ကိုယ်ခန္ဓာ အနံ့အသက် ပြင်းခြင်းက မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းစေပြီး လူအများကြား သွားလာရတာ မဝံ့မရဲဖြစ်စေပါတယ်။ မိမိရဲ့ကိုယ်နံ့ကြောင့် ယုံကြည်မှု ကျဆင်းနေတဲ့ ယောကျာ်းများအတွက် လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး အကောင်းစားရေမွှေးတံဆိပ်အချို့ကို ဝေမျှပေးချင်ပါတယ်။
Acqua Di Gio

၁၉၉၆ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဒီရေမွှေးတံဆိပ်ကတော့ ဒေါ်လာ ၁၁၇ ဒေါ်လာ ရှိပါတယ်။
Tom Ford Noir Extreme

ဒီရေမွှေးကတော့ ၂၀၁၅ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာပါ။ ဈေးနှုန်းကတော့ ၁၃၃ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။
Jean Paul Gaultier

ဒီဇိုင်းအမိုက်စားနဲ့ ထုတ်လုပ်ထားတဲ့ ဒီရေမွှေးပုလင်းကတော့ ၆၉.၄၇ ဒေါ်လာ တန်ဖိုးရှိပါတယ်။
Mr. Burberry

အနံ့ သုံးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ ဒီရေမွှေးတံဆိပ်ကတော့ ဒေါ်လာ ၁၄၈ ကျပ် တန်ဖိုးရှိပါတယ်။
Bottega Veneta

အမျိုးသားသုံးရေမွှေးတံဆိပ်လို့ ပြောတဲ့အခါ ဒီတံဆိပ်ကိုလည်း မေ့မထားသင့်ပါဘူး။ သူ့ရဲ့ဈေးနှုန်းကတော့ ၈၃.၁၂ ဒေါ်လာ ရှိပါတယ်။
Ambre Nuit

ဖက်ရှင်ချစ်သူတွေအနေနဲ့ Christian Dior ကို ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ၂၀၀၉ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တဲ့ ဒီရေမွှေးကတော့ ဒေါ်လာ ၂၅၀ ကုန်ကျပါလိမ့်မယ်။
Valentino

ဒီရေမွှေးကတော့ ၁၀၃ ဒေါ်လာ ဝန်းကျင်ခန့်ရှိပါတယ်။
L’eau D’issey

စူးစူးရှရှရနံ့ကို ကြိုက်နှစ်သက်သူတွေအတွက်ကတော့ ဒီရေမွှေးက အသင့်တော်ဆုံးပါပဲ။ တန်ဖိုးကတော့ ၄၃.၉၂ ဒေါ်လာ ရှိပါတယ်။
Calvin Klein

လူသိများကျော်ကြားတဲ့ တံဆိပ်တွေထဲမှာ CK ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ သူ့ဈေးနှုန်းကတော့ ၆၅ ဒေါ်လာရှိပြီး ရွေးချယ်စရာရနံ့ (၉) မျိုးတောင်ရှိပါတယ်။
Aramis

ဒီရေမွှေးကတော့ ၁၉၆၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဆိုတော့ အခုဆို ၅၆ နှစ်ခန့် သက်တမ်းရှိပါပြီ။ သူ့ကို ဒေါ်လာ ၃၄.၆၄ ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။
Source: Manofmany.com
