ပျော်ပွဲရွှင်ပွဲများ၊ ပါတီပွဲများ ကျင်းပတဲ့အခါ ဝိုင်၊ ဝီစကီ၊ မာတီနီ၊ တကီလာ၊ ကော့တေး အစရှိတဲ့ဖျော်ရည်များသည် မပါမဖြစ်ပါပဲ။ ဝီစကီအမျိုးမျိုး၊ ဝိုင်အမျိုးအစား အမျိုးမျိုး၊ တကီလာ အစရှိတဲ့ ဖျော်ရည်အမျိုးမျိုးရှိတဲ့အနက်မှ တကီလာ ကြိုက်နှစ်သက်တဲ့ ယောကျာ်းများအတွက် အကောင်းဆုံး တကီလာအမျိုးအစားများကို ဖော်ပြပေးချင်ပါတယ်။
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်လေးကို တကီလာလေးသောက်ရင်း စည်းစိမ်ခံချင်သူများအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။
၆၅ ဒေါ်လာ တန်ဖိုးရှိသော El Tesoro Single Barrel Reposado

အချိုးအစား မျှတစွာဖော်စပ်ထားတဲ့အတွက်ကြောင့် ဆုတံဆိပ်ပေါင်းများစွကို ရရှိပိုင်ဆိုင်ထားတဲ့ တကီလာတံဆိပ်တစ်ခုကို ပြောပါဆိုရင်တော့ ဒီတံဆိပ်ကို ညွှန်းပေးရပါလိမ့်မယ်။
Flecha Azul Tequila – ၅၆ ဒေါ်လာ

ဒီတံဆိပ်ကတော့ ၁၈၄၀ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ရောင်းချနေတဲ့ တကီလာတစ်မျိုးဖြစ်ပါတယ်။ သင့်အနေနဲ့ အကောင်းတကာ့ အကောင်းဆုံးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒါကို ရွေးချယ်နိုင်ပါတယ်။
ဒေါ်လာ ၄၀ တန်ဖိုးရှိသော Tanteo Blanco

ဒေါ်လာ ၅၆ ဒေါ်လာ ပေးဝယ်နိုင်သော Cas Noble Anejo

၂၅ ဒေါ်လာ တန်ဖိုးရှိသော El Tequileno Blanco

ဒီတံဆိပ်သည်လည်း ယနေ့အထိ ရောင်းအားကောင်းနေတဲ့ တကီလာတံဆိပ်တွေထဲက တစ်ခုပါပဲ။
ဒီအမျိုးအစားကတော့ ၁၉၅၉ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သကြား ၃၀ ရာခိုင်နှုန်း Agave အပင် ၇၀ ရာခိုင်နှုန်းတို့ဖြင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Mijenta Reposado – ဒေါ်လာ ၇၀

ဒီတံဆိပ်ကတော့ ၂၀၂၀ ခုနှစ်ကမှ စတင်မိတ်ဆက်ခဲ့တဲ့ တံဆိပ်တစ်ခုဖြစ်ပေမယ့် သူ့ရဲ့အရသာက ကောင်းလွန်းလို့ လူကြိုက်များနေရခြင်းဖြစ်ပါတယ်။
သင်ရော ဘယ်တကီလာအမျိုးအစားကို ကြိုက်နှစ်သက်ပါသလဲ။
Source: Mensjournal.com
Featured Image Source: Aromas-of-mexico.com
