Shorts Style တွေဟာ အေးအေးလူလူဝတ်လို့ ကောင်းရုံတင်မဟုတ်ဘဲ လွတ်လပ်ပြီး တက်ကြွတဲ့ ဖက်ရှင်ပါ ပေးပါတယ်။ ဘောင်းဘီတိုဝတ်မယ်ဆိုရင် ဒီဖက်ရှင်နဲ့ လိုက်ဖက်တဲ့ ဖိနပ်လည်း ရွေးဖို့ လိုပါတယ်။

မှန်ကန်တဲ့ ဖိနပ်ဒီဇိုင်းနဲ့ ဘောင်းဘီတို တွဲဝတ်ခြင်းဟာ စတိုင်ကျတဲ့ အသွင်အပြင်တစ်ခု ဖန်တီးဖို့အတွက် မရှိမဖြစ်ပါပဲ။ ဘောင်းဘီတိုရွေးရ လွယ်ပြီး ဖိနပ်အတွက် ခေါင်းစားနေသူတွေအတွက် အကောင်းဆုံး Shoes အမျိုးအစားတစ်ချို့အကြောင်း အကြံပြုချင်ပါတယ်။

(၁) Sneaker

Photo: liveabout

Street Style လိုမျိုး လွတ်လပ်လွင့်မျောတဲ့ ဖက်ရှင်မှာ Sneaker တွေက အလွန်ပဲ အရေးပါလှပါတယ်။ Sneaker တွေဟာ လူငယ်အကြိုက် ပေါ့ပါးသပ်ရပ်ပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ Sneaker တွေဟာ အားကစားဆန်တဲ့ သွက်လက်တဲ့ အမြင်ပေးစွမ်းနိုင်ပြီး သက်တောင့်သက်သာ ရှိတာကြောင့် အခုခေတ်မှာ အကြိုက်များနေပါတယ်။ နည်းနည်း Casual ဆန်ဆန် ဝတ်ချင်တယ်ဆိုရင် Sneaker ကို ပိုလို ဒါမှမဟုတ် T-Shirt နဲ့ ဘောင်းဘီတို နဲ့ တွဲဝတ်နိုင်ပါတယ်။

(၂) Loafer

Photo: outfit trends

Loafer တွေကတော့ Shoes နဲ့ Sliper ပေါင်းထားတယ်လို့ ပြောရမှာပါ။ ဘောင်းဘီတိုနဲ့အပြင်သွား အပြင်လာပေါ့ပေါ့ပါးပါးအတွက်လည်း ဝတ်ဆင်နိုင်သလို Semi-Formal နေရာမျိုးအတွက်လည်း ဝတ်လို့ကောင်းတဲ့ ဖိနပ်တွေ ဖြစ်ပါတယ်။ ခြေအိတ်မပါဘဲ ဝတ်ဆင်ရတာ ဖြစ်ပြီး ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကာလာတော့ လိုပါတယ်။

(၃) Boat Shoes

Photo: sperry

ရှင်းရှင်းသန့်သန့်ဒီဇိုင်းမျိုးလည်း ကြိုက်တယ် ၊ သက်တောင့်သက်တာရှိပြီး Smart နဲ့ Casual နှစ်ခုအကြားက ဖိနပ်ဖက်ရှင်မျိုးလည်း ကြိုက်တယ်ဆိုရင် Boat Shoes တွေနဲ့ လိုက်ဖက်ပါတယ်။ Boat Shoes တွေဟာ ပွဲတက်အဖြစ်လည်း Chino Shorts တွေနဲ့ တွဲဝတ်နိုင်ပြီး အရောင်ကိုတော့ နေဗီပြာရင့် ၊ အညိုဖျော့ဖျော့တွေ ရွေးတာ အကောင်းဆုံးပါပဲ။

(၄) Espadrilles

Photo: gearmoose

ကြိုးမဲ့ ဖိနပ်ဖက်ရှင်တွေထဲမှာ Espadrilles တွေကလည်း ပေါ့ပါးပြီး စတိုင်ကျလို့ လူကြိုက်များနေပါတယ်။ Espadrilles ဖိနပ်အမျိုးအစားကလည်း ပွဲအမျိုးမျိုးတိုးလို့ ရတဲ့ ဖိနပ်တွေ ဖြစ်ပါတယ်။ Chino Shorts တွေနဲ ဝတ်နိုင်သလို ရှပ်နဲ့ Blazer ကုတ်အပါးနဲ့လည်း စတိုင်ထုတ်နိုင်ပါတယ်။ နည်းနည်းပိုပြီး Casual ဆန်ချင်ရင် Denim Jean ဘောင်းဘီတိုနဲ့ ပိုလိုတီရှပ်ဗြောင်တို့ တွဲဝတ်လို့ ရပါတယ်။

(၅) Sandals & Flip Flops

Photo; mensjournal

ဒီဖိနပ်တွေကို ကမ်းခြေစီး ဖိနပ်တွေလို့ အရပ်စကားထဲမှာ သုံးနှုန်းထားပါတယ်။ ကြိုးသိုင်းဖိနပ်အမျိုးအစား ဖြစ်ပြီး ခြေထောက်တွေ လေဝင်လေထွက်ကောင်းကောင်းနဲ့ သက်တောင့်သက်သာ ရှိစေလို့ နွေရာသီမှာ ဝတ်သင့်ဆုံး ဖိနပ်တွေလို့ ဆိုရမှာပါ။ ဈေးလည်း သက်သာတာပြီး ပူနွေးတဲ့ နွေရာသီမျိုး ကမ်းခြေသွားချိန်မှာ သယ်သွားရမယ့် ဖိနပ်တွေလည်း ဖြစ်ပါတယ်။