ဈေးကွက်ထဲမှာ Sneakers တံဆိပ်တွေက အများအပြားရှိတဲ့အတွက်ကြောင့် ရွေးချယ်စရာဒီဇိုင်းတွေကလည်း မနည်းမနောပါပဲ။ ကိုယ့်ရဲ့အကြိုက်ပေါ် မူတည်ပြီး မတူညီတဲ့စတိုင်လ်များကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
အကောင်းစား Sneakers ဖိနပ်များ ဝယ်ယူချင်တဲ့ ကွီးတို့အတွက် ၂၀၂၂ ခုနှစ်မှာရော ဘယ်လို Sneakers ဒီဇိုင်းတွေက ခေတ်စားသလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။
Loom

ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာတာ သိပ်မကြာသေးပေမယ့် နာမည်တော်တော်ရနေတဲ့ Sneakers ဖိနပ်လေးပဲဖြစ်ပါတယ်။ သူသည် အင်မတန်သက်သောင့်သက်သာရှိပြီး ပေါ့ပေ့ါပါးပါးနဲ့ စီးလို့ကောင်းတဲ့တံဆိပ်တစ်ခုပါ။ ရေစိုခံလို့လည်း ကြေညာထားပါသေးတယ်။
Nike

၁၉၆၄ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဖိနပ်တံဆိပ်သည် Sneakers လောကတွင် နာမည်အကြီးဆုံးလို့ ပြောလို့ရပါတယ်။ ကြာရှည်ခံခြင်း၊ ဖိနပ်ဒီဇိုင်းက မိမိုက်နေခြင်း၊ သက်သောင့်သက်သာရှိခြင်း အစရှိတဲ့ အကြောင်းပြချက်များကြောင့် နာမည်ကြီးပါတယ်။
Adidas

ဒီတံဆိပ်ကိုတော့ ၁၉၄၉ ခုနှစ်တွင် Adolf Dassler က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Adidas ရဲ့ ရည်ရွယ်ချက်ကတော့ အားကစားမှတဆင့် လူသားများကို တစ်စုတစ်စည်းတည်းဖြစ်သွားစေဖို့ရည်ရွယ်တာဖြစ်ပြီး အားကစားသမားများ အားကစားဆော့ကစားတဲ့အခါ စွမ်းဆောင်ရည်ကောင်းမွန်စေချင်တာဖြစ်ပါတယ်။
Reebok

Reebok ကတော့ ၁၉၈၅ ခုနှစ်မှာ Joe Foster နဲ့ Jeff တို့က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သို့သော် ၂၀၀၆ ခုနှစ်မှာတော့ Adidas က Reebok ကုမ္ပဏီကို ဝယ်ယူလိုက်ပါတယ်။ Reebok သည်လည်းပဲ အကြမ်းခံပြီး ကွာလတီကောင်းသောကြောင့် နာမည်ကြီးပါတယ်။
Puma

Puma ကိုတော့ ၁၉၄၈ ခုနှစ်တွင် Rudolf Dassler က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဖိနပ်ဒီဇိုင်းများသည် အများနဲ့မတူ တစ်မူထူးခြားနေတာကတော့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။
Converse

Converse ကတော့ အလယ်အလတ်လူတန်းစားတွေအတွက်ပါ ထုတ်လုပ်ပေးထားတဲ့ ဈေးအတန်အသင့် သက်သာသော ဖိနပ်တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။
New Balance

William J Riley ဆိုသူသည် ၁၉၀၆ ခုနှစ်က New Balance ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အားကစားသမားများအားလုံးကလည်း ဒီဖိနပ်ကို ကြိုက်နှစ်သက်ကြပါတယ်။
Skechers

ကယ်လိဇိုးနီးယားနိုင်ငံထုတ် Skechers တံဆိပ်သည်လည်း အခုဆိုရင် ၂၉ နှစ်သက်တမ်းရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းလေးက ပေါ့ပါးလန်းဆန်းတဲ့အသွင်ရှိတဲ့အတွက်ကြောင့် လူငယ်အများစု ကြိုက်နှစ်သက်ကြပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဖိနပ်အမျိုးအစားတွေထဲက ဘယ်တံဆိပ်ကို အနှစ်သက်ဆုံးလဲ။
Source: Loomfootwear.com
Featured Image: The Manual
