အမျိုးသား‌ဝတ် Sling Bag အိတ်တွေဟာ အခုနောက်ပိုင်း ဖက်ရှင်ရေစီးကြောင်းပေါ်မှာ ရေပန်းစားနေရာယူလာတဲ့ အိတ်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Crossbody Bag / Fanny Packs လို့လည်း ခေါ်ကြပါတယ်။ အိတ်အရွယ်အစား သေးငယ်ပေမယ့် ဖုန်း ၊ ပိုက်ဆံအိတ် ၊ Power Bank တို့လို အရေးကြီးတဲ့ နေ့စဉ်သုံးပစ္စည်းတွေကိုတော့ ကျစ်ကျစ်လစ်လစ်နဲ့ ထည့်သွားလို့ရပါတယ်။ ဒီတစ်ခေါက်မှာ  ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် အထာကျတဲ့ ဖက်ရှင်မျိုး ကြိုက်တဲ့ ကွီးတို့အတွက် အကောင်းဆုံး Sling Bags ဒီဇိုင်းတွေနဲ့ ဈေးနှုန်းတွေကို မျှဝေပေးလိုက်ပါတယ်။

Dakine Crossbody Field Bag

The Skater: Dakine Crossbody Field Bag

Dakine Field Bag ကတော့ အရွယ်အစား ခပ်သေးသေးကိုမှ လေးထောင့်ကျတဲ့ ဒီဇိုင်းနဲ့ သပ်သပ်ရပ်ရပ် ၊ ကျစ်ကျစ်လစ်လစ်ရှိတယ်။ အိတ်အတွင်းဘက်မှာ ဖုန်းနဲ့ အားသွင်းကြိုးလို ပစ္စည်းတွေကို စနစ်တကျထည့်လို့ရမယ့် အကန့်လေးတွေပါပါတယ်။ Crossbody အိတ်အနေနဲ့ လွယ်လို့ရသလို သိုင်းကြိုးကိုခါးမှာပြောင်းပြီးလည်း ခါးပတ်အိတ်ပုံစံမျိုးလည်း ဝတ်လို့ရပါတယ်။ ဈေးနှုန်းကတော့ ၃၂ ဒေါ်လာပဲ ဆိုတော့ တော်တော်လေးကို တန်ပါတယ်။

Patagonia Atom Sling 8L

Hiking သွားရင်ပဲ ဖြစ်ဖြစ် နေ့စဉ်ပေါ့ပေါ့ပါးပါး ထသွားထလာအတွက်ပဲ ဖြစ်ဖြစ် သင့်တော်တဲ့ အိတ်ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ အိတ်ရဲ့အတွင်းဘက်မှာ အကန့် နှစ်ခုပါရှိပြီး သိုင်းကြိုးအပြားခပ်ကြီးကြီး ဒီဇိုင်းဖြစ်လို့ ပစ္စည်းများများထည့်မယ်ဆိုလည်း အလေးချိန်ကို ကောင်းစွာထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ဒီအိတ်ကို Patagonia မှ ၅၀ % Recycl ပစ္စည်းတွေနဲ့ ချုပ်ထားတာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ဝန်းကျင်ဖြစ်ပါတယ်။

Studmuffin NYC Delgado Bag

ဒီဇိုင်းဆန်းဆန်းနဲ့ သားရေအိတ်မျိုးကြိုက်သူတွေအတွက်တော့ ကွက်တိပါပဲ။ အမဲရောင်လည်သာပေါ်က ရွှေရောင်စူးချွန်လေးတွေက အိတ်ရဲ့ ဒီဇိုင်းတွေကို ပိုမိုပေါ်လွင်စေပြီး လူငယ်ဆန်တဲ့ အသွင်ကိုအပြည့်အဝခံစားရစေတဲ့ အိတ်ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ အိတ်ပေါ်က စူးချွန်လေးတွေကို ရွှေရောင်အပြင် ငွေရောင်နဲ့ အမဲရောင်တို့နဲ့လည်းရနိုင်ပါတယ်။ ပင်မအိတ်အကန့်တစ်ခုနဲ့အတူ ပစ္စည်းတွေကို စနစ်တကျသိမ်းဆည်းနိုင်မယ့်အိတ်ကပ်အသေးလေးတွေလည်း ပါပါတယ်။ ပြောရရင် အထာကျတဲ့ Biker တွေနဲ့ လိုက်တဲ့ အိတ်လို့ပြောရမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင်ရှိပါတယ်။

Stac Pac All Weather 5-in-1 Adventure Pack

ဒီအိတ်ဒီဇိုင်းကတော့ အနည်းငယ်ထူးခြားပါတယ်။ ပုံစံအမျိုးမျိုးပြောင်းပြီး ဝတ်ဆင်နိုင်တာက သူရဲ့အားသာချက်ပဲ ဖြစ်ပါတယ်။ ပုံမှန်ဝတ်နေကျ cross-body အိတ်အဖြစ်ဝတ်နိုင်သလို အောက်ကိုခေါက်ပြီး fanny-pack အဖြစ်လည်း ပြောင်းလဲဝတ်နိုင်ပါတယ်။ အိတ်ရဲ့အရှေ့ဘက်က ခေါက်ထားတဲ့ အိတ်အကန့်တစ်ခုကို ဖြန့်ချလိုက်မယ်ဆိုရင် ၁၃ လက်မ လက်ပ်တော့တစ်လုံး ကောင်းကောင်းထည့်လို့ရပါတယ်။ လူငယ်ဆန်တယ် ပေါ့ပါးတယ် နေရာအစုံဝတ်လို့အဆင်ပြေတဲ့ အိတ်လေးဖြစ်ပါတယ်။ဈေးနှုန်းကတော့ ၇၅ ဒေါ်လာ ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။

Osprey Arcane Waist Bag

ရိုးရိုးရှင်းရှင်းနဲ့ စမတ်ကျတဲ့ အိတ်မျိုးရှာနေတယ်ဆိုရင် Osprey Arcane Waist Bag က ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ဒီဇိုင်းပိုင်းရိုးရှင်းပေမယ့် ဆွဲဆောင်မှုရှိတယ်လို့ ဆိုရမှာပါ။ လူငယ်ပိုင်းတွေသာ လူလတ်ပိုင်းအမျိုးသားတွေလည်း သင့်တော်ပါတယ်။ ပင်မအိတ်အကန့်တစ်ခုပါပြီး အတွင်းဘက်မှာ ကားသော့ချိတ်လို့ရမယ့် သော့ချိတ်ကလစ်တစ်ခုလည်း ပါပါတယ်။ အိတ်ရဲ့ရှေ့ဘက်မှာ ပေါ့ပေါ့ပါးပါးထည့်လို့ရမယ့် ဇစ်ဆွဲအကန့်ငယ်လေးတစ်ခုလည်း ထပ်ပါပါသေးတယ်။ ဈေးနှုန်းကတော့ ၃၅ ဒေါ်လာ ဝန်းကျင်သာရှိပါတယ်။

Source : The Manual

Featured Photo : Pinterest