အစားအစာမျိုးစုံကို စုံစုံလင်လင်ရရှိနိုင်တဲ့ နေရာကို ညွှန်းပါဆိုရင်တော့ ရန်ကုန်ကို ညွှန်းရမှာပါပဲ။ အနောက်တိုင်းအစားအစာပဲ စားချင်သလား။ ကိုရီးယားအစားအစာ၊ ဂျပန်အစားအစာ (သို့) ထိုင်းအစားအစာတွေပဲ စားချင်သလား၊ ရန်ကုန်မှာ အစုံရပါတယ်။ အစားအစာချစ်သူ ကွီးတို့အတွက်တော့ ရန်ကုန်သည် နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။

ကွီးတို့အနေနဲ့ ရန်ကုန်မှာ အရသာအရှိဆုံးနဲ့ အကောင်းဆုံး စားသောက်ဆိုင်တွေအကြောင်းကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

Rangoon Tea House

Best Restaurants in Yangon

မြန်မာအစားအစာများကို နှစ်သက်သူများအတွက်တော့ ဒီဆိုင်လေးက အကောင်းဆုံးပါပဲ။ သူ့ရဲ့ မုန့်ဟင်းခါးက တကယ့်ကို လျှာလည်သွားမယ့်အရသာစစ်စစ်ပါ။ ဒါ့အပြင် တို့ဟူးနွေး၊ အမဲအူကြမ်း၊ အမဲလုံးခေါက်ဆွဲ စတဲ့ အခြားသော အရသာရှိတဲ့ အစားအစာများကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။ ဒီဆိုင်ရဲ့ ဆိတ်သားဒံပေါက်ကလည်း ဂွတ်ရှယ်ပါပဲ။

Sharky’s

Best Restaurants in Yangon

Master Chef Myanmar ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ U Sharky ရဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ ရန်ကုန်မှာ နှစ်ဆိုင်၊ ပုဂံမှာ တစ်ဆိုင် စုစုပေါင်း သုံးဆိုင်ပဲရှိသေးတာပါ။ ကိုယ်ပိုင်စိုက်ခင်းတွေထဲက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားတဲ့အတွက်ကြောင့် အရသာက ပြောနေစရာတောင် မလိုတော့ပါဘူး။

999 Shan Noodle Shop

Best Restaurants in Yangon

ရှမ်းအစားအစာများကို ကြိုက်နှစ်သက်သူများအတွက်တော့ 999 Shan Noodle Shop ဆိုင်လေးရှိပါတယ်။ သူ့ဆိုင်မှာ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ဆန်စီး၊ တို့ဟူးနွေး၊ အင်းလေး ငါးထမင်းနယ်၊ ဂျုံဆီချက်၊ ရှယ်ဖတ်ထုပ်၊ ခေါပုတ်ကြော်၊ ဝက်သားချဉ် အစရှိတဲ့ ရှမ်းအစားအစာမျိုးစုံကို မြည်းစမ်းကြည့်နိုင်ပါတယ်။

Green Gallery

Best Restaurants in Yangon

ထိုင်းအစားအစာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ Green Gallery က စောင့်ကြိုနေပါတယ်။ အစားအစာများက အရသာရှိတဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်ချိုသာတဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

50th Street Restaurant and Bar

Best Restaurants in Yangon

သောကြာညလေးမှာ ဘော်ဒါတွေနဲ့အတူတူ TGIF လုပ်ချင်ကြတဲ့ ကွီးတို့အတွက်တော့ ဒီဆိုင်က အရွေးချယ်သင့်ဆုံး နံပါတ် ၁ ပါပဲ။ သူ့မှာ ဗော့ဒ်ကာ၊ တကီလာ၊ ဂျင်မ်၊ ရမ်၊ ဝီစကီ၊ ဝိုင်၊ ဘရန်ဒီ၊ ကော့တေး အစရှိတဲ့ ဖျော်ရည်မျိုးစုံအပြင် ပါစတာ၊ ဆင်းဒဝှစ်ချ်၊ ဘာဂါ၊ ပီစာအပြင် အခြားအခြားသော အစားအစာမျိုးစုံလည်း ရရှိနိုင်ပါသေးတယ်။ သောကြာနေ့ညမှ မဟုတ်ပါဘူး။ အခြားသောရက်တွေမှာလည်း သွားရောက်ကာ တန်ဖိုးရှိတဲ့အချိန်လေးကို အရသာရှိတဲ့အစားအစာများ စားသုံးရင်း ကုန်ဆုံးနိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ စားသောက်ဆိုင်များကို ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Theculturetrip.com
Featured Photo : AdventureFaktory