖီသောက်နေတဲ့အချိန်မှာ ဆေးလိပ်သောက်လေ့ရှိတယ်ဆိုရင် ကော်ဖီအစား လက်ဖက်ရည်ပြောင်းသောက်ပေးပါ။ ထမင်းစားပြီးတိုင်း ဆေးလိပ်သောက်လေ့ရှိတယ်ဆိုရင်လည်း တခြားအရာနဲ့အစားထိုးပါ။ ဥပမာ ပီကေဝါးတာ သူငယ်ချင်းတွေနဲ့ စကားပြောတာ လမ်းလျှောက်နေတာ သွားတိုက်လိုက်တာ စသဖြင့် ပြုလုပ်ပေးပါ။

အစားများများစားပါ

Source: South Coast Recovery Center

ဆေးလိပ်တစ်လိပ်လောက် ဖွာချင်စိတ်ပေါက်လာရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုခုကိုသာ စားလိုက်ပါ။ ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓာတ်က လူတွေရဲ့သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေကို လှုံ့ဆော်ပေးပြီး အစာစားချင်စိတ်ကို ကုန်ခမ်းစေပါတယ်။ အဲဒီကမှ တဆင့် ကျန်းမာရေးပြဿနာတွေဖြစ်လာရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ချင်စိတ်ပေါက်လာပြီဆိုရင် အသီးအရွက်သုပ်တို့၊ သစ်သီးစုံပွဲတို့လိုမျိုး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ အစားအစာတစ်ခုခုကို စားပြီး အာရုံလွှဲပေးပါ။ အဲဒါတွေစားဖို့အတွက် အဆင်သင့်မဖြစ်သေးရင်လည်း မြေပဲသကြားလုံးလေးတွေ ဆောင်ထားလို့ရပါတယ်။

ဖြည်းဖြည်းချင်းဖြတ်ပါ

Source: myDr.

ဆေးလိပ်ဖြတ်တယ်ဆိုတာ ညတွင်းချင်းပြီးအောင်လုပ်လို့ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ ခင်ဗျားရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို သူတို့အတွက် နီကိုတင်းမလိုအပ်တော့တဲ့အကြောင်းကို သွေးဆောင်ဖြားယောင်းဖို့ဆိုတာ အချိန်အများကြီးပေးရပါတယ်။ ဆေးလိပ်ဖြတ်မယ်ပြောပြီး စိတ်မခိုင်လို့ ပြန်သောက်မိသွားတဲ့လူတွေလည်း မနည်းပါဘူး။ ဒါကြောင့်ဆေးလိပ်ဖြတ်ဖို့အတွက် အကောင်းဆုံးနည်းကတော့ တစ်နေ့ နည်းနည်း နည်းနည်း အလိပ်ရေလျှော့သွားပြီး နောက်ဆုံးမှာလုံးဝရပ်တန့်လိုက်တာပါပဲ။ နှစ်ပတ်လောက် လုပ်ကြည့်ပါ။ သိသာလာပါလိမ့်မယ်။

ဆေးလိပ်ရဲ့ဆိုးကျိူးတွေ အကြောင်းဖတ်ပါ

Source: Medical News Today

ဆေးလိပ်ဖြတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းနောက်တစ်ခုကတော့ ကိုယ့်စိတ်ကိုယ်ခြောက်လှန့်တာပါပဲ။ အွန်လိုင်းပေါ်မှာရှိတဲ့ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ရတဲ့ဆိုးကျိုးတွေအကြောင်း ရှာဖတ်ပါ။ Google မှာ နည်းနည်းရိုက်ရှာလိုက်တာနဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုတောင် ခင်ဗျားဖတ်ရှုရဦးမှာပါ။ ခင်ဗျားကို အသက်အန္တရာယ်ပြုနိုင်တဲ့အရာတစ်ခုနဲ့ ဝေးရာမှာနေ နေတယ်လို့ မိမိစိတ်ကို အယုံသွင်းကြည့်ပါ။ အခန်းထဲမှာလည်း ဆေးလိပ်ဖြတ်ခြင်းနဲ့ဆိုင်တဲ့ ပိုစတာတွေကပ်ထားလိုက်ပါ။