“ကမ္ဘာပေါ်မှာ လက်ရှိအကောင်းဆုံးဘောလုံးသမား ဘယ်သူလဲ” ဆိုတဲ့ မေးခွန်းအတွက် မတူညီတဲ့အဖြေအမျိုးမျိုးကို ကျွန်တော်တို့ မျှော်လင့်လို့ ရနိုင်မယ် ထင်ပါတယ်။ အားကစားလောကဆိုတာ နဂိုကတည်းကမှ အပြိုင်အဆိုင် အနိုင်ကြဲရတဲ့ ပတ်ဝန်းကျင်ကြီးဖြစ်ပြီး တစ်ဖက် ၁၁ ယောက် ကစားပွဲတွေမှာ တစ်ကိုယ်တော်ချွန်တဲ့ ကစားသမားဆိုတာ ပြောရခက်ပါတယ်။
ဒါပေမယ့်လည်း အားကစားလောကမှာ ပါရမီရှင်တွေပါလို့ အားလုံးက သတ်မှတ်လက်ခံထားကြတဲ့ ထိပ်တန်းကစားသမားတွေကလည်း ရှိပြီးသားပါပဲ။ ထင်ရှားကျော်ကြားလှတဲ့ အားကစားနယ်ပယ်ထဲက များပြားလှတဲ့ ကြယ်ပွင့်တွေထဲမှာ အလင်းလက်ဆုံးနဲ့ အတောက်ပဆုံးဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေအကြောင်းပြောရင် ဒီလူတွေကိုပဲ ပြောရမယ် ထင်ပါတယ်။
(၁) လိုင်ယွန်နယ် မက်ဆီ

Photo: transfermarkt
ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အကြိမ်ကြိမ်ရယူနိုင်ခဲ့တဲ့ ဒီအာဂျင်ကစားသမားကို ဘောလုံးလောကရဲ့ ပါရမီရှင်တစ်ဦးအဖြစ် အားလုံးက လက်ခံထားကြပါတယ်။ တကယ်တော့ ပါရမီတွေရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ မမြင်နိုင်အောင် များပြားလှတဲ့ လေ့ကျင့်ကြိုးစားမှုတွေ ပါမယ်ဆိုတာလည်း လက်ခံရမှာပါ။
Skill & Speed ပိုင်းမှာ တစ်ဖက်လူတွေ လိုက်မမှီသာအောင် ချွန်လှတဲ့ သူ့ဘောလုံးစကေးတွေက အခုထိ ထိပ်တန်းမှာပဲ ရှိသေးတာ ဖြစ်ပါတယ်။ အားကစားသမားဘဝတစ်လျှောက်မှာ ရခဲ့တဲ့ ဆုတွေ ၊ ဖြတ်သန်းခဲ့တဲ့ အောင်မြင်မှုတွေကလည်း မက်ဆီဖို့ ညွှန်းစာဖွဲ့ဖို့ မနိုင်အောင် များပြားလှပါတယ်။ ၁၉၈၇ ဇွန် ၂၄ ရက်ဖွား ဒီအာဂျင်တိုက်စစ်မှူးဟာ ဒီနှစ်ထဲမှာ အသက် ၃၅ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
(၂) ခရစ္စတီယာနို ရော်နယ်ဒို

Photo: JC Online- UCL
မက်ဆီနဲ့ အတူတူ နံပါတ်တစ်နဲ့ ထိုက်တန်တဲ့ ပလေယာတစ်ဦးက ပေါ်တူဂီသား ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။ မက်ဆီထက် သာလွန်တဲ့အချက်အဖြစ် လူတိုင်းသိနိုင်တာက သူ့ရဲ့ အရပ်အမောင်းနဲ့ ကြံ့ခိုင်သန်မာမှုပါပဲ။ ဝင်ကန်တဲ့ ပွဲနဲ့ သွင်းလိုက်တဲ့ ဂိုး အချိုးသိပ်မြင့်တဲ့ ထိပ်တန်း ကစားသမားလည်း ဖြစ်ပါတယ်။
ကျောနံပါတ် ၇ ဝတ်ကစားတဲ့ ဒီတိုက်စစ်မှူးကတော့ ၁၉၈၅ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်လို့ အခုဆို ၃၇ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူးတစ်ဦးရဲ့ အကောင်းဆုံးအရွယ်ကို ကျော်လွန်ခဲ့ပြီးဖြစ်တာတောင် ဂန္ဓဝင်ပလေယာတစ်ဦးရဲ့ ခြေစွမ်းခြေစလင်းလက်မှုက တောက်ပနေဆဲ ဖြစ်ပါတယ်။
(၃) နေမာ

Photo: Goal
အသက် ၁၇ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝရောက်လာတဲ့ ဘရာဇီးလူငယ်ဟာ ၂၀၁၈ မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ အဲ့ဒီအချိန်က သွင်းခဲ့တဲ့ ဂိုးတွေထက်ကို ပိုသွင်းပြနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းက ဆွာရက်ဇ်နဲ့အတူ သူဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး တိုက်စစ်အတွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မွေးနေ့ မွေးရက်ချင်းတူတဲ့ နေမာကို ၁၉၉၂ မှာ ဖွားမြင်ခဲ့တာ ဖြစ်ပြီး အခုဆို အသက် ၃၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
(၄) ရောဘတ် လီဝင်ဒေါ့စကီး

Photo: CNN
ကမ္ဘာ့ပထမတန်းစားရှေ့တန်းတိုက်စစ်တွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ပိုလန်သားကြီး ရောဘတ်လီဝင်ဒေ့ါစကီးလည်း ထည့်သွင်းဖော်ပြလို့ မဖြစ်ပါဘူး။ ဘွန်ဒက်စ်လီဂါရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၃၁ ပွဲမှာ ၃၄ ဂိုးသွင်းပြီး ငါးကြိမ်တိုင် ဖော်ပြခံရတဲ့သူဟာ တိကျပြီး စနစ်ကောင်းတဲ့ တိုက်စစ်မှူးတို့ရဲ့ စကေးတွေ ပြသနိုင်ခဲ့သူပါ။ ဘိုင်ယန်မြူးနစ်ကို ဂုဏ်တက်စေခဲ့တဲ့ ဂန္ဓဝင်အကျော်အမော်ကစားသမား ပီသသူလည်း ဖြစ်ပါတယ်။ ၁၉၈၈ ဖွား ပိုလန်သားကြီးဟာ ဒီနှစ်ထဲမှာ အသက် ၃၄ ပြည့်မှာ ဖြစ်ပါတယ်။
(၅) ကိုင်လီ မက်ဘေး

Photo: brytfmonline
လူငယ်ခြေတက်တွေထဲမှာ ပြင်သစ်ပရော်ဖက်ရှင်နယ် ဘောလုံးတိုက်စစ်မှူး ကိုင်လီယန်မက်ဘေးကိုလည်း ဒီနေ့ လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် ဖော်ပြကြပါတယ်။ PSG အသင်းမှာ မက်ဆီနဲ့အတူ တွဲကစားနေတဲ့ သူဟာ အမြန်နှုန်း ကောင်းပြီး သပ်ရပ်တဲ့ ဂိုးသွင်းသေချာမှုတွေကြောင့် ကျော်ကြားပါတယ်။ ၁၉၉၈ ခုနှစ်ဖွား မက်ဘေးဟာ အခုမှ အသက် ၂၃ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။
Featured Photo: high press soccer
