ယောကျာ်းလေးမှန်ရင် အသောက်အစားနဲ့ မကင်းဘူးဆိုတာ မှန်ပါတယ်။ သို့သော်လည်း ဆေးလိပ်သောက်ခြင်းက ကိုယ်တိုင်ရောဂါအန္တရာယ်ကို ဝယ်ပေးဝယ်နေခြင်းဖြစ်သလို ကိုယ်အနီးပတ်ဝန်းကျင်က လူတွေကိုလည်း တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်သူများအဖြစ်နဲ့ ရောဂါတွေကိုလက်ဆင့်ကမ်းနေရာရောက်ပါတယ်။ဒါကြောင့် စာဖတ်သူအနေနဲ့ ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ ဖြတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၁) စိတ်ရှည်ပါ
Source : iStock
ဆေးလိပ်ကို နှစ်ရှည်သောက်လာတဲ့သူတစ်ယောက်အတွက် ချက်ချင်းဆေးလိပ်ဖြတ်နိုင်ဖို့ဆိုတာတော်တော်လေးခက်ခဲပါတယ်။ ဒီလိုရုတ်တရက်ဆေးလိပ်ဖြတ်လိုက်ပြီး အမှန်တကယ်မပြတ်ပဲ ပြန်သောက်မိတဲ့သူတွေအများကြီးပါ။ ဒါကြောင့် ဆေးလိပ် တကယ်ပြတ်ချင်တယ်ဆိုရင် အလောတကြီးမလုပ်ပဲ သေချာအချိန်ယူပါ။ ဆေးလိပ်ကိုဖြေးဖြေးချင်းလျော့သောက်ပြီး စိတ်ရှည်ရှည်နဲ့ ဆေးလိပ်ဖြတ်ဖို့ကြိုးစားပါ။ လိုအပ်ရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
(၂) ဆေးလိပ်နဲ့ပတ်သတ်တဲ့အရာတွေရှင်းလင်းပါ
Source : iStock
ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ဆေးလိပ်သောက်တာနဲ့ ပတ်သတ်တဲ့အရာတွေအားလုံးကိုရှင်းလင်းဖို့လိုပါမယ်။ ကိုယ်အမြဲတမ်း ဆေးလိပ်သောက်နေကျနေရာကဆေးလိပ်တိုနဲ့ပြာတွေ မီးခြစ်တွေ ဆေးလိပ်ပြာခွက် ဆေးလိပ်နံ့စွဲနေတဲ့ အဝတ်အစား အသုံးအဆောင်ပစ္စည်းနဲ့ အိပ်ယာခင်းတို့ကိုလည်းသေချာရှင်းလင်းလျော်ဖွတ်သန့်စင်လိုက်ပါ။ ဆေးလိပ်နဲ့ပတ်သတ်တဲ့ အရာတွေကိုရှင်းလင်းလိုက်ခြင်းက ဆေးလိပ်သောက်ချင်စိတ်ကိုလျော့နည်းသွားစေပါတယ်။
(၃) လှုပ်လှုပ်ရှားရှားနေပါ
Source : New York Post
ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားနေခြင်းက နီကိုတင်းပြတ်လပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မူးဝေခြင်းခေါင်းကိုက်ခြင်းရောဂါ လက္ခဏာတွေကိုလျော့နည်းစေပြီး ဆေးလိပ်သောက်ချင်တဲ့ အာသီသပြင်းပြစိတ်ကိုလည်းလျော့ကျသက်သာစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ချင်လာတဲ့အခါ ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်လှုပ်ရှားဖြစ်အောင်နေပေးပါ။ ဥပမာ ပေါ့ပေါ့ပါးပါးပြုလုပ်လို့ရမယ့် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တာမျိုး ခွေးနဲ့ လမ်းလျောက်ထွက်တာ ပန်းပင်ရေလောင်းတာ အိမ်သန့်ရှင်းရေးလုပ်တာစတဲ့အရာတွေလုပ်ဆောင်ပေးလို့ရပါတယ်။
(၄) ကိုယ့်ကိုယ်ကိုဆုချပါ
Source : Time Magazine
ဆေးလိပ်ဖြတ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးတွေတိုးတက်ကောင်းမွန်လာစေတဲ့အပြင် ငွေကြေးဆိုင်ရာမှာလည်းအကျိုးကျေးဇူးတွေရှိလာတယ်ဆိုတာကို သင်ခံစားသိရမှာပါ။ ဒါကြောင့် ဆေးလိပ်ဖြတ်ပြီဆိုရင် ပိုက်ဆံစုတဲ့ စုဗူးလေးတစ်ဗူးလောက် အရင်ဆုံးဝယ်လိုက်ပါ။ဆေးလိပ်သောက်ချင်တဲ့အခါ ဆေးလိပ်ဝယ်မယ်ပိုက်ဆံကို သင့်ရဲ့ စုဗူးထဲမှာထည့်စုလိုက်ပါ။ တစ်လအတွင်းသင်ဆေးလိပ်မသောက်ဖြစ်ခဲ့ဖူးဆိုရင် သင့်စုထားတဲ့စုဗူးထဲက ငွေတွေနဲ့ ကိုယ်လိုချင်တဲ့အရာလေးတွေဝယ်ပြီး ကိုယ့်ကိုယ်ကိုဆုချလိုက်ပါ။ သင့်အနေနဲ့ အရင်ကဆေးလိပ်အတွက် ကုန်ကျခဲ့တဲ့ ငွေတွေကိုတောင်နှမြောနေမိမှာပါ။