အားလုံးပဲ မင်္ဂလာပါ။ ရက်ပ်နှင့် ဟစ်ဟော့သီချင်းများကို ကြိုက်နှစ်သက်ကြတဲ့ သီချင်းချစ်သူပရိသတ်များအတွက် ဒီတစ်ခါမှာတော့ နာမည်အကြီးဆုံး ရက်ပါ (၆) ယောက်နှင့် သူတို့ရဲ့လူကြိုက်အများဆုံးသီချင်းကောင်းတွေကို တင်ဆက်ပေးချင်ပါတယ်။
Eminem
Eminem ကတော့ ၁၉၈၈ ခုနှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Marshall Mathers ဖြစ်ပါတယ်။ သူကတော့ ရက်ပ်ပါတွေထဲမှာ နာမည်အကြီးဆုံးနဲ့ ရောင်းရအများဆုံး သီချင်းခွေပိုင်ရှင်ပဲဖြစ်ပါတယ်။ သူ့ရဲ့အရောင်းရဆုံး အယ်လ်ဘမ်ကတော့ ၂၀၀၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Marshall Mathers LP နဲ့ အရောင်းရဆုံး Single ကတော့ Love The Way You Lie ဖြစ်ပါတယ်။
Source: EminemMusic
Drake
Drake ရဲ့ နာမည်အရင်းကတော့ Aubrey Graham ဖြစ်ပါတယ်။ သူကတော့ ဒုတိယအကောင်းဆုံးရက်ပ်ပါအဖြစ် သတ်မှတ်ခံထားရတာပါ။ သူ့ရဲ့အကျော်ကြားဆုံးသီချင်းကတော့ ၂၀၁၈ က ထွက်ရှိခဲ့တဲ့ God’s Plan သီချင်းဖြစ်ပါတယ်။
Source: Drake
Jay-Z
Jay-Z ကလည်း သူ့ရဲ့နာမည်အရင်းမဟုတ်ပါဘူး။ နာမည်အရင်းက Shawn Carter ဖြစ်ပါတယ်။ သူ့ရဲ့အရောင်းရဆုံး အယ်လ်ဘမ်ကတော့ ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Vo.2 Har Knock Life ဖြစ်ပြီး အရောင်းရဆုံး Single ကတော့ Empire State Of Mind ဖြစ်ပါတယ်။
Source: Jay-Z
Lil Wayne
သူ့ရဲ့နာမည်အရင်းကတော့ Dwayne Carter ဖြစ်ပြီး သူသည် သူ့ရဲ့ပထမဦးဆုံး ရက်ပ်သီချင်းကို အသက် ၈ နှစ်မှာ ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လူကြိုက်အများဆုံးသီချင်းကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Lollipop သီချင်းဖြစ်ပါတယ်။
Source: Lil Wayne
Flo Rida
သူသည် အနုပညာအလုပ်ကို ၂၀၀၀ ခုနှစ်က စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်အထိ သီချင်းတွေ သီဆိုရေးဖွဲ့နေဆဲဖြစ်ပါတယ်။ သူ့ရဲ့ အရောင်းရဆုံး Single ကတော့ Right Round ဖြစ်ပါတယ်။
Source: Flo Rida
Snoop Dogg
သူကတော့ နာမည်အကြီးဆုံး ရက်ပါတွေထဲမှာ ခြောက်ယောက်မြောက်နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ သူ့ရဲ့အရောင်းရဆုံး အယ်လ်ဘမ်ကတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Doggystyle ဖြစ်ပြီး အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး Single ကတော့ Drop It Like It’s Hot ဖြစ်ပါတယ်။
Source: SnoopDoggTV
သင့်ရဲ့အကြိုက်ဆုံးရက်ပ်ပါကရော နံပါတ်ဘယ်လောက်မှာ ချိတ်ပါသလဲ။
Featured Image: Hiphopdx