မိမိဆံကေသာက ကြမ်းတမ်းခြောက်သွေ့ကာ ပျက်စီးနေလို့ပဲဖြစ်ဖြစ်၊ ဗောက်ထလို့ စိတ်ညစ်နေရတာပဲဖြစ်ဖြစ်၊ ဆံပင် ပါးလို့ (သို့) ဆံပင် အလွန်အမင်း ကျွတ်နေလို့ အစရှိတဲ့ ဆံကေသာ ပြဿနာအမျိုးမျိုးကြောင့် စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ကိုယ့်ဆံကေသာအတွက် အကောင်းဆုံးရွေးချယ်နိုင်မယ့် ခေါင်းလျှော်ရည်များကို ဖော်ပြပေးချင်ပါတယ်။

Odele

Best shampoo for men who cares about their hair

ဒီခေါင်းလျှော်ရည်ကတော့ တိရစ္ဆာန်ဆီက ရရှိတဲ့ ထုတ်ကုန်တွေအစား အပင်သီးသန့်က ရရှိတဲ့ ထုတ်ကုန်ပစ္စည်းများနဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် သားသတ်လွတ်သမားများအနေနဲ့ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ မည်သည့်ဆံကေသာအမျိုးအစားအတွက်မဆို အသုံးပြုနိုင်တဲ့ ခေါင်းလျှော်ရည်ပဲဖြစ်ပါတယ်။

Shea Moisture

Best shampoo for men who cares about their hair

သင့်ဆံကေသာက ပင်ကိုကောက်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်အသုံးပြုနိုပါတယ်။ ရေဓာတ်ဖြည့်ပေးပြီး ဆံကေသာကို ချေးညှော်များမကပ်အောင် ကူညီပေးပါတယ်။ ဈေးနှုန်းကတော့ ၇ ဒေါ်လာ ဖြစ်ပါတယ်။

Authentic Beauty Concept

Best shampoo for men who cares about their hair

ဆံကေသာ ခြောက်သွေ့သူများကတော့ ဒီခေါင်းလျော်ရည်ကို ရွေးချယ်နိုင်ပါတယ်။ ၂၈ ဒေါ်လာ နဲ့ ပေးဝယ်ရမှာဖြစ်ပြီး တစ်ကြိမ်လောက် လျှော်ပြီးသွားတာနဲ့တင် ဆံကေသာက ပြန်လည်နူးညံ့စိုပြေသွားတာကို မျက်ဝါးထင်ထင်မြင်တွေ့ရပါလိမ့်မယ်။

Kevin Murphy

Best shampoo for men who cares about their hair

ဒီခေါင်းလျှော်ရည်ကတော့ Amazon က ဝယ်မယ်ဆိုရင် ၅၅ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ သူကတော့ ဆံပင်ပါးတဲ့ ယောကျာ်းများ၊ ဆံပင်အလွန်အမင်းကျွတ်တဲ့ ယောကျာ်းများအတွက် သီးသန့်ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

Method Men

Best shampoo for men who cares about their hair

ခေါင်းလျှော်ပြီးတဲ့နောက် Conditioner မသုံးချင်ဘူးဆိုတဲ့ ယောကျာ်းများအတွက် ဒီ 2-In-1 ခေါင်းလျှော်ရည်လေးကို အသုံးပြုနိုင်ပါတယ်။ Conditioner ပါ ထည့်ပေးထားတဲ့အတွက်ကြောင့် တစ်ခါတည်း ခေါင်းလျှော်လိုက်ရုံနဲ့ အိုကေသွားပါပြီ။ ဈေးနှုန်းကတော့ ၁၀ ဒေါ်လာဖြစ်ပါတယ်။

Playa

Best shampoo for men who cares about their hair

ဒီခေါင်းလျှော်ရည်ကတော့ ၂၈ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ သူသည်လည်း Conditioner ထပ်သုံးစရာမလိုတဲ့ ခေါင်းလျှော်ရည်တစ်ခုဖြစ်ပါတယ်။ ဆံကေသာကို အရင်းကနေအဖျားအထိ အားဖြည့်ပေးပြီး အစိုဓာတ်လည်း ထိန်းပေးထားနိုင်ပါတယ်။

Head & Shoulders

Best shampoo for men who cares about their hair

ဗောက်ကြောင့် စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက်တော့ Head & Shoulders ရဲ့ Supreme Nourish အမျိုးအစားကို အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဦးရေပြား ခြောက်သွေ့ ယားယံခြင်းမှ တားဆီးပေးပြီး ဦးရေပြားရှိ pH ပမာဏကို ထိန်းညှိပေးပါတယ်။ မကြာခဏ ဆံပင်ဆေးဆိုးလေ့ရှိတဲ့ အမျိုးသားများလည်း ဒီခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁၁ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Garnier Fructis

Best shampoo for men who cares about their hair

ဆံကေသာကို ပိုးသားလေးလို နူးညံ့ချင်တဲ့ ယောကျာ်းများအတွက်တော့ Garnier ရဲ့ Fructis အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ သူ့ထဲမှာ အသီးကရရှိတဲ့ ပရိုတင်းနဲ့ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဆံကေသာကို ၃ ရက်အတွင်း ပိုးသားလေးလို နူးညံ့လာစေမှာဖြစ်ပါတယ်။

Maui Moisture

Best shampoo for men who cares about their hair

ဒီခေါင်းလျှော်ရည်ကတော့ Best Detox Shampoo ဆုကို ရရှိထားတာဖြစ်ပါတယ်။ ချော်ရည်ကထွက်ရှိတဲ့ ပြာမှုန့်ဖြင့် ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ဦးရေပြားပေါ်ရှိ အညစ်အကြေးအဆိပ်တောက်များကို ဖယ်ရှားပေးပြီး ဆံကေသာ ကျန်းမာသန်စွမ်းလာအောင် ဖန်တီးပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။

Hims

Best shampoo for men who cares about their hair

သင့်အနေနဲ့ ဆံပင်ပါးလို့ စိတ်ညစ်နေပါသလား။ Hims ခေါင်းလျှော်ရည်တံဆိပ် Thick Fix အမျိုးအစားကို ရွေးချယ်အသုံးပြုလိုက်ပါ။ ဒီခေါင်းလျှော်ရည်သည် ဆံပင်မွှေးညှင်းပေါက်လေးတွေကို သန်မာစေပြီး ဆံပင်ထူထဲလာအောင် ကူညီပေးပါလိမ့်မယ်။ ဆံပင်ကျွတ်သူများလည်း အသုံးပြုနိုင်တဲ့ အစွမ်းထက်ခေါင်းလျှော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

ကိုယ် ကြုံတွေ့နေရတဲ့ ဆံကေသာ ပြဿနာများပေါ်မူတည်ပြီး အသင့်တော်ဆုံး ခေါင်းလျှော်ရည်တစ်မျိုးကို ရွေးချယ်နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။

Source: Themanual.com

Featured Image Source: istockphoto.com