မြန်မာနိုင်ငံရှိ ခရီးသွားချစ်သူများ ပြည်ပခရီးသွားတဲ့အခါ အနီးနားဆုံး အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံများသို့ အသွားများကြပါတယ်။ ထိုအထဲကမှ ထိုင်းနိုင်ငံသည် လူသွားအများဆုံး နေရာတစ်ခုဖြစ်ပါတယ်။

ထိုင်နိုင်ငံသို့ ခရီးသွားတဲ့အခါမှာလည်း ရှော့ပင်းထွက်ချင်သူများကတော့ ဘန်ကောက်သို့ အဓိကထား သွားလည်ကြပြီး ကမ်းခြေမှာ အပန်းဖြေချင်သူများကတော့ ဖူးခက်သို့ ခြေဆန့်ကြပါတယ်။

သင့်အနေနဲ့ စိတ်ပြေလက်ပျောက် ဘန်ကောက်သို့ သွားလည်တဲ့အခါမှာတော့ ဗိုက်ဆာတဲ့အချိန်တော့ ရှိမှာပါပဲ။ ဝမ်းဗိုက် ဖြည့်ဖို့အတွက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် စားသောက်ဆိုင်များသို့ သွားရောက်ကာ မြည်းစမ်းကြည့်သင့်ပါတယ်။

Le Du Restaurant

Best Restaurants In Thailand

Fine-Dining စတိုင်လ်မျိုး စားသုံးချင်သူတွေအတွက် Le Du စားသောက်ဆိုင်က ကြိုဆိုနေပါလိမ့်မယ်။ စားသောက်ဆိုင်နာမည်က ပြင်သစ်နာမည်ဆိုပေမယ့် စားဖိုမှူးကတော့ ထိုင်းစားဖိုမှူးဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ စားဖိုမှူးဖြစ်တဲ့အားလျော်စွာ တီထွင်ဖန်တီးနိုင်မှုစွမ်းအားသည်လည်း အင်မတန်ကောင်းမွန်ပြီး သူ့ရဲ့ အစားအစာ တည်ခင်းဧည့်ခံပုံကလည်း နှစ်သက်စရာပါပဲ။

Bunker

Best Restaurants In Thailand

ဒီစားသောက်ဆိုင်လေးကတော့ အထပ် ၃ ထပ်ဖြင့် ဆောက်လုပ်ထားတာဖြစ်ပြီး ထိုင်းအစားအစာတွေအပြင်၊ ဥရောပရိုးရာအစားအစာများ၊ အနောက်တိုင်းအစားအစာများ စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာကို မြည်းစမ်းစားသုံးနိုင်ပါတယ်။

Issaya Siamese Club

Best Restaurants In Thailand

ဒီစားသောက်ဆိုင်လေးကိုတော့ နိုင်ငံခြားသားတော်တော်များများက နှစ်သက်ကြပါတယ်။ သူ့ရဲ့ရှေးကျတဲ့ ဆိုင်အပြင်အဆင်၊ စွဲမက်ဖွယ်ကောင်းတဲ့ အစားအစာအရသာများက ခရီးသွားများကို အမှတ်တရကောင်းတစ်ခု ရရှိနိုင်အောင် ကူညီပေးပါတယ်။

Suhring

Best Restaurants In Thailand

ဒီစားသောက်ဆိုင်လေးကတော့ အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Thomas Suhring နဲ့ Mathias Suhring တို့က ဦးစီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ရာသီပေါ် အစားအစာများအပြင် ဂျာမန်ရိုးရာအစားအစာများကိုလည်း ရွေးချယ်စားသုံးနိုင်ပါသေးတယ်။

Eat Me

Best Restaurants In Thailand

စားသောက်ဆိုင်နာမည်နဲ့တင် ဆွဲဆောင်မှုကောင်းနေတာအမှန်ပါပဲ။ ခေါ်ဝရတာလွယ်ကူပြီး မှတ်မိလွယ်တဲ့ နာမည်မျိုးဖြစ်တာကြောင့် နာမည်ပေးထားသူကိုတော့ ချီးကျူးရမှာပါပဲ။ သူ့ဆိုင်မှာလည်း သွားရေကျစရာ နိုင်ငံတကာအစားအစာများ၊ ဖျော်ရည်အမျိုးမျိုးအပြင် အချိုပွဲအမျိုးမျိုးကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။

Bo. Lan

Best Restaurants In Thailand

ဒီစားသောက်ဆိုင်လေးသည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နာမည်ရနေတဲ့ စားသောက်ဆိုင်ဖြစ်ပြီး ယနေ့ထိတိုင် နာမည်ကြီးနေတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်က ခမ်းနားလှပနေတာကို တွေ့မြင်ရမှာဖြစ်ပြီး သူ့အစားအသောက်အရသာကိုတော့ ကိုယ်တိုင်သွားမြည်းကြည့်လိုက်ပါလို့ အကြံပေးလိုက်ချင်ပါတယ်။

Elements At Okura Prestige Hotel

Best Restaurants In Thailand

ဟိုတယ်စာတွေကို နှစ်သက်သူများအတွက်ကတော့ ဒီစားသောက်ဆိုင်သည် ကမ္ဘာ့အဆင့်မှီစားသောက်ဆိုင်ဖြစ်တာကြောင့် ရွေးချယ်သင့်တဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။ စားသောက်ဆိုင်ကတော့ Okura Prestige Hotel ရဲ့  ၂၅ ထပ်မြောက်မှာ တည်ရှိနေပြီး သူ့ဆိုင်မှာ ထိုင်းစာအပြင် ဂျပန်စာသည်လည်း နာမည်ကြီးပါတယ်။

Sra Bua At Siam Kempinski Hotel

Best Restaurants In Thailand

ဒီစားသောက်ဆိုင်လေးမှာတော့ ရိုးရာအပြင်အဆင်နဲ့ မော်ဒန်အပြင်အဆင်နှစ်ခုကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပြင်ဆင်ထားတာကို တွေ့မြင်ရမှာပါ စားသောက်ဆိုင်ရဲ့နာမည်ကတော့ ကြာပန်းရေကန်လို့ အဓိပ္ပာယ်ရပြီး ကြာပန်းများနှင့် လှလှပပအလှဆင်ထားသည်မှာလည်း မျက်စိပသာဒဖြစ်စေပါတယ်။ အစားအစာပိုင်းကလည်း ပြောစရာမလိုအောင် ထူးကဲကောင်းမွန်လှတာကြောင့် ဘန်ကောက်ရောက်ဖြစ်တဲ့အခါ ချန်လှပ်မထားသင့်တဲ့စားသောက်ဆိုင်တွေထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

Source: Hotels.com

Featured Image Source: Hotels.com